yuraကဘလိုင်းကြီးကောင်လေးတစ်ယောက်ကိုလမ်းမကြုံပါဘဲကြုံတယ်ပြောကာခေါ်တင်၏။ဟိုတစ်ယောက်နဲ့သူကတော့စကားတွေရွှန်းရွှန်းဝေလို့။သူမကတော့သူတို့ရဲ့driver လုံးလုံးဖြစ်နေရော။

ကားနောက်ကြည့်မှန်လေးထဲမှသူ့မျက်နှာလေးကိုမမြင်ချင်ပါဘဲမြင်နေရသည်။မကြာခဏဆိုသလိုmyunမျက်လုံးလေးတွေသူ့ကိုကြည့်မိသလိုသူကလဲမှန်ထဲမှmyunမျက်နှာကိုဘဲငေးငေးကြည့်နေ၏။ကားမောင်းရတာတကယ့်ကိုမလွယ်ကူချေ။ထူးဆန်းစွာ...သူမရင်တွေခုန်နေလေရဲ့။

"စကားတွေပြောကောင်းနေတာ နာမည် တောင်ကျွန်တော်မေးဖို့မေ့နေတယ်"

"ဟုတ်ပါရဲ့...မေ့နေတာ မှတ်ထားနော် တို့ ကso yura, သူကkim jun myun, နောက်ထပ်သူငယ်ချင်းနှစ်ယောက်ရှိသေးတယ် do kyun soo နဲ့byun baekkieတဲ့ သူတို့ကတော့သူတို့အိမ်ကကားလာကြိုလို့လိုက်သွားကြပြီ yuraတို့ကငယ်ငယ်လေးထဲ ကဒီလေးယောက်ပဲတွဲလာတော့ကျောင်းတက်တာအသိသိပ်မရှိဘူးလေ"

"ကျွန်တော်တို့ကတော့အဆင်ပြေတယ် ကျောင်းတုန်းကသူငယ်ချင်းတွေ အများကြီးဆိုတော့အခန်းတစ်ဝက်နီးပါးကအသိတွေချည်းပဲ ပေါင်းတဲ့လူတွေကဆယ် ယောက်လောက်သီးသန့်ပဲတွဲကြတယ်"

"ဟုတ်လား ဒါနဲ့ရှင့်နာမည်ကရောဘယ်လိုခေါ်သလဲ"

"ကျွန်တော့်နာမည်ကရီလဲရီရတယ် ရှင်းလဲ ရှင်းတယ်"

"ဘယ်လိုရီရပြီးရှင်းတာလဲ"

"ပြောပြီးပြီလေ"

"ဟင် ဘယ်မှာပြောသေးလို့လဲ"

"ဟာဗျာ စောစောကပဲကျွန်တော်ပြောတဲ့စ ကားထဲမှာပါသွားပြီလေ yi xingလို့ zhang yi xing"

"aww ဟုတ်သားပဲ ရှင်ကရယ်စရာပြော တတ်တယ်"

သူရဲ့ကလေးသဖွယ်ရယ်လိုက်တော့ပါးချိုင့်လေးတွေပေါ်သွားပုံကိုmyunနောက်ကြည့်မှန်ထဲမှမြင်ဖြစ်အောင်မြင်လိုက်ရသေးသည်။

"zhang yi xing ssi"

"ဟာဗျာအဲလိုနာမည်အပြည့်အစုံမခေါ်ပါနဲ့ သူများတွေခေါ်သလို yi xingပဲဖြစ်ဖြစ် xingပဲဖြစ်ဖြစ်ခေါ်ပေါ့ဗျာ ကျွန်တော်ရှေ့မှတ် တိုင်ကပဲကားပြောင်းစီးတော့မယ်။

The problem of heartHikayelerin yaşadığı yer. Şimdi keşfedin