Under The Amsterdam Sky

67 12 0
                                        

​အမ်စတာဒမ်ရဲ့ မနက်ခင်း မြူနှင်းတွေကြားမှာ Singelgracht တူးမြောင်းရေပြင်ဟာ လေတိုးသံတောင် မကြားရလောက်အောင် ငြိမ်သက်လွန်းနေခဲ့သည်။ အဲဒီ ရေသေပြင်လိုပဲ... ဆန်းဝန်းရဲ့ ဘဝဟာလည်း တစ်ခါမှ ရိုက်ခတ်ခြင်းမရှိခဲ့တဲ့ ရေပြင်တစ်ခုပါပဲ။

​ငယ်စဉ်ကတည်းက ဆန်းဝန်းရဲ့ ကမ္ဘာမှာ "ဆန္ဒ" ဆိုတာ မရှိခဲ့ဘူး "တာဝန်" နဲ့ "အစီအစဉ်" ဆိုတာပဲ ရှိခဲ့ဖူးလေသည်။

​အမြဲတမ်း ထိပ်ဆုံးမှာပဲ ရှိနေရမယ်ဆိုတဲ့ သူ့မိဘတွေရဲ့ တင်းကြပ်လှတဲ့ မျှော်လင့်ချက်စက်ဝိုင်းထဲမှာဆန်းဝန်း ဟာ အသက်ရှူဖို့တောင် အချိန်ဇယား ဆွဲခဲ့ရဖူးလေသည်။

စာမေးပွဲ အမှတ်စာရင်းက နံပါတ် ၁ ကလွဲလို့ ကျန်တဲ့ နံပါတ်တွေဟာ သူ့ဘဝမှာ ဖြစ်တည်ခွင့်မရှိခဲ့သလို၊ အမှားအယွင်း ဆိုတာလည်း သူ မကျူးလွန်ရဲတဲ့ မဟာရာဇဝတ်မှုတစ်ခု ဖြစ်ခဲ့တယ်။ မိဘတွေက သူ့ကို အောင်မြင်သူတစ်ယောက်အဖြစ် စနစ်တကျ ပုံသွင်းယူခဲ့ကြပေမဲ့ အဲဒီပုံသွင်းခွက်ထဲမှာ ရဲ့ ဝိညာဉ်ကတော့ ဖြည်းဖြည်းချင်း သေဆုံးသွားခဲ့ရလေသည်။

​မနက်ခင်း ၇ နာရီခွဲမှာ အိပ်ရာထတယ်၊ ၇:၄၅ မှာ Espresso တစ်ခွက်ကို သောက်တယ်၊ အနီရောင် စက်ဘီးလမ်းကြောင်းအတိုင်း အရှိန်မပျက် စီးနင်းပြီး Office ကို အချိန်မီ ရောက်အောင်သွားရလေသည်။......

​အမှားအယွင်းမရှိတဲ့ ဘဝ၊ ပြီးပြည့်စုံလွန်းတဲ့ To-Do List များ၊ စက္ကန့်မလွဲ လည်ပတ်နေတဲ့ နာရီစက်သွားတစ်ခုလို ဘဝ...။

​အရာရာဟာ တိကျလွန်းလို့ ဆန်းဝန်း ကိုယ်တိုင်တောင် သူ့ရင်ဘတ်ထဲက နှလုံးခုန်သံကို သက်ရှိတစ်ယောက်ရဲ့ခုန်နှုန်းလို့ မခံစားရတော့ဘဲ စက်ရုပ်တစ်ရုပ်ရဲ့ လျှပ်စစ်စီးကြောင်းတစ်ခုလိုပဲ မှတ်ယူထားခဲ့တာ ဖြစ်သည်။

အခွံဘဲ ကျန်ခဲ့တဲ့ ရေသေလို ဘဝထဲမှာ သူဟာ ငြိမ်သက်ခြင်း တံတိုင်းတွေကို မြင့်မားစွာ ကာရံထားရင်း သေဆုံးနေတဲ့ သက်ရှိတစ်ယောက်အဖြစ် နေ့ရက်တွေကို ရေတွက်နေခဲ့လေသည်။။

​ထိုစဉ်က... ဆစ်ဒနီကနေ လေလွင့်လာတဲ့ ကျောက်ခဲတစ်လုံးလို ကောင်လေးဟာ သူ့ရဲ့ ငြိမ်သက်နေတဲ့ ရေသေပြင်ထဲကို စည်းမဲ့ကမ်းမဲ့ ခုန်ဆင်းလာပြီး၊ ထိုတံတိုင်းတွေကို လှပစွာ ရိုက်ချိုးပစ်တော့မယ်ဆိုတာမသိခဲ့တာ တစ်ခုတည်းပါပဲ။

Under The Amsterdam Sky(Leowon)Stories to obsess over. Discover now