Intro

119 17 18
                                        

Draft#001

" ဒီနေ့မင်းပြုံးနေတယ်... "

ကီးဘုတ်ပေါ်တတောက်တောက်ရိုက်နေတဲ့လက်ချောင်းရှည်တွေရပ်တန့်သွားသည် ။ အရှေ့သို့ဆက်၍မလာတဲ့ ထိုစာဟာ အဲ့ဒီနေရာမှာတင် ဖတ်သူမရှိပဲ အထီးကျန်စွာရပ်တန့်သွားတယ် ။

သူဟာဆက်ရေးဖို့စကားလုံးတွေလည်းရှာ၍မတွေ့ခဲ့..။ တစ်ဖက်သူထံ ပို့ဆောင်ဖို့လည်း သတိမရှိခဲ့ ။

_

အမြင်တင့်တယ်ပြီး ခမ်းနားလှတဲ့အိမ်တော်ကြီးဟာ အတွင်းဘက်တွင်တော့ ဆူညံသံတွေရိုက်ခတ်လျက်ရှိ၏ ။ အပြင်ဘက်မှ သည်းထန်စွာရွာနေသည့် မိုးသံတွေနှင့်အတူ ပတ်ခ်အိမ်တော်၏ ဧည့်ခန်းမှာလည်း ရန်ပွဲတစ်ခုဟာ ပြင်းထန်လို့နေသည် ။

" ခင်ဗျားတော်တော်အားနေလား? ကျွန်တော်ကိစ္စတွေ ဘာကိစ္စ၀င်ပါနေရတာလဲ "

ဘုန်း*

ပြင်းထန်တဲ့ လက်သီးတစ်ခုဟာ အိမ်ကြီး၏ အုတ်နံရံပေါ်သို့၀ုန်းခနဲထိုးသွင်းရာမှ ထွက်ပေါ်လာသည့် အသံဖြစ်၏ ။ ခေါင်းငုံ့၍နေသည့် အစေခံတွေသည်လည်း ရုတ်တရက်အခြေအနေကြောင့် လန့်ဖြန့်ကာတုန်တတ်၍သွားရသည် ။

အားပြင်းသည့်အရှိန်ဖြင့် ထိုးလိုက်သောကြောင့် တန်ပြန်သက်ရောက်သည့် အနေဖြင့် လက်ဖမိုးပေါ်မှတစ်ဆင့် စီးကျ၍လာသည့် နီနီရဲရဲသွေးတွေ​က အနီးပတ်၀န်းကျင်ကလူတွေကို ပင်တုန်လှုပ်ခြောက်ခြားစေသည် ။

ကာယကံရှင်ကတော့ တစ်ချက်လေးတောင်တွန့်ဆုတ်၍မသွားဘူး ။

" သခင်လေး..သွေး..သွေးတွေ "

အစေခံထဲမှ တစ်ယောက်သည် ကျယ်ပျောလှသည့် ဇိမ်ခံထမင်းစားစားပွဲရှည်ကြီး၏ ထိုင်ခုံတွင် မျက်နှာသေဖြင့် ခြေချိတ်ထိုင်နေသူအား တုန်လှုပ်နေသော မျက်၀န်းတို့ဖြင့် လက်ညှိုးထိုးကာပြောသည် ။

The Silence We SignedStories to obsess over. Discover now