Dear Hey Part 1

73 2 0
                                        


အခန်း 1

🎵 🎶我们哭了 我们笑着
我们抬头望天空
星星还亮着几颗

我们唱着 时间的歌
才懂得相互拥抱
到底是为了什么🎵 🎶

ယဲ့ဟန်က နှုတ်ကနေ စွဲနေတဲ့သီချင်းလေးကို ညည်းရင်း တစ်စုံတစ်ယောက်ကို လွမ်းနေတဲ့ စိတ်ခံစားချက်က ရင်ထဲတင်းကြပ်လာတယ်။ သူက အရင်ကဆို ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်နေတတ်သူ။ ဘယ်အရာကိုမှ စိတ်ထဲစွဲပြီးမထားတတ်ဘူး။ အခုတော့ တစ်ခုခုက သူ့ရင်ထဲရောက်နေတာ တော်တော်ကြာပြီ။ အဲ့ဒီခံစားချက်ကို ‌တွေးမိတိုင်း ရင်ထဲကြည်နူးမိပြန်တယ်။

ကင်မရာထဲက ပုံလေးတွေ ပြန်ကြည့်မိတိုင်း လွမ်းလို့လာတယ်။ တွေ့ချင်တယ်။ ထိုအလွမ်းတွေပြေဖို့ ထိုလူ့အနားကိုသွားချင်တယ်။ ဘယ်အရာတွေက တားမှာလဲ။ သူချစ်မိနေပြီဆိုတာ သေချာအောင် ဆန်းစစ်ဖို့ အချိန်အများကြီး ယူခဲ့တယ်။ လက်တွေ့မဖြစ်နိုင်တဲ့အကြောင်းတွေ အများကြီးဆိုတာသိတယ်။ ဒါပေမယ့် ရင်ဘတ်ထဲက အရာကို နှစ်သိမ့်ဖို့ ဘယ်အရာမှအစားမထိုးနိုင်ဘူးဖြစ်နေတယ်။ အစားထိုးကြည့်ဖို့ တွဲပစ်ခဲ့တဲ့ ရည်းစားတွေလည်း လက်ငါးချောင်းကျော်ပြီ။ ခက်တာက ခဏတာတွေ့ခဲ့ရတဲ့သူကို မေ့ဖို့ တစ်ယောက်မှ သူ့ရင်ထဲမရောက်ဘူး။ နှလုံးသားက ‌သေချာသွားတဲ့နောက်မှာ ဘယ်ဘက်လည်ပင်းပေါ်မှာ တက်တူးတစ်ခုက သူ့မသိစိတ်ကနေ Hey ဆိုတဲ့စာလုံးလေး အလိုလိုထိုးမိခဲ့တယ်။

မှန်ထဲကနေ သူ့ပုံကိုပြန်ကြည့်မိပြီး ပြုံးမိတယ်။ မှုန်နေအောင်ချောတဲ့ထဲမပါပေမယ့် သူ့ကိုယ်သူတော့ ကြည့်ကောင်းတယ်ထင်တာပဲ။ မျက်ခုံးထူထူ မျက်လုံးမှေးမှေး တင်းနေအောင်စေ့ထားတဲ့ နှုတ်ခမ်းပါးပါး ကျစ်လစ်တဲ့ကိုယ်ခန္ဓာနဲ့ ရှည်လျားတဲ့အရပ်အမောင်း ရှိသင့်တဲ့ကြွက်သားတွေနဲ့ ကိုယ်ထည်တောင့်တောင့်က ဆွဲဆောင်မှုရှိတဲ့အထဲပါတာ ငြင်းလို့မရဘူး။ ရှန်ဟိုင်းမှာကျောင်းတက်တုန်းကလည်း ကောင်မလေးတွေ ဝိုင်းခဲ့တယ်။ ဒါပေမယ့် လူတစ်ယောက်စီမှာ အငြင်းခံရတာ အကြိမ်ရေတော်တော်များခဲ့ပြီ။

"ဘာလို့လဲ?"

"ခင်ဗျားဘာလို့ ကျုပ်ကို မကြိုက်ရတာလဲ"

Dear HeyStories to obsess over. Discover now