"ဟင်း ဒီမိန်းမရုပ်ကလေးလှသလောက် လူမှုရေးတော်တော်ခေါင်းပါးတဲ့မိန်းမလို့လေ လူတစ်ယောက်လုံးဝင်တိုက်တာတောင်သေချာမတောင်းပန်ဘူးလို့လေ"

"inn အဲလိုထင်မှာလုံးဝသေချာတယ်yura ငါကလဲရှက်ပြီးထွက်လာတော့သေချာတောင် မတောင်ပန်လိုက်ဘူး"

"myun နင်နဲ့ဝင်တိုက်တာyawja လား namjaလား"

"namjaဟဲ့ ရှပ်လက်ရှည်ဒေါနစိမ်းရောင် လေး ဝတ်ထားတယ်"

"နင်ဓာတ်လိုက်မသွားဘူးလား"

"wae မိန်းမတွေနော် ငါ့ကို ပေါက်ကရေတွေ မပြောနဲ့"

"arnyi လျှပ်စစ်တွေလိုပေါ့ ဖိုမထိတော့မီး ပွင့်ပြီး နင်ဓာတ်လိုက်သလားလို့မေးတာ"

"ဟော ဆရာ ဝင်လာပြီဟဲ့"

ဒီဆရာအချိန်ပြီးလျှင် chemistry pratical လုပ်ရမှာမို့ praticalဆောင် ဘက်သို့ထွက်လာလိုက်သည်။

Oh god myunနဲ့ လှေခါးထိပ်မှာဝင်တိုက် မိတဲ့ ဒေါနစိမ်းရောင်လက်ရှည်ကလေး myunရင်ထဲထိတ်ခနဲ ဖြစ်သွားရသည် yura soo baekတို့ကတော့ဘာမှသိကျသူ တွေမဟုတ်သဖြင့် praticalအခန်းမဖွင့်သေး သဖြင်းပွစိပွစိ ပြောနေကြ၏။
myunစိတ်တွေမလုံ။

ဒေါနစိမ်းရောင်လက်ရှည်ကလေးကို ဂျင်းဘောင်းဘီအပြာနုရောင်လေးနဲ့ တွဲဝတ်ထားသောကောင်ကလေးထံ မျက်ဝန်းကလေးရောက်သွားတော့သူမကို စူးစိုက်ကြည့်နေသောထိုကောင်ကလေး၏ ညှို့မျက်ဝန်းနက်နက်စူးစူးကလေးကြောင့် သူမ၏ရင်တို့အဆမတန် ခုန်နေတော့သည်။
အသားတွေပင်တဆက်ဆက်တုန်ကာ...
ခြေဖျားလက်ဖျားတွေပင် အေးစက်လာရ တော့၏။ ထိုကောင်လေး၏ မျက်ဝန်းတွေက သူမထံမှ ရွေ့မသွားချေ။ မကြာခဏဆိုသလို myunထိုကောင်လေး၏ ရုပ်သွင်ကလေးကို ခိုးခိုးကြည့်မိ၏။ ထိုအချိန်မျိုးတွင် သူ့ရဲ့အကြည့်စူးစူးကလေးနှင့် ဆုံမိတော့ myun ဘက်ကပဲ စတင်ပြီးအကြည့်ကို ရုပ်သိမ်းရ၏။

ဆွဲဆောင်မှုရှိပြီးချစ်ဖို့ကောင်းတဲ့ကောင်ကလေး။မျက်နှာကလေးက ယောက်ျားပီသပြီးအ သားဖြူဖြူကလေးနဲ့တော်တော်လေးချောသည်။စူးရှနေတဲ့မျက်နက်ဝန်းတစ်စုံကတစ်ခုခု ကိုညှို့ယူနေသယောင်ထင်မှတ်ရသည်။ သူမကိုခပ်ပြုံးပြုံးလေးကြည့်နေပေမယ့်ပေါ်လာသည့်သူရဲ့ထင်ရှားတဲ့ပါးချိုင့်လေးတွေကလည်းဆွဲဆောင်မှုရှိလှသည်။ ယောက်ျားလေးတစ်ဟောက်ကို ခပ်ကြာကြာ ကြည့်ဖူးခြင်းသည်သူမဘဝတွင် ဤတစ်ကြိမ်သာပထမဆုံးဖြစ်သည်။

The problem of heartWhere stories live. Discover now