Boy in Luv (EPI-2)

Start from the beginning
                                    

စိတ်ဓာတ်ပါ ဟိုးအောက်ဆုံးထိ ကျခဲ့တာပါ

ပြန်ဖျက်မရတဲ့ အမည်းစက်ကြီး စွန်းထင်းသွားခဲ့ပြီလေ

အသက်ရှင်ချင်စိတ်တောင် မရှိတော့တဲ့ အခြေအနေထိ ရောက်ခဲ့တယ်

တနေ့မှာ Noonaရောက်လာတယ်

ကျွန်တော့်မှာကျန်တဲ့ နောက်ဆုံးလက်ကျန်အင်အားနဲ့ ထွက်တွေ့ခဲ့တယ်လေ

Noonaကို ပြန်တွေ့တော့ သူမ အရင်လို မဟုတ်တော့ဘူး

အရင်လို ဖြူစင်ရိုးသားတဲ့ Noonaမဟုတ်တော့ဘူး

လုံးဝ အဆင့်အတန်းရှိတဲ့ ladyတစ်ယောက်အသွင်နဲ့

အရင်လို မျက်ဝန်းထဲမှာ ဖြူစင်မှုတွေအစား လိုချင်တပ်မက်မှုတွေနဲ့

ဒါပေမယ့် ကျွန်တော့် နှလုံးသားက သူ့ကိုမြင်လိုက်တော့ အလိုလို ခွင့်လွှတ်ပေးချင်နေသည်။

သူ Noonaကို ချစ်နေပါသေးတယ်

Noonaသူ့ကို ချစ်ရဲ့လားလို့ မေးလိုက်တယ်

သူမ ပြောလိုက်တဲ့ စကားက သူ့မျှော်လင့်ချက်တွေအကုန် ရိုက်ချိုးလိုက်သည်။

Noonaသာ ပျော်မယ်ဆို အကုန်စွန့်လွှတ်ဖို့ အသင့်ဖြစ်နေသူပါ

အာ့ကြောင့်လဲ ဘာမှမဖြေရှင်းပဲ အကုန်ခေါင်းခံပြီး ဝန်ခံခဲ့တာ မဟုတ်လား။

တကယ့်အဖြစ်မှန်ကို ဘယ်သူမှမသိပါစေနဲ့တဲ့
သူအခု ဘဝသစ်မှာနေ နေပြီမို့လို့ လွှတ်ပေးပါတော့တဲ့
ဘယ်တုန်းကမှ မသိခဲ့တဲ့သူတွေလို နေရအောင်တဲ့

သူလက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။

Arnyi ကျွန်တော်က ဘာလို့အဲ့လို လုပ်ပေးရမှာလဲ

အဲ့လို ပြောလိုက်ချင်ပေမယ့် ကျွန်တော့ နှုတ်ဖျားက ထွက်မလာခဲ့ဘူးလေ

ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ သံတိုင်တွေကြားက ကျွန်တော့် အခန်းဆီ ပြန်သွားခဲ့တယ်

ရက်စက်လိုက်တာ Noonaရယ်

အဲ့နောက်ပိုင်းကစပြီး ကျွန်တော့် ခံစားချက်တွေ ပြင်းထန်လာခဲ့တယ်

You've reached the end of published parts.

⏰ Last updated: Oct 13, 2015 ⏰

Add this story to your Library to get notified about new parts!

တော်ဝင်ပန်းမို့ မနမ်းထိုက်ပါWhere stories live. Discover now