"JAY!!!!"
Jay အသံလာရာသို့ လှည့်ကြည့်လိုက်သည်။
ကျောင်းမုန့်ဆိုင်က အထွက်နောက်မှ
အသည်းအသန်ပြေးလိုက်လာပြီး လှမ်းခေါ်နေသော JungWon ပင်။
အဝေးမှပြေးလာကာ Jay ပခုံးသို့ မမှီမကမ်း လှမ်းဖက်လိုက်သည်။
"ပြော... ဘာကိစ္စ"
"ညနေ ငါနဲ့အတူတူ ပြန်ရအောင်။"
"မင်း အချိန်ပိုင်းအလုပ်ကကော"
"ဒီနေ့ ဘာအလုပ်မှ မရှိဘူး။ အဲ့ဒါကြောင့် မင်းနဲ့အတူတူ ပြန်မို့ပေါ့ကွာ။"
"ဘာလဲ... မရဘူးလား"
"ရပါတယ်... အရင်ကဆို မင်းက ကျောင်းဆင်းတာနဲ့ အမြှီးတောင် ဖမ်းမရတဲ့ကောင်ဆိုတော့ အတူပြန်မယ်ပြောတော့ ထူးဆန်းလို့ပါကွာ။"
"ဘာပဲဖြစ်ဖြစ် မင်းကရတယ်ဆိုတော့ ညနေ ကျောင်းရှေ့မှာ စောင့်နေမယ်။ ဘိုင့်..."
ပါးချိုင့်ပေါ်အောင် ရယ်မောရင်း လက်ထဲက ပေါင်မုန့်ကိုပါ လုယူပြီး ထွက်ပြေးသွားတဲ့
JungWon ကို ကြည့်ရင်း Jay က ခေါင်းယမ်းကာ ပြုံးလိုက်သည်။
"တကယ်ပဲ... ကလေးလိုကောင်။"
JungWon လည်း သူ့အတန်းသူ ပြန်သွားပြီဆိုတော့ နောက်အတန်းချိန်အတွက် Jay လည်း အခန်းထဲသို့ သုတ်ခြေတင်ရတော့သည်။
🖤🖤🖤
ညနေ ကျောင်းဆင်း Bell သံကြားတာနဲ့ အရင်ကလို အတန်းထဲ တစ်ယောက်တည်း ကျန်ခဲ့တဲ့ထိ မနေပဲ အရင်ဆုံး ထွက်လာမိတော့သည်။
ကျောင်းဝရောက်ပြီး...
ငါးမိနစ်...
ဆယ်မိနစ်...
ဆယ့်ငါးမိနစ်...
JungWon က ပေါ်မလာသေး။
"ဒီကောင်... အတူပြန်ဖို့ ပြောထားတာ မေ့များသွားပြီလား..."
ပါးစပ်မှ တိုးတိုးလေး ရေရွတ်မိနေတုန်း...
"Jay!!"
အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်တော့ JungWon က အပြေးလေး ရောက်လာသည်။
"တောင်းပန်ပါတယ်... ဆရာက ခဏခေါ်ထားလို့ နောက်ကျသွားတယ်။"
"ရပါတယ်..."
"အဲ့ဒါဆို သွားကြမလား..."
"အင်း... သွားမယ်လေ။ ဒါနဲ့ မင်းဒီနေ့ အလုပ်မရှိဘူးဆိုတော့ မင်းနဲ့ငါ စားနေကျ တော်ပိုကီဆိုင် သွားကြမလား..."
"တော်ပိုကီ" ဟုပြောလိုက်တာနဲ့ JungWon ရဲ့ မျက်လုံးလေးတွေက ချက်ချင်း တလက်လက် တောက်ပလာသည်။
"သွားမယ်လေ... ငါတို့ မသွားရတာလည်း ကြာပြီ။"
ခဏရပ်ပြီး...
"မင်းကျွေးနော်..."
JungWon က အပြုံးစစနဲ့ မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"Ya!! မင်းကျွေးရမှာပေါ့... အတူတူပြန်မယ်ဆိုပြီး လာခေါ်တာ ဘယ်သူလဲ။"
"အဲ့ဒါဆို... တစ်ယောက်တည်း ပြန်တော့မယ်။"
ပြောပြီး တစ်ယောက်တည်း ချော်တော်ငေါ့ လျှောက်သွားတဲ့ JungWon ကို Jay က ဂုတ်ကနေ ဆွဲလိုက်သည်။
"လာပါကွာ... ငါကပဲ ဝယ်ကျွေးပါ့မယ်... အဖေရယ်။"
"ဒီလိုမှပေါ့။"
JungWon က ချက်ချင်း Jay ရဲ့ လက်မောင်းကို ဖက်လိုက်ပြီး ပခုံးနားကို မျက်နှာလေး ကပ်ကာ ပါးချိုင့်လေးပေါ်တဲ့အထိ ပြုံးလိုက်သည်။
Jay ကတော့ အဲဒီအပြုံးလေးကို ငေးကြည့်နေမိသည်။
'မင်းက ဒီလိုလေး ပြုံးရုံနဲ့ ငါ အရှုံးပေးမိတယ်ဆိုတာ... မင်း ဘယ်တော့မှ သိမှာမဟုတ်ဘူး။'
Jay က အတွေးတွေကို ရင်ထဲမှာပဲ သိမ်းထားရင်း JungWon ခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်သည်။
"သွားရအောင်... ဗိုက်ဆာနေပြီ မဟုတ်လား။"
"ဟီး... ဗိုက်ဆာနေတာ ကြာပြီ။"
နှစ်ယောက်သား ရယ်မောရင်း သူတို့အမြဲသွားနေကျ တော်ပိုကီဆိုင်လေးဆီ အတူတူ လျှောက်သွားကြတော့သည်။
End of Chapter 1 🖤
