We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

Intro

18 3 2
                                        

London Boy

LA (Los Angeles) ရဲ့ ပူနွေးတောက်ပတဲ့ နေရောင်ခြည်နဲ့ ပေါ်လွင်နေတတ်တဲ့ စိတ်လက်ပေါ့ပါးမှုတွေဟာ Taehyung ရဲ့ ခန္ဓာကိုယ်ထဲမှာ အပြည့်အဝ စီးဆင်းနေတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကိုရီးယား-အမေရိကန် ကပြားလေးဖြစ်တာကြောင့် သူ့မှာ "Teddy" (Teddy Kim) ဆိုတဲ့ အမေရိကန် နာမည် ချစ်စရာလေးလည်း ရှိပါသေးတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ မိဘတွေ ကလေးဘဝကတည်းက ခေါ်ခဲ့တဲ့ "Kim Taehyung" ဆိုတဲ့ ကိုရီးယား နာမည်လေးကိုပဲ ပိုပြီး မြတ်မြတ်နိုးနိုး သုံးစွဲချင်တာပါ။

LA က တက္ကသိုလ်မှာ Photography နဲ့ Arts မေဂျာ တက်နေတဲ့ Taehyung ဟာ သူ့ရဲ့ Graduation Project (ကျောင်းပြီး အမှတ်ပေးပရောဂျက်) အတွက် ၃ လတာ လန်ဒန်မှာ လာရောက်နေထိုင်ရင်း ဓာတ်ပုံနဲ့ စာတမ်းပြုစုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

၃ လဆိုတဲ့ အချိန်က လန်ဒန်မြို့ရဲ့ အငွေ့အသက်ကို သေချာ ထိတွေ့ဖို့ လုံလောက်တယ်လို့ ထင်ခဲ့ပေမဲ့... လန်ဒန်ကို ရောက်ရောက်ချင်း ပထမဆုံးအပတ်မှာတင် အေးစက်စက် ရာသီဥတုနဲ့ မိုးဖွဲဖွဲတွေကြား Taehyung တစ်ယောက် လမ်းစပျောက်နေခဲ့တာပေါ့။
...................................
"Damn it... Google Maps ကလည်း ဘာလို့ အလုပ်မလုပ်တော့တာလဲ..."

Taehyung တစ်ယောက် အမေရိကန် လေယူလေသိမ်း အပြည့်နဲ့ ညည်းတွားရင်း လက်ထဲက ကင်မရာလေးကို အသေအချာ ဆုပ်ကိုင်ထားမိတယ်။ လန်ဒန်ရဲ့ မြေအောက်ရထား (Underground/Tube) ကို စစီးတည်းက လမ်းမှားခဲ့တာမလို့ အခုဆို Camden ရဲ့ ရှုပ်ထွေးလှတဲ့ ဈေးလမ်းကြားထဲမှာ ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေတာပါ။

"Excuse me!"

Taehyung တစ်ယောက် အနောက်ကို အမြန်လှည့်ပြီး လမ်းမေးဖို့ အကူအညီတောင်းလိုက်စဉ်မှာပဲ...

"Whoa!"

အနောက်ကနေ ခပ်သွက်သွက် လမ်းလျှောက်လာတဲ့ လူတစ်ယောက်နဲ့ မီးပွင့်မတတ် အရှိန်လွန် တိုက်မိသွားခဲ့တယ်။ Taehyung လက်ထဲက သောက်လက်စ အေးစက်စက် ကော်ဖီခွက်လေးက အဲ့ဒီလူရဲ့ အနက်ရောင် ကုတ်အင်္ကျီပေါ်ကို စိုစိသွားအောင်ပင်စိမ့်ဝင်သွားတာပေါ့။

"Oh, my god! I'm so, so sorry!"

Taehyung တစ်ယောက် အမေရိကန်စတိုင်အတိုင်း မျက်လုံးလေး ကလယ်ကလယ်နဲ့ ပျာပျာသလဲတောင်းပန်လိုက်မိတယ်။

"I didn't see you coming, I swear... I was just trying to find the station-"

စိုးရိမ်တကြီး တောင်းပန်နေတဲ့ Taehyung ရဲ့ စကားသံတွေဟာ အရှေ့က အရပ်ရှည်ရှည်၊ ပခုံးကျယ်ကျယ်နဲ့ ကောင်လေး ခေါင်းမော့ကြည့်လာတဲ့အခါ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ အညိုရောင် ဆံပင်ခွေခွေလေးတွေ၊ သမင်လေးလို ဝိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ အဲ့ဒီကောင်လေးဟာ ကုတ်အင်္ကျီကို လက်နဲ့ ပုတ်ခါရင်း ခပ်ပြုံးပြုံးလေး စိုက်ကြည့်လာခဲ့တာပါ။

"Alright, mate? It's fine. No worries at all."

အေးဆေးတည်ငြိမ်ပြီး အင်္ဂလန်သား စစ်စစ်တွေမှာပဲ ရှိတဲ့ နွေးထွေးတဲ့ British Accent အသံလေး...။ အဲ့ဒီအသံကြားလိုက်ရရုံနဲ့တင် Taehyung ရဲ့ ရင်ဘတ်ထဲမှာ တစ်ခုခုက လှုပ်ခါသွားသလို ခံစားလိုက်ရတယ်။

"You look a bit lost..." အဲ့ဒီအင်္ဂလိပ်ကောင်လေးက စာနာတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်ရင်း မေးလိုက်တယ်။

"I'm Julian. Jeon Julian."

Taehyung က သူ့ရဲ့ ရွှေအိုရောင်ဆံပင် လေးကိုသပ်လိုက်ရင်း၊ ခါတိုင်း သုံးနေကျ "Teddy" ဆိုတဲ့ အမေရိကန်နာမည်အစား...

"I'm... Kim Taehyung. Just call me Taehyung." လို့ လေးထောင့်ဆန်ဆန်အပြုံးလေး ပေါ်သည်အထိ ပြုံးပြရင်း ပြန်နှုတ်ဆက်လိုက်တော့တယ်။

London BoyStories to obsess over. Discover now