"အချစ်က တကယ်ပူလောင်ရတာပဲ.."
ကိုယ်ခပ်ညည်းညည်း ပြောမိတော့ အစ်ကိုက နှုတ်ခမ်းလေး လှုပ်ရုံမျှ ပြုံးပြီး...
"မင်းက ငယ်သေးတာကိုး..." တဲ့။
အဲ့ဒီအချိန်က ကိုယ့်အသက် ၁၅ နှစ်၊ အစ်ကို့အသက် ၁၈နှစ်။
.........................................................
တစ်ဦးတည်းသောသမီးဖြစ်တဲ့ ကိုယ့်အတွက် တစ်နေ့တစ်နေ့ အိမ်ထဲမှာတင် တစ်ယောက်တည်း ဆော့ကစားရတာ တကယ်ကို ပျင်းရိငြီးငွေ့စရာ ကောင်းလှပါတယ်။ ဒါပေမဲ့ ဒီနေ့ကတော့ ထူးထူးခြားခြား တိတ်ဆိတ်နေကျ ပတ်ဝန်းကျင်လေးဟာ တခြားနေ့တွေနဲ့မတူဘဲ လှုပ်လှုပ်ရှားရှားနဲ့ စည်ကားနေခဲ့တယ်။ အိမ်ဘေးက ခြံဝင်းအလွတ်ကြီးထဲကို ကားအကြီးကြီးတစ်စီး ဆိုက်လာပြီး လူတွေအများကြီး ပစ္စည်းတွေရွှေ့ပြောင်းနေကြတဲ့ အသံတွေကို ကြားနေရတယ်။ ကိုယ်လည်း စပ်စုချင်စိတ်နဲ့ ပြတင်းပေါက်ကနေ ခေါင်းလေးပြူပြီး ချောင်းကြည့်မိတာပေါ့။
"ဒီနေ့ ဘေးအိမ်ကို အိမ်နီးနားချင်းအသစ်တွေ ပြောင်းလာတယ် သမီးရဲ့"
စပ်စုချင်စိတ် ပြင်းပြနေတဲ့ ကိုယ့်မျက်နှာကိုကြည့်ပြီး အမေက အလိုက်တသိ ပြောပြပေးတယ်။
"သမီးအရွယ်တွေရော ပါလားဟင် မေမေ"
"သမီးထက်ကြီးတဲ့ ကောင်လေးတစ်ယောက်တော့ တွေ့လိုက်တယ်..."
ဟင့်... ရွယ်တူမပါဘူးတဲ့လား။
ကိုယ်စိတ်နည်းနည်း ညစ်သွားမိတယ်။ တကယ်ဆို ကိုယ်က ရွယ်တူတွေကလွဲရင် ကိုယ့်ထက်အကြီးတွေ၊ အငယ်တွေနဲ့ သိပ်ပြီးအဆင်ပြေပြေ အကျွမ်းတဝင် ကစားတတ်တာ မဟုတ်တာမို့ပါ။
_
အိမ်နီးနားချင်းအသစ်တွေ ရောက်လာပြီး သိပ်မကြာခင် ညနေခင်းတစ်ခုမှာ ကိုယ်တစ်ယောက်တည်း ခြံထဲက မြက်ခင်းစိမ်းစိမ်းပေါ်မှာ ထိုင်ပြီး အတွေးကမ္ဘာထဲ မျောနေမိတယ်
"ယုန်လေး... အစာရှာထွက်လာတာလား?"
အသံတစ်ခုကြောင့် အတွေးထဲကနိုးပြီး မော့ကြည့်မိတော့၊ အစ်ကိုကြီးတစ်ယောက်က ကိုယ့်ကို ပြုံးစစနဲ့ ငေးကြည့်နေတာကို တွေ့လိုက်ရတယ်။ ယုန်လေး? ကိုယ့်တို့အိမ်မှာ ယုန်လည်းမမွေးပါဘူး။ အဲ့ဒီလူ ဘာတွေပြောနေတာလဲ။
YOU ARE READING
PAPER CRANES [one shot]
Romance_They say a thousand paper cranes can make a wish come true. But every single crane was folded with my heart wishing for your happiness_ 7th January ,2021
![PAPER CRANES [one shot]](https://img.wattpad.com/cover/413867021-64-k282118.jpg)