"မင်းက Baekhyun လား Chanyeol လား ။ Baek နဲ့တူသလိုလို Yeol နဲ့တူသလိုလို ငါမူးနေပြီထင်တယ် "

ဟုတ်တယ်မူးနေတာ။ ကိုယ့်မျက်စိရှေ့ကလူကိုယ်တောင် ဘယ်သူမှန်းမခွဲခြားတတ်တာ ။

Hyung သူ့ခေါင်းသူကိုင်ပြီး ခေါင်းကိုက်တယ်ကိုက်တယ်။ အော်နေတော့ကျွန်တော်လန့်သွားတယ် ။အမူးပြေဆေးဝယ်တိုက်မှရမှာပါ။ ကြည့်ရတာ အရက်တော်တော်မသောက်နိုင်တဲ့အထဲမှာပါတာပဲ ။ကျွန်တော်လဲ Hyung ကိုထူလိုက်တယ် ။ယိုင်နဲ့နဲ့ ထရပ်တယ် ။ခြေထောက်တွေကမခိုင်ချင် လဲကျမလိုဖြစ်တော့ ကျွန်တော့်လည်ပင်းကိုလှမ်းဖက်တယ်။ ကျွန်တော်လဲခါးကိုပြန်ဖက်ပြီး ထိန်းထားလိုက်ရတယ်။ နောက်ဆိုကျွန်တော်ပါလဲတော့မှာ ။ခန္ဓာကိုယ်ကပေါ့လို့တော်သေးတယ် ။ကျွန်တော် လဲ Hyung ကိုတွဲပြီး စတိုးဆိုင်ရှာရတယ် ။၂၄ နာရီ ဖွင့်တဲ့ စတိုးဆိုင်လေးတွေတော့အနီးတစ်ဝိုက်မှာရှိလောက်ပါရဲ့ ။

ဟော တွေ့ပြီ ။
ကျွန်တော်လဲ ဆိုင်ရှေ့ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ထိုင်ခုံလေးပေါ် Hyung ကို ခနတင်ထားခဲ့ပြီး ဆိုင်ထဲဝင်ပြီး အမူးပျောက်ဆေးဝယ်လိုက်တယ်။ ရေသန့် ပါဝယ်လိုက်တယ် ။ပြန်ထွက်လာတော့ Hyung ကထိုင်လျက်သား။ အံမယ် ထိုင်နေတာတော့ဟုတ်နေတာပဲ ။အနားရောက်မှသေချာသိတာက ဖုန်းကိုကလိနေတာ ။ဖုန်းကကျွန်တော့်ဖုန်း ။ကျွန်တော်က အိတ်ကိုဒီအတိုင်းထားခဲ့တော့ အိတ်ထဲကဖုန်းကို ထုတ်လိုက်တယ်ထင်ပါရဲ့ ။သူ့ ဖုန်းထင်နေလားမသိ ။သေချာကြည့်မှ ကျွန်တော့်ဖုန်းက sticker ကိုခွာနေတာ အကျအန ။

အားးး ။
သွားပါပြီ။ကျွန်တော့်ဖုန်းမှာ ကျွန်တော်အကြိုက်ဆုံးကျွန်တော့် Hero Michale Jackson ပုံကို ကပ်ထားတာ။ ရွှေရောင် ရောင်ပြန် sticker လေး။ ကျွန်တော်အရမ်းကြိုက်လွန်းလို့ တယုတယ ထားရတဲ့ sticker လေးကိုခွာပစ်လိုက်တယ်ကျန်းးးး။ ကျွန်တော် အဖွဲ့မှုးလို့ အကျယ်ကြီးအော်လိုက်ပြီး ဖုန်းကိုလုယူလိုက်မိတယ် ။ကွာတော့ကွာသွားပါပြီ ။ကွာပြီးသား sticker ပုံလေးက ကျွန်တော့်ကိုလှောင်နေသလိုလို ။

"ဘာလုပ်တာလဲဗျ သူများဖုန်းကို  "

ပေါက်ကွဲစွာနဲ့မေးမိတော့ Hyung က ကျွန်တော့်လက်ထဲက ပြန်ဆွဲယူတယ်။ ခွာပြီးပြန်ကပ်ပေးမှာတဲ့ ။ဘယ်လိုလုပ်ပြန်ကပ်လို့ရတော့မှာလဲ။ စိတ်တွေလဲပျက်ပါတယ် ။ကျွန်တော်လဲ လွှတ်ထားလိုက်တော့တယ်။ လုပ်ချင်တာသာလုပ်တော့ မတက်နိုင်ဘူးလေ ။မူးနေတာပဲ ။ကျွန်တော့ဖုန်းက sticker ကိုကပ်လိုက်ခွာလိုက်နဲ့ သာယာနေတာ ။ကျွန်တော်လဲ အမူးပျောက်ဆေးကို Hyung ထံပေးရင်း သောက်ဖို့ တိုက်တွန်းရတယ်။ ကျွန်တော်ပေးတဲ့ပုလင်းကို အရေးတောင်မလုပ် ။ကျွန်တော်လဲအတင်းပေးရတယ်။ သောက်မှဖြစ်မှာလေ။ Hyung ကလဲ မယူ အတင်းပေးရင်း ဆွဲရင်းရုန်းရင်း ကျွန်တော့် ဖုန်းလွတ်ကျသွားတယ် ။ကျွန်တော်ပုလင်းကမ်းပေးတာကို Hyung က ပုတ်ထုတ်လိုက်တာဆိုတော့ ဖုန်းကိုသွားထိပြီး ဖုန်းက တော်တော်ဝေးဝေးကိုလွင့်သွားတာ။ ကျွန်တော်သည်းခံနိုင်စွမ်းကုန်ဆုံးသွားရတယ်။ ဖုန်းကိုလဲ အပြေးအလွှား သွားကောက်လိုက်မိတယ် ။တော်သေး ။မှန်တွေမကွဲလို့ ပွန်းတော့ပွန်းသွားတယ်။ အခြစ်ရာလေးတွေထင်သွားပြီ ။ကျွန်တော်တကယ်စိတ်ဆိုးသွားမိတာ။

