" သခင်လေး "
Danjesda မိသားစုရဲ့ အမွေဆက်ခံသူ Nut Thanat Danjesda ဟာဆိုရင်ဖြင့် ထိုင်းနိုင်ငံ ထိပ်တန်းချမ်းသာစာရင်းဝင်သူဖြစ်ပြီး ကြည့်ကောင်းလွန်းတဲ့မျက်နှာပိုင်ဆိုင်ထားသူ။
မိန်းကလေးများငြင်းရက်စရာမရှိလောက်အောင် ဆွဲဆောင်လွန်းလို့ ခန္ဓာကိုယ်။အရမ်းလှတဲ့မိန်းကလေးတွေတောင် အသည်းအသန်လုရတဲ့ ယောကျာ်း။နတ်သားလေးလို့တောင် တင်စားခေါ်ဝေါ်ကြပြီး နူးညံ့တဲ့ဆက်ဆံပုံများကြောင့်လူသိများသည်။
ဒါပေမဲ့ သူတို့မသိတဲ့ အမှောင်တစ်ဖက်ခြမ်းမှာတော့...
" အကိုလေးကို မတွေ့တော့ဘူး ထပ်ထွက်ပြေးသွားပြန်ပြီ သခင်လေး "
ဘောပင်ကို လှည့်ကစားနေရာမှရပ်တန့်သွားကာ မျက်ဝန်းများမှာလည်း နက်မှောင်သွားသည်။မျက်နှာမပျက်ဘဲ အလုပ်စားပွဲပေါ်ရှိ laptop screen ကို အဓိပ္ပာယ်ပါပါကြည့်ရင်း ပြုံးသည်။
" မင်းပြောကြည့် အဲ့ခြေထောက်တွေကို ချိုးလိုက်သင့်လား "
" ဗျ..ဗျာ "
တုံ့ဆိုင်းမနေဘဲ လက်တွေဟာ keyboard ပေါ်ပြေးလွှားသွားရင် private file ထဲရှိ vd တစ်ပုဒ်အား ကြည့်လိုက်ရင်း။ လျှာတစ်ချက်သပ်လို့ အောက်နှုတ်ခမ်းပါးအား ဖွဖွကိုက်ကာ vd ကို အရသာခံလို့ကြည့်နေသည်။
Baby ဆိုတဲ့ Contact ကိုခေါ်ဆိုလိုက်သည့်အခါ ပြန်လာသော စကားသံကြောင့် အရူးတစ်ယောက်လိုရယ်သည်။ဤဆင်းကဒ်အား သုံးဆွဲခြင်းမရှိပါသဖြင့်...
* ဂွမ်းးး! *
နံရံကိုပစ်ပေါက်လိုက်သော ဖုန်းမှာ အကြေကြေအမွမွပင်။လက်သကြွယ်ပေါ်က စိန်ရောင်ဖြင့် တောက်ပနေသော လက်စွပ်ကိုကြည့်ကာ ခဏတာ ရယ်လိုက်ပြီး ပြီးတော့မျက်နှာတည်ကာပြန်ငြိမ်သွားသည်။
" အခုချက်ချင်း ခြေရာခံစမ်း! "
အပြင်ပန်းမှာ နူးညံ့သလောက် အတွင်းပိုင်းမှာတော့ ထင်သလောက်မနူးညံ့ပေ။လူတိုင်းမြင်တွေ့နေရသည့် အိမ်တော်ကြီးမှာဆိုရင်လည်း ဘယ်သူမှမထင်မှတ်လိုက်လောက်အောင် လူသား တစ်ယောက်ကို ဖွက်ထားတယ်ဆိုရင်ကော သင်ယုံမလား။
