I

58 7 0
                                        


အထပ်မြင့် ကွန်ဒိုတိုက်ခန်းတစ်ခုရဲ့ ​ဝရံတာမှာရပ်ရင်း မီးရောင်စုံတွေအပြည့်နဲ့ မြို့ပြကြီးကို အကြောင်းအရင်းမရှိဘဲ ငေးမောနေမိသည်။ တစ်ချိန်က ငါ့အနားမှာ အမြဲရှိနေပေးပြီး ငါ့ရဲ့လက်ရာတွေကို ချီကျူးပေးပါ့မယ်ဆိုတဲ့ တစ်စုံတစ်ယောက်ဟာလည်း ရှိမနေတော့။

အရွဲ့တိုက်တတ်လွန်းတဲ့ငါ့အကျင့်ကြောင့်လား။ ဘာခံစားချက်မှ ထုတ်မပြတတ်တဲ့ သူ့ရဲ့ပေတေတေခေါင်းမာမှုတွေကြောင့်ဘဲလား။ ဘယ်သူမှားသွားလဲ ပြန်မေးစရာမလိုအောင် ငါတို့ဝေးသွားကြပြီး။ ဝှေ့တိုက်လာတဲ့ လေးညင်းတွေက ငါ့မျက်နှာကို လာရိုက်တိုင်း ဒီခံစားချက်ကို ငါသဘောကျတယ်။ ဒီလိုအချိန်ဆို စီးကရက်တစ်လိပ်လောက် လက်မှာ ညှပ်ပြီးဖွာလိုက်ရရင် ဘယ်လောက်တောင် ပြီးပြည့်စုံလိုက်မလဲတွေးမိပေမယ့် ငါ့ရင်ဘတ်ထဲကလူက ဆေးလိပ်နံ့ကို သဘောမကျဘူးတဲ့လေ။

တစ်ချက် ဟက်ခနဲအသံထွက်အောင်ရယ်လိုက်မိတယ်။ ငါတော့ မင်းကိုမေ့ဖို့အချိန်အကြာကြီးယူရတော့မယ်ထင်တယ်။

ငါတို့စသိခဲ့တဲ့အချိန်တွေကို ပြန်တွေးကြည့်ရင် TeeRadechနဲ့စတွေ့ခဲ့တာက နည်းနည်းတော့ dramaဆန်တယ်။

~~~~~~

လွန်ခဲ့သော 8နှစ်

အဖေ့ရဲ့အလုပ်ကိစ္စတွေကြောင့် ကျောင်းပြောင်းလာရတဲ့ DewJirawat တစ်ယောက် သိပ်တော့ပျော်မနေ။
ကျောင်းအပ်ပြီး သူ့ကိုယ်သူ Dewတက်ရမယ့်အခန်းရဲ့ အတန်းပိုင်ဆရာလို့နှုတ်ဆက်ကာ Dewကိုခေါ်လာတဲ့သူနောက်ကိုလိုက်လာခဲ့သည်။ ဒါပေမယ့်Dewတစ်ယောက်တည်းမဟုတ် Dewရဲ့ဝမ်းကွဲညီဖြစ်သူ Teshowလည်းပါလာသည်။ Teshowက Dewနဲ့ တစ်နှစ်လောက်ကွာပေမယ့် အတန်းကျော်တက်ကာ Dewနှင့် တစ်တန်းထဲတက်နေရသည်။ အခုလည်း Dewကျောင်းပြောင်းလာတာကို သူပါ မေမေ့ကိုအပူကပ်ပြီး လိုက်ပါလာခြင်းပေ။

အတန်းထဲကို ထိုဆရာကအရင်ဝင်သွားကာ Dewနှင့်Teshowကိုအခန်းပြင်မှာစောင့်ထားခိုင်းသည်။ ဆရာဝင်သွားတာနှင့် ခနက စတုတ္ထကမ္ဘာစစ်ဖြစ်နေသလိုဆူညံနေသည့် ကျောင်းသားတွေဟာ ငြိမ်ကျသွားကြသည်။

"မင်္ဂလာပါ ဆရာ"

"မင်္ဂလာပါ
ဒီနေ့ ဆရာတို့အတန်းကို ကျောင်းသားသစ်နှစ်ယောက်ရောက်တယ်။ သားတို့ ဝင်လာခဲ့တော့"

You've reached the end of published parts.

⏰ Last updated: Sep 17 ⏰

Add this story to your Library to get notified about new parts!

Things We Never SaidStories to obsess over. Discover now