Ups! Tento obrázek porušuje naše pokyny k obsahu. Před publikováním ho, prosím, buď odstraň, nebo nahraď jiným.
ရှောင်ဂိုဏ်း
တောင်ထိပ်ပေါ်က ရှောင်ဂိုဏ်းရဲ့ ကျောင်းဆောင်ကြီးဆီကနေ ရွှေရောင်အရောင်အဝါတွေ ထွက်ပေါ်နေပါတယ်။ ဂိုဏ်းရဲ့ ပညာရှင်တွေဟာ ဘုရားတရားစာပေကျမ်းဂန်တွေကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ ရွှေရောင်ဗုဒ္ဓစွမ်းအားတွေနဲ့ တောက်ပနေပါတယ်။ သူတို့ရဲ့ နှုတ်က ရွတ်ဆိုလိုက်တဲ့ တရားစာတွေဟာ ပြိုင်ဘက်ရဲ့ စိတ်ဝိညာဉ်ကို ထိုးဖောက်နိုင်စွမ်းရှိပြီး ကမ္ဘာပေါ်က မကောင်းမှုမှန်သမျှကို သုတ်သင်ရှင်းလင်းနိုင်တဲ့ ဂိုဏ်းတစ်ခုဖြစ်တာကြောင့် မည်သည့်ဂိုဏ်းကမျှ မလေးမစားမလုပ်ရဲကြ ပေ
ဝမ်ဂိုဏ်း
တောင်ခြေက မြူခိုးထူထပ်တဲ့ ချောက်ကမ်းပါးဘက်ကနေ မည်းမှောင်နေတဲ့ မီးခိုးငွေ့တွေ ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ ကမ္ဘာလောကကြီးက ကြောက်ရွံ့နေရတဲ့ ဝမ်ဂိုဏ်းပါပဲ။ သူတို့ဟာ မိစ္ဆာစုန်းအတတ်ပညာတွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျိန်စာတွေနဲ့ ပြည့်နှက်နေပါတယ်။ သူတို့ရဲ့ လက်ထဲက အဆောင်ယောင်တွေနဲ့ မသန့်စင်တဲ့ စွမ်းအားတွေက ပတ်ဝန်းကျင်ကို အေးစက်တုန်လှုပ်သွားစေပါတယ်။
ချန်ဂိုဏ်း
တောင်စွယ်တစ်ဖက်မှာတော့ သိုင်းပညာရဲ့ အထွတ်အထိပ်ကို ပိုင်ဆိုင်ထားတဲ့ ချန်ဂိုဏ်းသားတွေ ရှိနေပါတယ်။ သူတို့ရဲ့ လက်သီးချက်၊ ခြေကန်ချက် တစ်ချက်ချင်းစီဟာ လေဟာနယ်ကိုပါ အက်ကွဲစေနိုင်လောက်အောင် အားမာန်ပြင်းထန်ပါတယ်။
ကျန်းဂိုဏ်း -
ကောင်းကင်ယံကို ဓားသွားအရောင်တွေနဲ့ ထိုးဖောက်ထားတာကတော့ ဓားရေးပညာမှာ ပြိုင်ဘက်ကင်းတဲ့ ကျန်းဂိုဏ်းပါပဲ။ သူတို့ရဲ့ ခါးထိုးဓားရှည်တွေက ငွေရောင်တလက်လက်တောက်ပနေပြီး ဓားသွားထက်မြက်မှုက လေထုကိုပါ နှစ်ခြမ်းခွဲပစ်နိုင်စွမ်းရှိပါတယ်။
ရှောင်ကျန့်ကား ကျောက်စိမ်းကဲ့သို့ ဖြူစင်ကာ ဘုရားတရားကိုင်းရှိုင်းပြီး၊ ရှောင်ဂိုဏ်း၏ ကျမ်းဂန်ပေါင်းများစွာကို တစ်ဖက်ကမ်းခတ် တတ်မြောက်ထားသူဖြစ်သဖြင့် နောင်တစ်ခေတ်၏ ဂိုဏ်းချုပ်အဖြစ် အများက မျှော်မှန်းထားကြသူ ဖြစ်သည်။ သူ့ဘဝတွင် မိစ္ဆာတရားဟူသည် အစအနပင် မရှိရပေ။
Ups! Tento obrázek porušuje naše pokyny k obsahu. Před publikováním ho, prosím, buď odstraň, nebo nahraď jiným.
သို့သော် ကံကြမ္မာ၏ ဖန်တီးမှုအရ၊ လောကက အလွန်အမင်း စက်ဆုပ်ရွံရှာကြသည့် ဝမ်ဂိုဏ်းမှ မိစ္ဆာစုန်းအတက်ပညာများကို အကြွင်းမဲ့ပိုင်ဆိုင်ထားသူ ဝမ်ရိပေါ်နှင့် လမ်းခရီးဆုံခဲ့ရသည်။
ဂိုဏ်းကြီးလေးခုရဲ့ ထိပ်တိုက်ရင်ဆိုင်မှုနဲ့အတူ ကမ္ဘာမြေရဲ့ ကံကြမ္မာ အပြောင်းအလဲကို
ဖတ်ရှုရမဲ့ သိုင်းလောကအတွက် zhanyi new fic လေးကို အတူဖတ်ရှုပေးကြဖို့
မျှော်လင့်ပါတယ်
###new fic လေးကို စိတ်ဝင်းစားရင် အသဲတို့ ကောမန့်လေးမန့်ခဲ့ကြပါအုံး
ČTEŠ
Confession Of The Black Rose(Completed)
Fanfikceဂိုဏ်းဂဏတွေရဲ့ ဂုဏ်သိက္ခာ၊ တရားသဘောနဲ့ စည်းမျဉ်းတွေကြားက ရှောင်ကျန့် နဲ့၊ လူတွေရဲ့ ဖယ်ကျဉ်းမှုကို ခံရပေမဲ့ ထူးဆန်းတဲ့ စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ စုန်းသွေးနှော ဝမ်ရိပေါ်တို့ရဲ့ ဆက်ဆံရေးတစ်ခု
