We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

i

27 6 0
                                        

မျက်လုံးတွေ အကြာကြီးမှိတ်ထားခဲ့ရာကနေ စူးရှတဲ့အလင်းရောင်ကြောင့် မျက်ခွံတွေလှုပ်ရှားလာခဲ့တယ်။ မကြာခင်က သူ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကားမောင်းနေခဲ့တာပါ။

မျက်ခွံတွေက လေးလံလွန်းနေတယ်။ ဘယ်လောက်ကြာအောင် မှိတ်ထားခဲ့မိမှန်း မသိတော့တဲ့အထိ အမှောင်ထုထဲမှာ နစ်မြုပ်နေခဲ့တာ။ ရုတ်တရက်... မျက်လုံးကို အတင်းအဓမ္မ ဖွင့်ဟလိုက်တဲ့အခါ စူးရှလွန်းတဲ့ အပြာရောင်အလင်းတန်းတွေက မျက်လုံးအိမ်ထဲကို ထိုးဖောက်ဝင်ရောက်လာတယ်။ အခန်းကလည်း အေးစက်နေတယ်။

ဆောင်းဟျွန်း ခေါင်းကို ထောင်မော့ချင်ပေမယ့် လည်ပင်းကြွက်သားတွေက သူ့အမိန့်ကို နာခံခြင်းမရှိဘူး။ အသက်ရှူရတာ ပုံမှန်မဟုတ်ဘူး။ ရင်ဘတ်ထဲမှာ လေဝင်လေထွက်ရှိတဲ့ ခံစားချက်မျိုးမဟုတ်ဘဲ၊ တစ်စုံတစ်ခု လည်ပတ်နေသလိုမျိုး တုန်ခါမှု အနည်းငယ်ကိုသာ သူခံစားနေရတယ်။

အရာအားလုံးက ဝေဝါးနေတယ်။ အဝေးတစ်နေရာမှာ ရှိနေသလိုမျိုး...။

"အာရုံခံစနစ်က ပုံမှန်အတိုင်း ပြန်စတင်နေပြီ။ ကောင်းလိုက်တာ..."

အသံတစ်သံ။ သိပ်ကို ဩရှပြီး တည်ငြိမ်တဲ့အသံ။

အဲ့ဒီအသံပိုင်ရှင်က သူ့အနားမှာ ရှိနေတယ်။ ဆောင်းဟျွန်း အာရုံစိုက်ဖို့ ကြိုးစားလိုက်ပေမယ့် သူ့ဦးနှောက်ထဲမှာ အချက်အလက်တွေက ပုံရိပ်မကြည်မလင်တွေနဲ့ ရောထွေးနေတယ်။ သူ နောက်ဆုံးမှတ်မိတာက... မိုးရေတွေ တဖွဲဖွဲကျနေတဲ့ လမ်းမပေါ်မှာ ကားမောင်းနေခဲ့တာပဲ။ ဟွန်းသံတွေ၊ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လမ်းမရဲ့ ဆူညံသံတွေ။

အခုတော့... တိတ်ဆိတ်လွန်းတဲ့ ဒီနေရာမှာ ဘာကြောင့် ရောက်နေရတာလဲ။

အရိပ်တစ်ခုက သူ့မျက်နှာအပေါ်ကို မိုးကာလိုက်တယ်။ ယောက်ျားတစ်ယောက်ရဲ့ လက်ချောင်းတွေက သူ့မျက်နှာရဲ့ ဘေးဘောင်တွေကို အေးစက်စက်နဲ့ လာရောက်ထိတွေ့တယ်။

အဲ့ဒီလက်ချောင်းတွေရဲ့ ထိတွေ့မှုက ရင်းနှီးသလိုလို၊ တစ်ဖက်မှာလည်း အလိုလိုနေရင်း ကြောက်လန့်မိသလိုလို။

You've reached the end of published parts.

⏰ Last updated: Aug 05 ⏰

Add this story to your Library to get notified about new parts!

Falling in youStories to obsess over. Discover now