3

623 47 9
                                        

နှစ်ယောက်သားရုပ်ရှင်ကြည့်ပြီးရုံထဲကထွက်လာတော့ မျက်နှာကိုဘယ်နားထားရမယ်မသိ Teeteeလည်းခုနကရုံထဲကသူမဟုတ်သလိုပဲ Porကလည်းဟိုကြည့်ဒီကြည့်နဲ့ ဘာပြောရမလဲမသိ

Teetee/Por:ဟို.....

Por:Tee အရင်ပြောလေ....

Teetee:ရပါတယ်....Porအရင်ပြောပါ....

Por:ဟို....ဘယ်....ဘယ်သွားအုံးမလဲလို့ပါ....

Teetee:ကျွန်တော်....လည်းအဲ့တာမေးမလို့ပါ....

Por:အာ......ဟို....ဘယ်ဖြစ်ဖြစ်ရပါတယ်...

Teetee:ဗိုက်ဆာလား.....တစ်ခုခုသွားစားကြမလား...

Por:ရ..ရပါတယ်....ဟို...Tee....ငါညစာကျွေးပါ့မယ်....

Teetee:မလုပ်ပါနဲ့....ကျွန်တော်ပဲကျွေးပါရစေ....

Por:Tee...မင်းပဲအကျီဝယ်ပေးထားတာ ရုပ်ရှင်လက်မှတ်ကော ညစာလေးတော့ငါကျွေးပါ့မယ်...

Teetee:ဒါပေမယ့်လည်း

Por:မဟုတ်ရင် ငါမစားတော့ဘူး ပြန်တော့မှာ....

Porကပြောရင်းနဲ့နှုတ်ခမ်းဆူလာတာမို့ အသည်းယားလာရပြန်တယ် ခဏလေး ဒီနေ့မှပဲPorကအရမ်းအသည်းယားစရာကောင်းနေသလိုပဲ...

Teetee:ကဲပါ.....Porသဘောပါနော်....ကျွန်တော်ကဘာဖြစ်ဖြစ်ရတာမို့လို့ Porသွားချင်တဲ့နေရာသွားနော်....

Por:ဟုတ်ပါပြီ....ဒါဆိုသွားရအောင်....

Teetee:Por...အထုတ်တွေကျွန်တော့်ကိုပေး....

Porလည်းသူ့လက်ထဲကအိတ်ကလေးကိုကြည့်ရင်းကြောင်တောင်တောင်ဖြစ်နေပြီ ခုနကသူလျှောက်ပတ်နေရင်းစားချင်တဲ့မုန့်လေးတွေ့လို့ဝယ်လာတာ ဘာမှတောင်မလေးတဲ့အိတ်ကလေးကိုတောင်မသယ်ခိုင်းတော့ဘူးလား???

Teetee:Por...ဘာတွေတွေးနေတာလဲဗျာ....

Por:ဟို....Teeဒီအိတ်ကလေးမှမလေးတာ ဒါလေးတော့ငါသယ်နိုင်ပါတယ်....

Teetee:မဟုတ်ပါဘူး ကျွန်တော်ကPorကိုဘာမှမသယ်စေချင်တာပါ ဒီလက်လှလှလေးတွေက ကျွန်တော့်လက်ကိုပဲကိုင်ရင်ရပါတယ်နော်....

Porလည်းပြုံးလိုက်ပြီး သူ့လက်ထဲကအိတ်ကလေးကိုပေးလိုက်​တော့တယ် ထုံးစံအတိုင်းသူ့လက်ကလေးကတော့Teeteeလက်​ထဲမှာအံဝင်ဂွင်ကျပါပဲ....

My PrinceHistorias para obsesionarse. Descúbrelo ahora