မိုးအေးအေးဆောင်းတွင်း မနက်ခင်းတွေထက်စာရင် ညနေခင်း အလုပ်ပြန်ချိန်တွေက အီလီယိုအတွက်တော့ ပိုပြီး စောင့်မျှော်စရာ ကောင်းလာခဲ့တာ လအနည်းငယ်မျှ ရှိခဲ့ပြီ။
အကြောင်းအရင်းကတော့ အရမ်းမရှုပ်ထွေးပါဘူး။ ညနေ (၅) နာရီခွဲတိုင်းမှာ စီးနေကျ လိုင်းကားနံပါတ် (၄၅) ပေါ်မှာ အမြဲတမ်းတွေ့ရလေ့ရှိတဲ့ ကောင်လေးတစ်ယောက်ကြောင့်ပါ။
ထိုကောင်လေးရဲ့ နာမည်က "ကျန်းကျားဟောက်" တဲ့။
စစချင်းတော့ အီလီယိုလည်း သတိမထားမိခဲ့ပါဘူး။ ဒါပေမဲ့ နေ့တိုင်းလိုလို တူညီတဲ့ အချိန်၊ တူညီတဲ့ လိုင်းကား၊ တူညီတဲ့ မှတ်တိုင်မှာ တက်လာပြီး စာအုပ်တစ်အုပ်ကို ငြိမ်ငြိမ်လေး ဖတ်နေတတ်တဲ့ ထိုကောင်လေးရဲ့ သန့်ရှင်းသပ်ရပ်မှု၊ မျက်မှန်ဝိုင်းလေးအောက်က အေးချမ်းတဲ့ မျက်လုံးလေးတွေနဲ့ သွားစွယ်လေးပေါ်အောင် ပြုံးတတ်တဲ့ အပြုအမူလေးတွေကို အီလီယို အမှတ်မထင် ငေးကြည့်မိရင်းကစပြီး စိတ်ဝင်စားမှုက အစပြုခဲ့တာ ဖြစ်ပါတယ်။
အစကတော့ အလုပ်တူ၊ အပြန်ချိန်တူရုံပဲလို့ ထင်ခဲ့တာ။ နေ့စဉ်နေ့တိုင်း ဒီကောင်လေးရဲ့ အကြောင်းကို ပိုသိချင်လာတဲ့ အီလီယိုတစ်ယောက် တတ်နိုင်သမျှ စုံစမ်းကြည့်လိုက်တော့မှပဲ...
"ငါတို့က တစ်ရပ်ကွက်တည်းသားတွေပဲကို! လမ်းလေးပဲ ခြားတာ!"
အံ့ဩစရာကောင်းတာက လမ်းခြားရုံတင်မကဘူး၊ ကျန်းကျားဟောက်ဆိုတဲ့ ဒီကောင်လေးက အီလီယိုတို့ ရုံးနဲ့ တစ်လမ်းပဲခြားတဲ့ ဘဏ်တစ်ခုမှာ လုပ်နေတဲ့ ဘဏ်ဝန်ထမ်းလေး ဖြစ်နေတာပါပဲ။
ဒီအချက်ကို သိလိုက်ရတဲ့နေ့က အီလီယိုရဲ့ ရင်ခုန်သံက စည်းချက်မမှန်တော့အောင်ကို ခုန်လှုပ်ခဲ့ရတာ။ ဘာလို့များ ဒီလောက်အနီးအနားမှာ ရှိနေခဲ့တာကို အခုမှ သတိထားမိရတာလဲဆိုပြီး မိမိကိုယ်ကိုတောင် အပြစ်တင်မိသေးတယ်။
ဒီနေ့လည်း ညနေ (၅) နာရီခွဲ ရုံးဆင်းချိန်...
အီလီယိုတစ်ယောက် အလုပ်တွေကို ခပ်သွက်သွက် သိမ်းဆည်းပြီး ကုတ်အင်္ကျီကို ဆွဲယူကာ ရုံးအပြင်ကို ခပ်မြန်မြန် ထွက်လာခဲ့တယ်။ မှတ်တိုင်ကို ရောက်တော့ ရင်ဘတ်ထဲက အလိုလို ဒိန်းဒိန်းမြည်နေပြီ။ ခေါင်းလေးကို ဟိုလှည့်ဒီလှည့်နဲ့ မျှော်ကြည့်နေတုန်းမှာပဲ...
ESTÁS LEYENDO
Bus Stop Destiny
Romance"တချို့တွေ့ဆုံမှုတွေက ကံကြမ္မာမဟုတ်ဘူးလို့ ထင်ရပေမယ့်... နောက်ဆုံးတော့ ကံကြမ္မာကပဲ အရာအားလုံးကို ပြန်ဆုံစည်းပေးတတ်တယ်။" နေ့တိုင်း ညနေမိုးအေးချိန်မှာ Bus Stop တစ်ခုတည်းကို လာရောက်စောင့်နေတဲ့ လူနှစ်ယောက်။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက "ခဏတာ တိုက်ဆိုင...
