- one -

31 2 0
                                        



🍅


" လုပ်ပါ သတောရာ။ လိုက်ခဲ့ပါကွာနော်။ ဒီတစ်ခေါက်ပဲလေ။ ငါဘယ်တုန်းကမင်းကိုဒီလိုအတင်းခေါ်ဖူးလို့လဲ။ ဒီတစ်ခါတည်းပါကွာ။ တကယ်ပါ။ "

ကျောင်းဖွင့်ရာသီ မိုးဦးကာလအစမို့ ကျောင်းဝန်းထဲရှိ သရက်ပင်၊ မန်ကျည်းပင်၊ မလေးရှားပိတောက်ပင် စသည်တို့ကဝေဖားစိမ်းစိုနေကာ တင်ကျန်နေသည့်ရေစက်ကလေးများက မြေနီမပျော့မမာများအပြည့်နှင့် ကျောင်းဝန်းပြင်ပေါ် တ​တောက်တောက်ကျနေသည်။

" မရဘူးကွာ။ ငါဒီတစ်ခေါက်ပြဿနာထပ်ရှာရင် ကျောင်းကုန်းကိုပို့မယ်ပြောခံထားရလို့။ မင်းငါ့အမေအကြောင်းမသိလို့နေစိုး။ သူကပြောရင်တကယ်လုပ်တာ။ "

Grade 11 ကျောင်းသားအချင်းချင်းတောင်မော့ကြည့်ရသည်အထိရှည်လျားသောအရပ်၊ အရွယ်ရောက်ကာစလူပျိုဖော်ဝင်သည့်အရွယ်၏ထုံးစံအတိုင်း မေးရိုးထင်းထင်း၊ နှာတံပေါ်ပေါ်၊ ယောကျာ်းငယ်တစ်ဦး၏သွင်ပြင်လက္ခဏာများ ပြည့်နှက်နေလင့်ကစား မျက်နှာကြီးစူပုတ်လျက်မသာမယာနှင့် သူ့မိခင်အားကြောက်ပြနေသည့် စောသတော ကြောင့် နေစိုးစိတ်အိုက်မိသွား၏။

သူတို့ ပုဂ္ဂလိကကျောင်းကလေးသည် အများကြီးပြည့်စုံကျယ်ဝန်းလှသည်လည်းမဟုတ်ပါ။ အမည်ခံသာပုဂ္ဂလိကကျောင်းဖြစ်ကာ အခြားပုံမှန်အစိုးရကျောင်းများထက်ပို၍သားနားနေခြင်းလည်းမရှိပါပေ။ အနီးတစ်ဝိုက်ရှိ အခြေအနေစုံ၊ အဆင့်အတန်းအသိုင်းအဝိုင်းအစုံမှ ဆင်းရဲချမ်းသာမရွေးမိသားစုအသီးသီးမှ ကလေးများအကုန်ရှိကြ၏။

ထို့ကြောင့်လည်း သူတို့ကျောင်းကလေး၌ ပြဿနာအမျိုးမျိုးက တစ်နေ့နှင့်တစ်နေ့မရိုးနိုင်အောင် ပေါ်ပေါက်လေ့ရှိ။ ယခုနေစိုးရှေ့၌ ဖုန်ပေနေသည့်ပုဆိုးအားမြေကြီးနှင့်ရှပ်တိုက်အောင်ဝတ်ထားရင်း၊ ရင်ဘတ်မှ လေးထောင့်ပုံကျောင်းအသားတံဆိပ်လေးပြုတ်လုပြုတ်ခင်အင်္ကျီကိုဝတ်ထားသည့် စောသတောမှာတော့ ထိုပြဿနာအဝဝ၏ ၇၀ ရာခိုင်နှုန်းလောက်အားတာဝန်ယူထားသူဖြစ်၏။

ရန်ဖြစ်တာလား။ သတော ပါသည်။

ဆေးလိပ်ခိုးသောက်သလား။ သတော ပါသည်။

You've reached the end of published parts.

⏰ Last updated: Aug 14 ⏰

Add this story to your Library to get notified about new parts!

Oh But Love Grows Stories to obsess over. Discover now