🩵

40 4 0
                                        

(ဤဝတ္ထုထဲတွင်ပါဝင်သော နေရာများသည် inspiration သဘောသာဖြစ်သည်။ ဇာတ်လမ်းအရ ဇာတ်ကောင်များ၏ အသက်သည် ရွယ်တူဖြစ်ကြပြီး ဂျပန်လူမျိုးများသာဖြစ်ကြသည်။)

Song Recommendation Baby Blue by NCT WISH

🩵

青春 (Seishun)
ငယ်ရွယ်မှု

新鮮味(Shinsemi)
လတ်ဆတ်မှု

青空(Aozora)
ကောင်းကင်ပြာ

青海原(Aounabara)
ပင်လယ်ပြာ

そして
ပြီးတော့

また青春
ထပ်ပြီးတော့ ငယ်ရွယ်မှု

ငယ်ရွယ်မှုရဲ့ အလွန်
လတ်ဆတ်မှုရဲ့ အလွန်
ကောင်းကင်ပြာရဲ့အလွန်
ပင်လယ်ပြာရဲ့ အလွန်
မိုးကုတ်စက်ဝိုင်းတွေရဲ့အလွန်မှာ
ဘာတွေရှိလောက်မလဲ သိချင်ကြလား?

တောက်ပတဲ့ အနာဂါတ်
လှပတဲ့ အချစ်ရေး
အစားထိုးမရတဲ့ အချိန်

ဒါမှမဟုတ်

အနှိုင်းမဲ့တဲ့ မေတ္တာတစ်ခု

အကယ်၍ အဖြေဟာ မေတ္တာတစ်ခုသာဆိုရင်

ငယ်ရွယ်မှုတွေ
လတ်ဆတ်မှုတွေ
ကောင်းကင်ပြာတွေ
ပင်လယ်ပြာတွေ
မိုးကုတ်စက်ဝိုင်းတွေကို မကျော်လွန်လည်းပဲ သူရှာတွေ့နေပြီးသားပင်။

အနာဂါတ်
အချစ်ရေး
အချိန်

ဒီအရာအားလုံးထက် တစ်ယောက်သောသူရဲ့အပြုံးဟာပိုအရေးပါမယ်ဆိုလျှင်

ထိုအပြုံးအား အရာအားလုံးနှင့်လဲ၍ သူသိမ်းဆည်းထားမည်။

" ရီခုကွန်း...."

ခေါ်သံသဲ့သဲ့

" ဟိဟိ ရီခုကွန်း!!

ရယ်သံတိုးတိုး

" ဟင့်! ရီခုကွန်း....! "

ငိုသံရှုံ့ရှုံ့

ထပ်ကာတလဲလဲပြန်ကြားခွင့်ရှိမည်ဆိုလျှင်

ထိုအသံတို့အား

Baby Blue || RiYuStories to obsess over. Discover now