intro

689 142 44
                                        

"ကျွန်တော် အကို့ကို ရအောင်ယူမှာ..အသေရရ အရှင်ရရ''
.
.
.
.
.
JEON DRAGON...............

ဒယ်ဂူမြို့ အထက်တန်းကျောင်းတွင် ကောင်လေးတယောက် ခုန်ဆွခုန်ဆွနှင့် အတန်းထဲက သူ့အပေါင်းအဖော်တွေအား စိတ်အားထက်သန်စွာ စကားဆိုနေသည်။

"ငါ့အဖေက ဒီနေ့ပြန်လာမှာ...ဆိုးလ်မှာအလုပ်သွားလုပ်တာလေ''

"ဒါဆို ပိုက်ဆံတွေအများကြီးရမှာပဲနော်''

"အင်းပေါ့ အဖေက ငါလိုချင်တဲ့အရုပ်တွေကိုအမြဲဝယ်ပေးတယ်''

အသက်၁၄နှစ်အရွယ် ကောင်လေးရဲ့ စကားကို အပေါင်းအဖော်တွေကကြားတော့ အကုန်လုံး အားကျနေသောအကြည့်တို့နှင့်။

ထို ကင်ထယ်ယောင်းအမည်ရသောကောင်ငယ်လေးသည် ဒယ်ဂူမြို့ သူတို့ရပ်ကွက်တွင် ချမ်းသာပြီး လိုလေသေးမရှိနေရသော လူငယ်လေးပင်။

မိသားစုထဲတွင် တဦးတည်းသောသားဖြစ်လို့ မိဘတွေကအလိုလိုက် အချစ်ပိုကြတာ ရွယ်တူခလေးတွေအားလုံး အမြဲအားကျလိုချင်နေကြသော ဘဝလေးအတိုင်း သူရထားတဲ့ဘဝလေးက လိုလေသေးမရှိ။

ထို့သို့အလိုလိုက်အကြိုက်ဆောင်ခံထားရတော့ ထယ်ယောင်းဟာ သိပ်လဲဆိုးချင်သည်။

ထယ်ယောင်း ကျောင်းဆင်းတော့ ဖခင်ဖြစ်သူယနေ့ပြန်လာမှာ သိနေ၍ အမြန်ပင် အိမ်ကို စက်ဘီးနင်းကာ ပြန်တော့သည်။

အဖေက နှစ်နဲ့ချီမှတခါအိမ်ကိုပြန်လာတယ်

သူအဖေနဲ့မတွေ့တာ အခုဆို၃နှစ်ရှိပြီးးးး

အိမ်ဝကိုရောက်တာနဲ့ စက်ဘီးကို တွေ့ရာနေရာ ပစ်ချကာ အပြေးလေး အိမ်ထဲဝင်တော့သည်။

ပါးစပ်ကလည်း

"မေမေ....အဖေရောက်ပြီးလား.....အဖေရော အဖေ့!!''

"ထယ်ယောင်းးးးတိူးတိူးး!''

အဖေ့ကိုတွေ့တော့ပြေးဖက်မယ်ဆိုရုံလေးရှိသေး အဖေ့ဆီက ထယ်ယောင်းအား မျက်မှောင်ကျုတ်ကာအော်တဲ့အသံကထွက်လာသည်။

ထယ်ယောင်းရဲ့ ဖက်မယ်ကြံတဲ့လက်လေးတွေလေထဲရပ်တန့်သွားသည်။

အဖေက ထယ်ယောင်းကိုပြောပြီးတာနဲ့ အခန်းထဲအမြန်ပြန်ဝင်သွားသည်။ထယ်ယောင်းရင်ထဲမကောင်းစွာ မျက်ရည်လေးတွေစို့လာသည်။
အဖေဝင်သွားတဲ့အခန်းထဲကို တိတ်တိတ်လေးချောင်းကြည့်တော့ အခန်းကုတင်ပေါ်မှာလှဲနေတဲ့ သူစိမ်းကောင်လေးတယောက်ကိုတွေ့လိုက်ရသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 02 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

JEON DRAGON (Possessive Dragon)Historias para obsesionarse. Descúbrelo ahora