Part I

156 1 0
                                        

Losing to Green

Written by Crocodile

ရွှေဇင်ဝင်းနှင့် ကျော်မိုးတို့ မိသားစုတွေက မိတ်ရင်းဆွေရင်းတွေဖြစ်ကြသည်။
ကျော် မိုးက ရွှေဇင်ဝင်း ထက် ၁
နှစ်ကြီးပြီး
ရွှေဇင်ဝင်းတက္ကသိုလိဝင်တန်းအောင်ချိန်မှာ ကျော်မိုးက ရေကြောင်း သိပ္ပံ တွင်
ပထနှစ်ကိုတောင်တက်နေပြီဖြစ်သည်။

"ဂုဏ်ထူး လေးဘာသာတောင်ပါတာပဲ...။ သမီးဘာဆက်လုပ်မယ်စိတ်ကူးလဲ..."

"သမီးက ကျောင်းဆရာမပဲလုပ်မှာ....."

ရွှေဇင်ဝင်းနှင့် သူမဖခင်တို့ အပြန်အလှန်ပြောနေသည့် စကားကြောင်ြ
ကျော်မိုး မျက် နှာမဲ့လိုက်သည်။ သူတို့မိသားစုနှစ်ခုလုံးက
အတန်အသင့်ချမ်းသာကြတာမို့ ငွေရေးကြေးရေး ကို သိပ်ပူစရာမလိုတာကြောင့် မိဘတွေက
သူတို့လုပ်ချင်တာကို ကန့်ကွက်ခြင်းမရှိဘဲ အမြဲ Supporting ပေးမြဲဖြစ်သည်။

ကျော်မိုးတုန်းကလဲ သုံးဘာသာ ဂုဏ်ထူးပါခဲ့ပြီး
ခြောက်ဘာသာပေါင်းရမှတ်ကလည်း အတန်အသင့်များခဲ့တာမို့ ပိုက်ဆံရှာလို့ကောင်းမည့်
သင်္ဘောသားလိုင်းကို ရွေးခဲ့သည်။ ရွှေဇင်ဝင်းနှင့် သူနှင့် ငယ်ငယ်ထဲက
မိဘချင်းသဘောတူ စေ့စပ်ထားတာမို့ သူ့ဇနီးလောင်း ကိုလည်း သူ့လို ငွေရှာရလွယ်မည့်
လမ်းမျိုးကိုလျှောက်‌စေချင်သည်။

ရွှေဇင်ဝင်းကမူ သူမငယ်ငယ်ထဲက ဆန္ဒရှိသည့် ကျောင်းဆရာမအဖြစ်က်ု သာလုပ်
ကိုင်ရန် ဆန္ဒရှိတာကြောင့် စိတ်ပျက်သလိုဖြစ်မိသည်။ ထိုစဉ်က ရွှေဇင်ဝင်းက ပိန်ပိန်ပါးပါး
နှင့် မပြင်တက်မဆင်တက်သည့် ကောင်‌မလေးဖြစ်သည်။ အသားညိုညို ခပ်ပိန်ပိန်ကောင်မ လေးက
ကျော်မိုးအတွက်ဘာမှ စိတ်ဝင်စားစရာမရှိပေ...။

ထို့ကြောင့် ကျော်မိုးက အကယ်၍ ရွှေဇင်ဝင်းက သူနဲ့လိုက်ဖက်မှုမရှိလျှင်
သဘောတူ ထားတယကို ဖျက်သိမ်းပေးဖို့ပင် နှစ်ဖက်လူကြီးရှေ့တွင်ပြောဖြစ်သေးသည်။
ထိုစကားကို ရွှေဇင်ဝင်းကလည်း
ကြားသိသွားပြီး သူမကို အထက်သေးသလို ဆက်ဆံနေသည့် ကျော်မိုး ကို
မျက်မုန်းကျိုးမိသည်။

لقد وصلت إلى نهاية الفصول المنشورة.

⏰ آخر تحديث: Jul 16 ⏰

أضِف هذه القصة لمكتبتك كي يصلك إشعار عن فصولها الجديدة!

Losing to Green قصص لتهوسّ بها. اكتشف الآن