Boy in Luv(EPI-1)

Start from the beginning
                                    

Hyorin: Jinja?

HoSeok: Nae I'm your hope

တောအုပ်လေးတခွင်မှာ ဖြူစင်တဲ့ ကလေးလေးနှစ်ယောက်ရဲ့ ရယ်သံလေးတွေ ပျံ့လွင့်သွားသည်။

HoSeok pov:

ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေး စခဲ့တာပါ။

ဂေဟာက လူတော်တော်များများက ကျွန်တော်တို့နှစ်ယောက် တပူးတွဲတွဲနေတာကို သဘောမကျကြဘူး။

ကျွန်တော့်ကိုတော့ ကောင်းပေမယ့် Noonaကို သိပ်မကြိုက်ကြဘူး။

ဒီလို သဘောထားနူးညံ့တဲ့ noonaကို ဘာလို့ ဒီလို ဆက်ဆံကြလဲဆိုတာ ကျွန်တော် မတွေးတတ်ပါဘူး။

ကျွန်တော် အပျော်ဆုံးအချိန်က Noonaရဲ့ piano တီးသံလေးကို နားထောင်ရတဲ့ အချိန်ပါပဲ။

Noonaရဲ့ အကြည့်တွေ အပြုံးတွေ ကြားမှာ ပျော်ဝင်ခဲ့တာလည်း ကြာပါပြီ။

ဂေဟာရဲ့ အရိပ်အောက်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေး ဖန်တီးခဲ့ကြတယ်။

ကျွန်တော် မိုးကောင်းကင်ကြီးကို သက်သေတည်ပြီး ပြောလိုက်ပါ့မယ်။

ကျွန်တော့်ရဲ့ နှလုံးသားကို ပထမဆုံးသိမ်းယူခဲ့တဲ့ မိန်းကလေးက Noonaပါပဲ။

Noonaက တစ်ကိုယ်ကောင်းဆန်ပေမယ့် တကယ်တော့ စိတ်ထားကောင်းပါတယ်

တခါတလေ တဇွတ်ထိုးဆန်ပြီး လုပ်ချင်တာ လုပ်တတ်တာက လွဲလို့ပေါ့

ငယ်ငယ်ထဲက မိဘမေတ္တာကို မရရှိခဲ့တဲ့ ကျွန်တော့်ကို Noonaက တခါမှမရခဲ့ဘူးတဲ့ မေတ္တာတွေပေးတယ်လေ။

ဒါကြောင့် Noonaကို ချစ်တယ်

ဘာတွေပဲ ဖြစ်ဖြစ် ချစ်သွားမယ်

Jung HoSeok ဆိုတဲ့ ကောင်လေးက Noonaအတွက်ပါပဲ။

♥ ♡ ♥ ♡ ♥ ♡ ♥ ♡ ♥ ♡ ♥ ♡ ♥

Six Years later,

ခုဆို ကျွန်တော်က အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်နေပြီ။

Seoul အနုပညာကျောင်းမှာ scholar တက်နေတာလေ။

Dance majorကို အဓိက ယူထားတာပေါ့။

ကရတာကိုလည်း တကယ်ဝါသနာပါ ပါတယ်။

ကျောင်းမှာလဲ Dancing machine ဆိုတဲ့ နာမည်ပြောင်တောင် ရနေပြီ။

တော်ဝင်ပန်းမို့ မနမ်းထိုက်ပါWhere stories live. Discover now