🎂✉️

4 0 0
                                        


To Lynn

​လောကီလူ့လောကက ဘာအာမခံချက်မှမရှိဘူးတဲ့။

ဒါဖြင့်ရင် နောက်နှစ်မှာ ကိုယ်မင်းကိုဆက်ချစ်နေပါဦးမယ်လို့ အာမခံချက်ပေးပြီးပြောနေလည်း ကိုယ်လိမ်နေရုံရှိမယ်ထင်ပါရဲ့။

ဆိုရင်ဖြင့် အသေချာဆုံးသောစကားတွေပဲ ကိုယ်ကမင်းကိုပြောချင်တဲ့အတွက် "ယနေ့ (၅ ရက်၊ ၈ လ၊ ---) ဆိုတဲ့ အချိန်တစ်ခုအထိ ကိုယ်မင်းကိုချစ်နေပါတယ်" လို့ပဲ ပြောချင်ပါတယ်။

​Lynn

မင်းကိုပြောဖူးသလိုပါပဲ။ ကိုယ်က နည်းနည်းတော့ရူးနှမ်းနေတဲ့ပုံပါပဲကွယ်။ မင်းမကြားနိုင်တဲ့ စကားတွေကို အကျယ်ကြီးအော်ပြောနေမိတုန်းပဲ။ မျက်မှန်အောက်က မျက်ဝန်းလှလှလေးတွေကို ရူးလောက်အောင်လွမ်းမိတဲ့အကြောင်း ကိုယ်လှိုက်လှိုက်လှဲလှဲ အော်ပြောနေခဲ့ပါတယ်။

​မင်းမကြားနိုင်တာ သေချာနေတာတောင် ကိုယ် အော်ပြောဖို့ရာ အားမလျော့ခဲ့ဘူး အချစ်ရဲ့။ အခုလိုနေ့မျိုးဆို ပိုပြီးတော့တောင် အားရှိနေသေးတယ်ရယ်။

​မွေးနေ့ဆိုတာ သာမန်နေ့တစ်နေ့သာဖြစ်ကြောင်း မင်းပြောဖူးတာကို သတိရမိတယ်။ ကိုယ် နည်းနည်းလေးတော့ စောဒကတက်ပါရစေ။

ဒီလေထုအလွှာတွေထဲ မင်းအနေနဲ့ အဦးဆုံး ရှင်သန်နေခဲ့တဲ့နေ့က ကိုယ့်အတွက်တော့ အထူးခြားဆုံးသော ကျေးဇူးတင်စရာနေ့လေးပါ Lynn။

​အင်မတန်လွတ်လပ်တဲ့ စိတ်ဓာတ်ပိုင်ရှင်မင်းကို ဒီနေ့ပိုလွမ်းနေမိတယ်။ လွမ်းချင်းကြီးထပ်နေတဲ့ ဒီစာက ဒီတစ်သက်တော့ မင်းဆီမရောက်နိုင်တော့ဘူးထင်ပါရဲ့ကွယ်။

​ရေရေရာရာမရှိလှတဲ့ ရေတံခွန်လို ကိုယ့်ဘဝထဲ ခဏတာရှိနေခဲ့ဖူးတဲ့ ဆယ်လ်မွန်ငါးလေးရေ၊ ရောက်တဲ့အရပ်မှာ အေးချမ်းပါစေ။

​Happy Birthday

You've reached the end of published parts.

⏰ Last updated: Sep 05 ⏰

Add this story to your Library to get notified about new parts!

Love Over IronyStories to obsess over. Discover now