ဖြစ်စဥ်အစအဆုံးကိုပြောပြရမယ်ဆိုရင် Copper phuriwat ရဲ့ အေးချမ်းတဲ့နေ့ရက်တွေက သူငယ်ချင်းအကောင်းစားတစ်ယောက်ကြောင့်အဆုံးသတ်တယ် ။
Copperနဲ့ Phupa နဲ့က အရင်းခင်ကြတဲ့သူငယ်ချင်းတွေ တစ်နည်းအားဖြင့်ပြောရမယ်ဆို စိတ်တူကိုယ်တူ မတည့်အတူနေပေါ့ ။ သူငယ်ချင်းသက်တမ်း၇နှစ်ရှိတဲ့ သူ့သူငယ်ချင်း phupa မှာ ညီလေးတစ်ယောက်ရှိမှန်း copperကလုံး၀မသိခဲ့ရိုးပါ ။
ဒီလိုနဲ့တစ်ရက် phupaတို့အိမ်ကို ကိစ္စတစ်ခုကြောင့် သွားလည်ဖြစ်တော့ copper က phupaညီလေးနဲ့အမှတ်တမယ့်ဆုံတယ် ။
အဲ့ဒီ Nongကလေ လူလေးကလည်းသေးသေးလေး မျက်နှာလေးကလည်းသေးသေး အသံလေးကအစ ပျားသကာပေါ်နို့ဆီစမ်းထားသလို ချိုသာအီစိမ့်နေတာ ။
ဒီလိုနဲ့ copper က အကြောင့်မရှိအကြောင်းရှာပြီး phupa အိမ်ကိုချောင်းပေါက်မတတ် လာဖြစ်သည် ။
phupaကတော့သိတဲ့အတိုင်းအသေမောင်းထုတ်တာပေါ့ ။ သူ့ညီကို ဒီကောင့် အရူးအမူးကြောင်နေတာကိုး ။
ဒါပေမယ့် copper phuriwat ရဲ့ဘ၀သမိုင်းမှာ လက်လျော့တယ်ဆိုတာမျိုးမရှိလေ ။
ဒါပေမယ့် သူဘ၀ကအရှုံးဘက်ကပါပဲနော် ။ Nong Fifaလေးကလည်း ချေ ။ သူ့အကိုကလည်းသဘောမတူ ။ သူကတော့ မျက်နှာပြောင်တိုက်ပြီးနေရတာပေါ့လေ ။
အခုလည်း phupaခရီးသွားနေတာကို အခွင့်ကောင်းယူပြီး copperက fifaဆီလာပြီး အကြောင်းအရင်းမရှိ ဘေးနားငုတ်တုတ်ထိုင်နေတာ ။
ဂိမ်းဆော့နေတဲ့ fifaက သူ့ကိုတစ်စက်လေးတောင်လှည့်မကြည့်ပါဘူး ။ သူကပဲ Nongကို မျက်လုံးကျွတ်ကျမတတ်ငေးကြည့်နေမိတာ ။
" P'per ဘာမှလုပ်စရာမရှိရင်လည်းပြန်လေ "
ဂိမ်းဆော့နေတဲ့ fifaမှာ ဘေးနားငုတ်တုတ်လာထိုင်ပြီး ၀ါးစားမတတ်စိုက်ကြည့်နေသည့်သူကြောင့် မနေတတ်တော့ဘူး ။ ဒီဦးလေးကြီး အရမ်းကိုပဲ ။
" krub P'ကNongကိုကြည့်နေရတာကိုက အလုပ်ကလေးတစ်ခုဖြစ်နေတာလဲ "
" P'per...ကျွန်တော်P'phuနဲ့တိုင်ပြောမှာနော် "
fifaက သူ့ထံကို ခေါင်းအုံးနဲ့လှမ်းပစ်ပေါက်သည် ။ သူကတော့ nongပစ်လိုက်တဲ့ ခေါင်းအုံးကိုလှမ်းဖမ်းရင်း တဟိဟိတခွိခွိပဲ ။
