ဓာတ်ပုံထဲမှာ…ကောင်လေး လေးယောက်…ပြုံးပျော်လို့
သွားတွေအများကြီးပေါ်အောင် ရယ်ပြုံးတတ်တဲ့ Chanyeolက မျက်လုံးမပေါ်အောင် ရယ်နေတဲ့ Baekhyunပုခုံးကိုဖက်လို့…

ကျွန်တော်ကလည်း
အားရပါးရ စိတ်လွတ်လက်လွတ်ရယ်မောလို့…
ကျွန်တော့်ကို နောက်က သိုင်းဖက်ထားတာက…သူ…
အရမ်းကာရော မပြုံးပေမယ့်…မျက်ဝန်းတွေမှာတော့…
ပျော်ရွှင်မှုတွေက…အရောင်လက်လို့…

အဲဒီတုန်းက…

Flash Back starts~

"Hun…ah…ဒါလေး ဝတ်ခဲ့ရင် ကောင်းမလား"

"Imm…အဲဒါလေးက မဆိုးပါဘူး"

သူက ကျွန်တော့်ကိုယ်နဲ့ကပ်ပြတဲ့…အင်္ကျီကို…
တစ်ချက်လှမ်းကြည့်ရင်း…သူ့အင်္ကျီသူဆက်ရွေးနေတယ်

"ဘာလဲ??အဲဒီ ရှပ်အင်္ကျီဝတ်မလို့လား…"

"အင်းလေ…"

"ရိုးရိုး T-shirtပဲ ဝတ်ပါ…
ဒီနေ့က ကစားကွင်းတို့ဘာတို့ပဲ သွားမှာပဲဟာ…ဘယ်လိုဖြစ်တာလဲ?အရင်ကတော့
T-Shirtတွေ ဝတ်ရတာ ကြိုက်ပြီး…ခုမှ…"

"အင်းနော်…ဘာလို့ ဒါကြီး ကောက်ကိုင်မိပါလိမ့်?
he he…"

ကျွန်တော် တစိခါတစ်ခါ အူကြောင်ကြောင်နိုင်လွန်းတဲ့ သူ့ကို မျက်စောင်းတစ်ချက်ခဲရင်း ခေါင်းယမ်းပြလိုက်တယ်…

"ဒါနဲ့…လူကြီးက အဲဒီ ဘောင်းဘီတို ဝတ်မို့လား"

"မတိုပါဘူး…ဒူးခေါင်းလောက်လေ…ဘာဖြစ်လို့လဲ?
လွတ်လွတ်လပ်လပ်ရှိတာပေါ့"

"မဝတ်နဲ့…ကလေးလေးနဲ့ တူတယ်"

ကျွန်တော် ဝတ်မလို့ တင်ထားတဲ့ ဘောင်းဘီကို ဆွဲယူပြီး ချေပစ်တယ်…

"Oh Sehun…ဘာဖြစ်နေတာလဲ??
ငါ…ဝတ်မလို့ပါဆို…ကြေမွကုန်ပြီကွာ"

"မဝတ်နဲ့…အရှည်ပဲဝတ်…အတူတူသွားရင်…ကျွန်တော်ကလေးကို ကစားကွင်းခေါ်လာတယ် ထင်နေကြမယ်"

"ဒါလေးတောင် လိုက်ပိတ်ပင်နေတာလား…
ငါ့စိတ်နဲ့ငါတောင် ဝတ်ခွင့်မရှိတော့ဘူးလား…
မသွားတော့ဘူးကွာ…အဲဒါဆိုရင်လည်း…မင်းဘာမင်းပဲ သွားတော့"

Mischievous GuyWhere stories live. Discover now