Between the Lines
ညနေခင်းလေးမှာ မိုးဖွဲဖွဲရွာနေတယ်
လမ်းမပေါ်က လူတွေက ထီးကိုယ်စီနဲ့ အလျင်လိုနေကြပေမယ့် လမ်းထောင့်တစ်နေရာက အဆောက်အအုံဟောင်းလေးရဲ့ အပေါ်ထပ်မှာတော့ တိတ်ဆိတ်နေတယ်။အဲ့ဒီနေရာကjamesရဲ့studioပြတင်းပေါက်ကြီးတစ်ချပ်ကနေ မိုးစက်တွေကိုကြည့်ရင်း James က canvas ပေါ်မှာ နောက်ဆုံးဆေးရောင်တစ်ချက် ဖြည့်နေတယ်။အပြာရောင်နဲ့ မီးခိုးရောင်တွေကြားမှာ တစ်စုံတစ်ခုကို ရှာဖွေနေသလိုမျိုး သူ့မျက်လုံးတွေက ပန်းချီကားပေါ်မှာပဲ ရှိနေတယ်။
အဲ့ဒီအချိန်
ဒေါက်... ဒေါက်...
တံခါးခေါက်သံကြားလိုက်ရတယ်။James က စုတ်တံကို ခဏချထားပြီး တံခါးဘက်ကို လှည့်ကြည့်လိုက်တယ်။
"ဝင်လို့ရပါတယ်..."
တံခါးပွင့်လာတယ်ကျောင်းဝတ်စုံဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က တံခါးနားမှာ ရပ်နေတယ်။ လက်တစ်ဖက်မှာ စာအုပ်တွေ၊ နောက်တစ်ဖက်မှာတော့ မိုးရေစိုနေတဲ့ ကျောင်းအိတ်လေး။သူက အခန်းထဲကို တစ်ချက်ကြည့်ပြီး
"ဒီမှာ ပန်းချီဆရာ James ရှိလား?"
James က သူ့ကိုကြည့်ရင်း မျက်ခုံးနည်းနည်းမြှောက်လိုက်တယ်။
"ကျွန်တော်ပဲ"
ကောင်လေးရဲ့မျက်နှာမှာ အနည်းငယ်အံ့ဩသွားတဲ့အရိပ်ပေါ်လာတယ်။
"အော်..."
"ဘာဖြစ်လို့လဲ?"
"မဟုတ်ပါဘူး ကျွန်တော်က... ပန်းချီကားတွေကြည့်ချင်လို့ပါ။"
James က studio အတွင်းဘက်ကို လက်ညှိုးညွှန်ပြလိုက်တယ်။
"ကြည့်လို့ရတယ်"
"ကျေးဇူးတင်ပါတယ်..."
ကောင်လေးက ဖြည်းဖြည်းချင်း ဝင်လာတယ်။သူ့နာမည်က Martin။အဲ့ဒီနေ့မှာတော့ Martin က ပန်းချီကားတွေကိုပဲ ကြည့်ဖို့ ဒီနေရာကို ရောက်လာခဲ့တာ။အနည်းဆုံး သူ့ကိုယ်သူတော့ အဲ့လိုပဲ ထင်ထားခဲ့တယ်။တစ်ခန်းပြီးတစ်ခန်း လိုက်ကြည့်ရင်း Martin ရဲ့မျက်လုံးတွေက နောက်ဆုံးမှာ James ဆီကို ပြန်ရောက်လာတယ်။ပန်းချီဆွဲနေတဲ့ James။တိတ်တိတ်ဆိတ်ဆိတ်။အာရုံစိုက်နေတဲ့ မျက်နှာ။လက်ချောင်းသေးသေးလေးတွေပေါ်မှာ ဆေးရောင်နည်းနည်းစွန်းနေတယ်။Martin က အချိန်အတော်ကြာ သူ့ကိုကြည့်နေမိတယ်။James ကတော့ မသိဘူး။
