Midnight 🌙

112 19 0
                                        

H: Let's gooo!

N: ကလေးငယ်အောက်မှာစောင့်နေ။

H: ဟုတ်ကိုကို။

Hong အောက်ကိုဆင်းသွားတယ်။

သူလည်းပြင်ဆင်ပြီး ကွန်ဒိုရဲ့အောက်ဆုံးထပ် car parking မှာစောင့်နေတဲ့ Hong စီသွားတယ်။

N: ကားထဲဝင်တော့လေ tee

Nut က Hong ကိုကားတံခါးဖွင့်ပေးလိုက်တယ်။
သူလည်းကားထဲဝင်ပြီး မြို့လယ်ကညဈေးကိုသွားကြတယ်။
သူတို့သွားရင် Hong ကကားပြတင်းပေါက်အပြင်ဘက်ကိုကြည့်ပြီး စကားတွေတတွတ်တွတ်ပြောနေခဲ့တာ။

H: ကိုကိုဒီနေ့လပြည့်ညဆိုတော့လကြီးကအရမ်းလှတာဘဲ။

N: ဟုတ်လားကလေး?

H: ဟုတ်တယ်ကိုကို ဝိုင်းစက်ပြီးလင်းထိန်နေတာ။ ကြယ်လေးတွေကလည်းမှိတ်တုပ်မှိတ်တုပ်နဲ့အရမ်းလှတာဘဲ!!

N: ကောင်းကင်ကြီးက ကလေးလိုလှချင်လို့နေမှာပေါ့

H: ကိုကိုကစကားတွေအတော်တတ်နေတာ။

N: tee နဲ့မို့ထွက်လာတာပါ။

Hong ကရှက်ပြီးဘာမှပြန်မပြောဘဲပြတင်းပေါက်ဘက်လှည့်ပြီးလေညှင်းခံနေတယ်။

ခနအကြာကျတော့သူတို့မီးတွေလင်းထိန်နေတဲ့ Pratunam market ကိုရောက်ပါပြီ။

Nut ကဘေးကအိပ်ပျော်နေတဲ့ Hong ကိုအသာလေးလှုပ်ပြီးနှိုးလိုက်တယ်။

N: Tee~ Tee ရောက်ပြီနော်။

H: ဪ... အိုခေလေ သွားရအောင်။

ဈေးထဲရောက်တော့အသားကင်ပနံ့တွေ ပုစွန်အစိမ်းသုတ်အနံ့တွေ Thai tea ဆိုင်တွေ အဝတ်အစားဆိုင်တွေ ဂိမ်းတွေအကုန်စုံစိနေတယ်။

H: Nut ငါ Moo ping (ဝက်သားကင်) စားချင်တယ်။

N: သွားမယ်လေ။

သူစားချင်တဲ့ဟာစားရလို့ရတော့မျက်နှာကြီးကပြုံးနေတာဘဲ။

H: ပြီးရင် som tum (သင်္ဘောသီးထောင်း) စားမယ် အဲ့တာပြီးရင် ရေခဲမုန့်စားမယ် ပြီးရင်အရုပ်ဝယ်မယ် ပြီးရင်-

Nut ကသူ့လက်ညှိုးနဲ့ Hongshi ရဲ့ပါးစပ်ကိုပြီးလိုက်တယ်။

N: ကဲအဲ့တာအရင်စားပါဦး ပြီးမှတက်ပြောနော် ကိုယ့်ကလေးမောနေဦးမယ်။

MidnightStories to obsess over. Discover now