ဒါပေမယ့် သူ့သူငယ်ချင်းဖြစ်တဲ့ Chanyeol တို့ Baekhyun တို့ နဲ့စကားပြောရင်တော့ အရင်ကပုံတွေနဲ့ခြားနားစွာ ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နဲ့လေ ။

အခုလဲ Chanyeol တစ်ယောက် အလုပ်က္စိစနဲ့လာရင်း စကားလက်စုံကျနေတယ်ထင်ပါရဲ့ ။စကားတွေပြောရင်းရယ်နေလိုက်ကြတာ ကျွန်တော်ငေးကြည့်နေတာကိုတောင်သတိမထားမိဘူးထင်ပါရဲ့။ ကျွန်တော်လဲကြည့်ကောင်းကောင်းနဲ့ သတိလက်လွတ်ကြည့်နေမိတာလေ။ တကယ်ပါ ။ကျွန်တော့် Hyung ရယ်ရင်အရမ်းချစ်ဖို့ကောင်းတာအဲ့ဒိနေ့ကသိလိုက်ရတယ်။ အမြဲရယ်နေရင်ကောင်းမှာပဲ ။အမြဲရယ်နေနိုင်အောင် လုပ်ပေးချင်မိတဲ့စိတ်တွေဝင်လာမိတာကိုတော့ငြင်းမရခဲ့ဘူး ။

♡♡♡♡♡♡♡♡♡♡♡♡♡♡♡

တဖြည်းဖြည်းနဲ့ကျွန်တော်အလုပ်မှာနေသားကျလာခဲ့တယ်။ ကျွန်တော်ရဲ့သွက်လက်မှု ။ရိုသေမှု ။ကြိုးစားမှု။ အားလုံးနဲ့လိုက်လျောညီထွေနေတတ်မှုတွေက အလုပ်ထဲမှာ သဘောကောင်းသောကောင်လေး စိတ်ထားကောင်းသောကောင်လေးဟုမှတ်ချက်ပေးကြရလောက်အောင် အလုပ်နဲ့ကျွန်တော်အံဝင်ခွင်ကျဖြစ်နေခဲ့တယ် ။လူချစ်လူခင်ပေါ်လာတယ်ပေါ့ဗျာ ။

Chanyeol Hyung , Baekhyun Hyung တို့နဲ့တောင်တော်တော်ခင်လာတယ်ပြောရမယ်။ Chanyeol Hyung နဲ့က အလုပ်ထဲမှာအမြဲတွေ့နေကြမို့ တစ်ခါတလေ နေ့လည်စာစားတဲ့အချိန်တွေမှာပါတိုးရင် အတူတူစားဖြစ်ကြတယ်။ Hyungလဲပါတာပေါ့လေ။ ဒါမယ့်ကျွန်တော်နဲ့ Chanyeol Hyung သာစကားတွေပြောတာပါ ။Hyung ကတိတ်ဆိတ်လို့ ။

Baekhyun Hyung ကတော့ ကျွန်တော်နဲ့ KyungSoo Hyung စတွေ့ခဲ့တဲ့ coffee ဆိုင်လေးက Baekhyun Hyung ရဲ့ဆိုင်ဖြစ်နေတော့ အလုပ်လာတဲ့မနက်ခင်းတိုင်း ထိုcoffee ဆိုင်ထဲက coffee နဲ့cake အမြဲဝင်စားတတ်တဲ့ကျွန်တော်နဲ့ ဆိုင်ပိုင်ရှင် Baekhyun Hyung တို့ အလိုလိုကိုခင်လာတော့တာလေ ။

ကျွန်တော်နဲ့ ထိုနှစ်ယောက်ခင်မင်မှုနက်ရှိုင်းလာပေမယ့် KyungSoo Hyung နဲ့ကျွန်တော်ကတော့ အထက်လူကြီးနဲ့ ဝန်ထမ်းလက်အောက်ငယ်သား ဆက်ဆံရေးမှလွဲပြီးရှေ့ဆက်ဖို့အတွက်ကအခုထိဝေးကွာလွန်းနေသေးတယ် ။

ကျွန်တော်တကယ်ပဲ KyungSoo Hyung ကို အရမ်းကိုခင်မင်ချင်မိခဲ့တာပါ။ Chanyeol Baekhyun Hyung တို့လိုမျိုးပွင့်လင်းတဲ့ဆက်ဆံရေးနဲ့ ရယ်ရယ်မောမောအတူတူရှိချင်ခဲ့မိတာပါ။ Baek Hyung တို့ပြောပြလို့ KyungSoo Hyung ရဲ့ စိတ်သဘောထားဘယ်လောက်ကောင်းကြောင်း အမူအကျင့်တွေ သိလိုက်ရတဲ့အချိန် ပိုတိုးပြီးတောင်ခင်မိချင်ခဲ့တာပါ ။

ချစ်တယ် Hyung ရယ်Where stories live. Discover now