Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
''အိုချစ်နှမငယ်...အကြောင်းဖန်လာ...အချိန်ကျလို့...အမောင်တိုင်းတပါးကို ပညာတော်သင်သွားရတော့မယ်...နှမငယ် ပြင်းမထီရွာကလေးမှာဘဲ...အမောင်ပြန်အလာကို စောင့်မျှော်နေရစ်ခဲ့ပါ''
''လွမ်းဆွတ်တမ်းတ...မကျန်ရစ်စေလိုသော်ငှား...မိဘကျေးဇူးတကြိမ်မျှတော့ အမောင်ဆပ်ဖူးချင်သည်...ရန်သူ့သွေးကြွေးပြန်ယူပြီးက ချစ်သူရှိရာ ပြင်းမထိရွာသို့ နောက်တစ်ကြိမ်ခြေချမိပါလျှင် အေးချမ်းလှတဲ့နှမငယ်မျက်နှာတော်ထက် အမောင်သနပ်ခါးလေးလိမ်းခြယ်ဖို့ အရောက်လာခဲ့ပါ့မယ်နှမတော်...''
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
''အိုကံဆိုးလှတဲ့ ၀ိမန္ထီရာ...မကြာသော အချိန်ရောင်ခြည်ထွန်းလင်း...ဒီဇမ္ဗူမှာ အသင်ကသာ ထင်ပေါ်ကျော်ဇော ရွှေထီးဆောင်းလို့ မင်းကောင်းမင်းမြတ်ပေါ်ထင်ကျော်ဇောလိမ့်မည်...''
''မင်းဆိုးမင်းယုတ် နန်းပုလ္လင်ထက် စံကာမြန်းလို့...သွေးချောင်းစီးကာ ပြည်ပျက်ခဲ့သော ၀ိမန္ထီရာ...မင်းဆိုးဓားထက် ကံကုန်လို့နတ်ရွာစံ အကျွန်ုပ်၏ မွေးကျေးဇူးရှင်မိဘ၂ပါးအတွက် ၀ိမန္ထီရာပြည်သို့ နောက်တစ်ကြိမ်ခြေချမိပါလျှင်...အသင့်လည်ထက်...ထက်လှစွာသော ဓားသွားနစ်စိုက်....မိဘအတွက် အကျွန်ုပ်သွေးကြွေးဆပ်မည်ဟု ဒီဇမ္ဗူတစ်ခွင် လက်ခမောင်းခပ် အော်ဟစ်ကြိမ်းမောင်း ...''ငါဟေ့၀ိမန္ထီရာမင်းလောင်း''ဟုကျိန်ဆိုလတ္တံ့...''
၀ိမန္ထီရာပြည်ကြီးရဲ့တော်၀င်မင်းသမီးလေး
''နေစန္ဒာမြဒေ၀ီ(ခေါ်)နေညို''
👑👑👑👑👑👑👑👑👑👑👑👑👑👑👑
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
''ချစ်လို့ပျူငှာ...တွယ်တာရစ်ဖွဲ့ ချစ်နှောင်ကြိုးထက်...မပြတ်လင့်နိုင် နှမငယ်ရဲ့...စိတ်နှလုံးမေတ္တာ...အမောင့်ထံပါး ထာ၀ရခစားပါရစေ...ရွှေမောဓောစေတီဘုရားရင်ပြင်ထက်၀ယ် ဦးချကန်တော့ သစ္စာပြုခဲ့ပါ၏...''
''အမောင်ထွက်သွားသော်ငှား...လွမ်းဆွတ်ကျန်ရစ်ချစ်နှမငယ်မှာ...''ထွက်သွားသူအမောင် ဘယ်ဆီသို့ရောက်..ကျန်ရစ်သူနှမငယ်မှာ..ပြိုမယ့်မိုးပမာ ကျလင့်မျက်ရည်...လွမ်းဆွတ်တမ်းတ...အမောင့်ကိုသာ မျှော်နေမိခဲ့...ဒီနှမငယ်ရဲ့...မျက်၀န်းအိမ်ထဲ ရစ်သိုင်းနှောင်ဖွဲ့...အလွမ်းမျက်ရည်များနှင့်...အမောင်ပြန်လာမည့် နေ့လေးကို...ဒီခရေပင်အောက်မှာ နှမငယ်စောင့်မျှော်နေပါတော့မယ်...အိုသိပ်ချစ်ရတဲ့အမောင်ရယ်...''
''ပြင်းမထီရွာ၏ ဆေးဆရာကြီး မောင်မောင်မြ၏ ချစ်သမီးကုမုဒြာ...''
👑👑👑👑👑👑👑👑👑👑👑👑👑👑👑
YOU ARE READING
The King ( Transman Fiction)
Historical Fiction၀ိမန္ထီရာတိုင်းပြည်ကို ကျူးကျော်စစ်ခင်းပြီး ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သော ၀ိမာန်အတ္တရာပြည်ရဲ့ မင်းကြီး''၀ိမာန်ကျော်စွာ''အား ဖခမည်းတော်နဲ့မယ်တော်တို့အတွက် သွေးကြွေးယူရန် ၀ိမန္ထီရာပြည်သို့ ပညာတော်သင်ကျောင်းသားအဖြစ် ၀င်ရောက်လာခဲ့သော တော်၀င်မင်းသမီ...
