Episode 1

121 17 4
                                        

Paris မြို့ရဲ့ မိုးစက်များနှင့် အလွဲတစ်ခု

Parisမြို့ရဲ့ ဆောင်းဦးညနေခင်းက အေးစက်စက် မိုးစက်လေးတွေနဲ့အတူ လှပလွန်းနေတယ်။ **Keonho** ဆိုတဲ့ Koreanကောင်လေးကတော့ မိုးစက်တွေကို ရှောင်ရင်း Paris Fashion Week အတွက် ပြင်ဆင်ထားတဲ့ အဝတ်အစားအိတ်ကြီးကို မနိုင်မနင်း ဆွဲလာခဲ့ရတယ်။

ဖြူဝင်းတဲ့ အသားအရေ၊ ညို့ဓာတ်ပါတဲ့ မျက်လုံးတစ်စုံနဲ့ ကျက်သရေရှိလှတဲ့ Keonho ဟာ Paris ရဲ့ ဒီဇိုင်နာကြီးတွေတောင် အသည်းစွဲရတဲ့ မော်ဒယ်သစ်အလှလေးပေါ့။

*အုန်း!*

"ဟာ... တောင်းပန်ပါတယ်ဗျာ!"

လမ်းထောင့်တစ်ခုအရောက်မှာ Keonho တစ်ယောက် လမ်းကွေ့ကနေ အရှိန်နဲ့ ထွက်လာတဲ့ လူတစ်ယောက်နဲ့ တိုက်မိပြီး လက်ထဲက အိတ်တွေရော၊ ထိုလူ၏ ကော်ဖီခွက်ပါ မြေပြင်ပေါ် ပြန့်ကျက်သွားခဲ့တယ်။

"ကျစ်... မျက်လုံး ပါမလာဘူးလား"

ထွက်ပေါ်လာတာကတော့ ခပ်ဆိုင်းဆိုင်း၊ ကျစ်ကန်ကန်နဲ့ သြဇာပါတဲ့ အသံတစ်သံ။

Keonho မော့ကြည့်လိုက်တော့ အနက်ရောင် သားရေဂျာကင်ကို ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့်၊ ခန့်ညားလွန်းတဲ့ တရုတ်ကောင်လေးတစ်ယောက်။ စူးရှတဲ့ မျက်လုံးတစ်စုံနဲ့ နှုတ်ခမ်းထောင့်က မထီမဲ့မြင် ပြုံးလိုက်တဲ့ အပြုံးက ကြောက်စရာကောင်းသလို ဆွဲဆောင်မှုလည်း ရှိလွန်းနေတယ်။ သူကတော့ **James** ခေါ် **Chao Yufan** Paris ရဲ့ မြေအောက်စီးပွားရေးလောကရဲ့ နောက်ကွယ်မှာ အရှိန်အဝါကြီးတဲ့ တရုတ်-အင်္ဂလိပ် ကပြား ဆိုးပေတေလေးပေါ့။

---

ပိုင်ရှင်မဲ့ အိတ်နှင့် ကတ်

"မင်းကြောင့် ငါ့ရဲ့ အရေးကြီး အင်္ကျီပေါ် ကော်ဖီတွေ ဖိတ်ကုန်ပြီ"

James က ကျစ်ကန်ကန် ပြောရင်း Keonho ကို အထက်စီးကနေ စိုက်ကြည့်လိုက်တယ်။ Keonho ကလည်း မာနခဲလေးမို့ မဟုတ်မခံ ရန်ထောင်လိုက်မိတယ်။

"ဘာလဲ... ခင်ဗျားပဲ အရှိန်နဲ့ ဝင်တိုက်တာကို! ကျွန်တော့်ရဲ့ အင်္ကျီအိတ်တွေလည်း မိုးရေ‌တွေစို ကုန်ပြီလေ!"

Paris In Red [Completed]✓Historias para obsesionarse. Descúbrelo ahora