Warning ⚠️
Lee Group ရဲ့ ဥက္ကဋ္ဌ ဆန်းဝန်းနဲ့ ကျိုးလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ အန်ရှင်းတို့ နှစ်ယောက်စလုံးဟာ စီးပွားရေးလောကမှာ သြဇာတိက္ကမကြီးမားပြီး အောင်မြင်နေကြတဲ့ အသက် ၃၀ ဝန်းကျင် လူငယ်သူဌေးကြီးတွေဖြစ်ကြပါသည်။
အီဆန်းဝန်းက Lee Group ကို အမြင့်ဆုံးစံချိန်တွေနဲ့ ဦးဆောင်နေသူပါ။ တစ်နိုင်ငံလုံးတွင်မက ဘက်ပေါင်းစုံမှာ ဩဇာညောင်းသည့် Lee Group တစ်ခုလုံး၏ အဓိက ခေါင်းဆောင် သူဌေး ဖြစ်သည်။ မင်းသားတစ်ပါးကဲ့သို့ စမတ်ကျပြီး ခန့်ညားသော ရုပ်ရည်ရှိသည်။ ကြည့်လိုက်သည်နှင့် တည်ငြိမ်ပြီး ခန့်ညားထည်ဝါသည့် Aura ကို ပိုင်ဆိုင်ထားမှန်း သိသာလွန်းလှသည်။အမှားအယွင်း လုံးဝမခံ၊ ဆုံးဖြတ်ချက်တိုင်းတွင် သေချာစိစစ်ပြီးမှ ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်သည်။
စီးပွားရေးအခွင့်အလမ်းများကို ကြိုတင်မြော်မြင်နိုင်သည့် ထက်မြက်သည့် ဦးနှောက်ရှိသူဖြစ်သည်။ Lee Group နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရသည့် မည်သည့် ပရောဂျက်မဆို ၁၀၀% အောင်မြင်မည်ဟု စီးပွားရေးလောကက ယုံကြည်ကြသည်။
အန်ရှင်းကတော့ ကျိုးလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌပါ။ တရုတ်နှင့် ကိုရီးယား နှစ်နိုင်ငံစလုံးကို လွှမ်းမိုးထားသည့် စီးပွားရေးဧကရာဇ် တစ်ပါးပါ။တရုတ်နိုင်ငံတွင်အခြေစိုက်ပြီး ကိုရီးယားအထိ လုပ်ငန်းခွဲပေါင်းများစွာ ချဲ့ထွင်ထားသည့် ကျိုးလုပ်ငန်းစု ၏ ဥက္ကဋ္ဌ၊ သူဌေး ဖြစ်သည်။ ဆွဲဆောင်မှုရှိပြီး တည်ငြိမ်သည့် ခန့်ညားမှုမျိုးရှိသည်။ ပထမဆုံးကြည့်လိုက်သည်နှင့် ထက်မြက်ပြီး ပါးနပ်သည့် ရုပ်ရည်မျိုး ပိုင်ဆိုင်ထားသည်။
စီးပွားရေးကွန်ရက်ကို နိုင်ငံတကာအထိ ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်သည့် မဟာဗျူဟာမြောက် စွမ်းရည်ရှိသည်။ စိန်ခေါ်မှုများပြားသည့် နိုင်ငံတကာဈေးကွက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပြီး အခွင့်အလမ်းတိုင်းကို အကျိုးအမြတ်အဖြစ် ပြောင်းလဲနိုင်သည်။ ကျိုးလုပ်ငန်းစုနှင့် လက်တွဲခွင့်ရပါက နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်သည့် အာမခံချက်ရရှိသကဲ့သို့ ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူတိုင်း လက်တွဲချင်ကြသည်။
