မိုးဖွဲလေးတွေ စဲရုံတင် ရှိသေးသည့် သင်းပျံ့ပျံ့ မြေနံ့နှင့်အတူ ကျောင်းပတ်ဝန်းကျင်တစ်ခုလုံး စိုစွတ်အေးမြနေသည်။ သစ်ပင်ကြီးတွေပေါ်မှ သစ်ရွက်စိမ်းစိမ်းလေးတွေပေါ်မှာ မိုးရေစက်လေးတွေ စိုရွှဲနေပြီ လေပြေအေးလေး တိုက်ခတ်သွားတိုင်း ကျောင်းဝင်းတစ်ခုလုံး အေးစက်စက် အထိအတွေ့ကို ခံစားရ၏။
"အီဒါအင်း"
ကျောင်းအုပ်ဆရာမကြီး ရုံးခန်းထဲမှ ထွက်လာသည့် အသက် ၁၇ နှစ်အရွယ် ကောင်မလေးသည် သူမ၏ နာမည်အတိုလေးကိုပါသည့် ရင်ထိုးလေးကိုကြည့်ပြီး တစ်ယောက်ထဲရေရွတ်မိလိုက်သည်။
မျက်မှန်ဝိုင်းလေးကို ပင့်တင်ရင်း အတန်းသစ်ဆီသို့ လျှောက်လာသည့် သူမ၏ လက်ထဲတွင် စာအုပ်အထပ်လိုက်ကို မြဲမြဲကိုင်ထား၏။သပ်သပ်ရပ်ရပ် ရင်းနှီးစွာ စည်းထားသည့် ဆံပင်ရှည်ရှည်နှင့် ကျောင်းဝတ်စုံ အသစ်စက်စက်လေးက သူမ၏ နူးညံ့အေးဆေးသည့် ပုံစံကို ပိုမိုပေါ်လွင်စေသည်။
စာကိုပဲ အာရုံစိုက်တတ်ပြီး လူအများနှင့် မရောနှောချင်သည့် ဒါအင်းအတွက် ကျောင်းပြောင်းလာရသည့် ပထမဆုံးနေ့သည် ခပ်အေးအေးနှင့်ပဲ ပြီးဆုံးသွားစေချင်ခဲ့သည်။ ပြဿနာပေါင်းစုံ၊ ရှုပ်ထွေးမှုပေါင်းစုံကို ရှောင်ရှားချင်သူမို့ သူမ၏ ခြေလှမ်းတိုင်းက တိတ်ဆိတ်လွန်းလှသည်။
....
....
"အီဒါအင်းနော်... Final year Class A Roomက ဟိုဘက်အဆောင်ရဲ့ ဒုတိယထပ်မှာ။သွားတော့နော်"
ဆရာမ၏ ညွှန်ပြချက်အတိုင်း ဒါအင်းတစ်ယောက်တည်း စာသင်ဆောင်ဘက်သို့ လျှောက်လာခဲ့သည်။ ကျောင်းစတင်သည့်နေ့မို့ ခင်းကျင်းထားသည့် လမ်းမတစ်လျှောက် ကျောင်းသား ကျောင်းသူများ ရှုပ်ယှက်ခတ်နေသော်လည်း
ဒါအင်းကတော့ ဘာကိုမှ မကြည့်ဘဲ ရှေ့တည့်တည့်ကိုပဲ မေးတင်ကာ လျှောက်နေခဲ့၏။
အတန်းထဲ ရောက်သည့်အခါ အတန်းပိုင်ဆရာမက အတန်းရှေ့မှာ သူမကို မိတ်ဆက်ပေးခဲ့သည်။
"ကဲ... အားလုံးပဲ ခဏတိတ်ကြပါဦး။ ဒါက
ငါတို့အတန်းကို အသစ်ပြောင်းလာတဲ့ အီဒါအင်း တဲ့။ အမှတ်ကောင်းကောင်းနဲ့ ပြောင်းလာတာမို့လို့ အားလုံးပဲ ဝိုင်းကူညီပေးကြပါ"
YOU ARE READING
My Favourite Target
Fanfictionပစ်မှတ်အဖြစ် စတင်ခဲ့ပေမဲ့ နှလုံးသားကို ပါ အရောင်ဆိုးသွားတဲ့အခါ..