"Do Kyung Soo shi "

Hyung ရှိရာပြန်သွားပြီးကျွန်တော်အော်ပစ်လိုက်တယ် ။တော်တော်ကျယ်သွားတာပါ။ Hyung ကျွန်တော့်ကို မော့ကြည့်တယ် Hyung ကထိုင်နေတာကျွန်တော်က မတ်တပ်ရပ်နေတာလေ။ မော့ကြည့်တဲ့မျက်လုံးတွေ က ဝမ်းနည်းနေသလို မြင်ရတော့ ကျွန်တော်ကြောင်သွားမိတယ် ။Hyung မျက်ဝန်းမှာမျက်ရည်တွေပါ ရစ်ဝိုင်းလာတယ် ။မျက်နှာတစ်ခုလုံးလဲနီလာတယ်။ မျက်ရည်တွေဝိုင်းရုံတင်မဟုတ် အတားအဆီးမရှိကျလာတာ။
ငိုပါလေရော။ ကျွန်တော်လန့်သွားတယ် ။
ဟားးးးး ။
ဒါလေးအော်မိတာငိုပါငိုရောလား။ စိတ်ညစ်လိုက်တာ။ မသိရင်ကျွန်တော်က နှိပ်စက်နေသလိုလို ။ငိုတာမှရိုက်ကြီးတငင် ။ယောက်ျားတစ်ယောက် ဒီလောက်ငိုတာ ခုမှပဲတွေ့ဖူးတော့တယ် ။ငိုရင်းပြောရင်း ပြောတဲ့စကားတွေကလဲ ကျွန်တော့်ကိုသူ့ သူငယ်ချင်းထင်နေတယ် ။

" Baek ရယ် .. ငါ့ကိုမအော်ပါနဲ့ ငါ့မှာမင်းတို့ပဲရှိတာပါ ငါဘယ်လောက်အားငယ်နေလဲ ဘယ်လောက်အထီးကျန်နေလဲ ဘယ်လောက်ဝမ်းနည်းနေရလဲ သိရဲ့သားနဲ့ကွာ မအော်ပါနဲ့နော် စိတ်မဆိုးပါနဲ့ကွာ နော် "

ပြောပြောပြီးငိုနေတော့တာ။ ရှိုက်သံတွေနဲ့စကားတွေကလဲ ရောထွေးနေတယ်။ ကျွန်တော်ကြည့်ပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ။Hyung ကိုကြည့်ပြီး အော်မိတဲ့ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွားမိတယ် ။ကျွန်တော်လဲ Hyung ဘေးနားထိုင်ပြီး ပခုံးလေးကိုဖွဖွလေးဖက်ပြီး ပုတ်ပေးနေလိုက်တယ်။ တောင်းပန်ပါတယ် ။လို့ပြောလိုက်တော့ Hyung က ကျွန်တော့်ရင်ခွင်ထဲတိုးဝင်လာတယ် ။Hyung နဲ့တွေ့မှ ခနခန ကြောင်သွားရတာများနေပြီ ။ကျွန်တော့်ရင်ခွင်မှာကလေးတစ်ယောက်လို ငိုနေတဲ့ Hyung ကိုကျွန်တော် တွန်းမလွှတ်ရက်ပါ ။ကျွန်တော်လဲပြန်ဖက်လိုက်ပြီး Hyung ကျောပြင်လေးကိုပွတ်ပေးနေလိုက်တယ် ။

ခနနေတော့ အငိုနဲနဲလျော့သွားတယ်ထင်ပါ့ တုန်နေတဲ့ခန္ဓာကိုယ် ငြိမ်သွားတယ်။ ပြီးတော့ စကားလေးတစ်ခွန်း Hyung နှုတ်ဖျားကနေထွက်ကျလာတယ် ။Hyung ပြောခဲ့တဲ့စကားက တိုးတိုးလေးပါ။ ငိုထားလို့အသံတွေကလဲအနည်းငယ်တုန်နေသေးတယ် ။ဒါပေမယ့် ကျွန်တော်ပီပီသသ ကြားလိုက်ရတယ် ။ကြားကြားချင်း ကျွန်တော် ဘယ်လိုဖြစ်သွားမှန်းမသိလိုက်ဘူး ။

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

အများကြီးကြိုးစားထားပါတယ် ။ဖတ်ရတာအဆင်ပြေရဲ့လားမသိဘူး။ ရှုပ်နေလားဟင် ။အဆင်မပြေတာရှိရင် ပွင့်ပွင့်လင်းလင်းဝေဖန်ပေးလို့ရပါတယ်နော် အားမနာပါနဲ့နော် ကျေးဇူးအရမ်းတင်နေမှာပါ ။

@Jargiido

ချစ်တယ် Hyung ရယ်Where stories live. Discover now