Lucky

3.2K 364 3
                                    

နှစ်​ပါတ်​ဆိုတဲ့ အချိန်​က..ကျမကို ဒီမြို့မှာအသားကျဖို့
မလုံ​လောက်​ခဲ့ပါဘူး..
အိပ်​ရာ အစားအ​သောက်​ ဘာသာစကား သူငယ်​ချင်း
ကျောင်း အရာအားလုံး မှာ​ပေါ့...
MAMA ကို လွမ်းတယ်​..
hana နဲ့ bora..
ကျမရဲ့အိပ်​ရာ..အခန်း..အိမ်
စာအုပ်​..ခြံထဲကပန်း​လေး​တွေကစပြီး
နောက်​ဆုံး...Toki အထိ အားလုံးကိုရူး​လောက်​​အောင်​လွမ်းတယ်​..

အခက်​အခဲ အမျိုးမျိုး​တွေ့တိုင်း..
လေသံအမျိုးမျိုးနဲ့တရုတ်​စကား​တွေကြားတိုင်း.
မ​ဖော်​​ရွေတဲ့ အတန်း​ဖော်​တချို့ဆီက..​မောက်​မာစွာ
ဆက်​ဆံခံရတိုင်း..
ကျမ
"TOKI ​ရေလို့"တိုးတိုး​လေး​ရေရွတ်​ပြီး မျက်​ရည်​​တွေဝိုင်းလာတယ်​..

ည​ရောက်​လို့ အရမ်းကို ပင်​ပန်းလွန်းလို့..
မျက်​ရည်​​တွေကျမိတဲ့အခါမှာ​တော့
ဖုန်း screen ​ပေါ်က ​ဘေးတိုက်​မျက်​နှာ​လေးဖြစ်​တဲ့
Lu ရဲ့ပုံကိုဖွဖွ​လေးပွတ်​ပြီး ကျမ ပြုံးမိတယ်​..
အဆင်​​ပြေသွားမှာပါ..
အဆင်​​ပြေသွားမှာပါ​နော်​ Luhan
ငါမှားလားဟင်​ လို့ ကျမအရူးတ​ယောက်​လို​ရေရွတ်​တတ်​တယ်​..
ဘယ်​​လောက်​ပဲ ခက်​ခဲပါ​စေ
ဘယ်​လောက်​ပဲ​အေးစက်​စက်​​နေ့ရက်​​တွေဖြတ်​သန်းရပါ​စေ
..lu နဲ့ တမြို့တည်းဆိုတဲ့အသိက
ကျမကို​နွေး​ထွေး​စေတယ်​..

.....

သုံးလဆိုတဲ့အချိန်​က​တော့
လူတ​ယောက်​ ​နေရာသစ်​တခုမှာအသားကျဖို့​ရော
သူ့အမူအကျင့်​​တွေ​ပြောင်း​လဲဖို့​ကော လုံ​လောက်​ခဲ့ပါတယ်
ကျမ အခုဆို ​ကျောင်းမှာလည်းအဆင်​​ပြေ​နေပြီ
MeiMei ဆို​တဲ့သူငယ်​ချင်းမ​လေးအပြင်​ အတန်းထဲက​တော်​​တော်​များများနဲ့ခင်​​နေပြီ..

ကျောင်းဆင်းရင်​. ​snoopy ဆိုတဲ့ဆိုင်​​လေးမှာ အချိန်​ပိုင်းလုပ်​တယ်​.. အိမ်​​ရောက်​တဲ့ အခါ
Weibo သုံးပြီးသူ့ရဲ့ schedule ​လေး​တွေရှာတယ်​..
အရူးတ​ယောက်​လိုသူ့ပုံ​လေး​တွေ save တယ်​..
သူ.. ညဆယ့်​နှစ်​နာရီအထိ schedule မပြီး​သေးတဲ့အခါ
သူအရမ်းပင်​ပန်း​နေတဲ့ ပုံ​လေး​တွေမြင်​ရတဲ့အခါ
ကျမရဲ့ ရင်​ထဲက နာကျင်​လာတယ်​..
အစီအစဉ်​တချို့မှာ သူတ​ယောက်​​ယောက်​​ပြောတာကို
က​လေးတ​ယောက်​လိုရယ်​လိုက်​တဲ့အခါ..
ကျမအရူးတ​ယောက်​လိုလိုက်​ပြုံးမိတယ်​..
သူ railway station က​နေခရီးစဉ်​ရှိတယ်​လို့သိရတဲ့​နေ့​တွေမှာ
မျက်​စိလည်​​လောက်​​အောင်​ကျယ်​တဲ့ BEIJING railway station ထဲမှာ ကျမ ​​ပြေးပြီး
လူ​တွေအုံ​နေတဲ့သူ့ဆီ သွားတိုးတတ်​တယ်​..
ကံ​ကောင်းတဲ့​နေ့​တွေမှာ သူ့ရဲ့ ဦးထုတ်​..အကျီ​နောက်​​ကျောနဲ့ နားရွက်​ဖျား​လေး​တွေကို ကျမ​တွေ့ရတတ်​တယ်​..
အဲ့လို​နေ့မျိုး​တွေဆို​ပျော်​လွန်းလို့..​ဘေးခန်းက Hua jie ကိုမုန့်​ဝယ်​​ကျွေးမိတဲ့အထိပဲ..

My own starUnde poveștirile trăiesc. Descoperă acum