MC 1

34 0 0
                                        

လေယာဉ်ပြတင်းပေါက်ဘေးမှာ ခေါင်းမှီထားရင်းအောက်ဘက်ကို ငုံ့ကြည့်နေခဲ့တယ်။ တိမ်တွေကြားကနေမြို့ရဲ့ မီးရောင်တွေ တဖြည်းဖြည်းပေါ်လာနေပြီ။ ဒီမြို့နာမည် ကြားရုံနဲ့တောင် တစ်ချိန်က သူ့ရင်ထဲမှာ နွေးထွေးမှုတစ်ခု ဖြစ်ခဲ့ဖူးတယ်။ သူ့မျက်လုံးတွေ ငြိမ်သက်နေတယ်။ ဒါပေမယ့် အဲဒီငြိမ်သက်မှု အောက်မှာတော့ ဘယ်သူမှ မမြင်နိုင်တဲ့ အတိတ်တစ်ခု မြှုပ်နှံထားသလိုပဲ
တကယ်ဆို...
တစ်ချို့လူတွေက ကိုယ့်ဘဝထဲကနေ ထွက်သွားပြီးရင် အမှတ်တရပဲ ကျန်ခဲ့တတ်တယ်။ သူ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဖြစ်အပျက်တွေကို မမှတ်မိချင်ပေမယ့် မှတ်မိနေဆဲပဲ။
ဒါပေမယ့် လူတစ်ယောက် ဘယ်လောက်ပဲ ရှောင်ချင်တဲ့ အရာဖြစ်ဖြစ် ဘဝကတစ်ခါတစ်လေ ရွေးချယ်ခွင့် မပေးတတ်ဘူး။ နှစ်ပေါင်းများစွာ မေ့ပစ်ဖို့ ကြိုးစားခဲ့တဲ့ မြို့ကို သူ နောက်ဆုံးတော့ ပြန်ရောက်ပြန်ပြီ။ အပြင်ဘက်မှာ မြို့ရဲ့ မီးရောင်တွေ ပိုပြီး နီးကပ်လာသလို သူ ထားခဲ့ချင်ခဲ့တဲ့ အတိတ်က... အခုတော့ သူရှေ့ကို ပြန်ပြီး ရောက်လာတော့မယ်။
Incheon Airpot က အရင်လို busy ဖြစ်နေတုန်းပဲ။

" Huening "

ရင်းနှီးနေတဲ့ အသံတစ်ခုကြောင့် Kai ရဲ့ ခြေလှမ်းတွေရပ်သွား; သူ့ခေါင်းမော့ကြည့်လိုက်တော့ လူအုပ်တစ်ဖက်မှာ လက်နှစ်ဖက်ကို coat pocket ထဲထည့်ထားရင်း ရပ်နေတဲ့ yeon ကိုတွေ့လိုက်ရတယ်။ အရင်လိုပဲ confidence အပြည့်နဲ့ မျက်နှာပေါ်မှာ ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ရှိနေတယ်။

" မတွေ့ရတာတောင် ကြာသွားပြီ Huening "

Kai သက်ပြင်းချလိုက်တယ်။

" သုံးလလောက်ပဲ ရှိဦးမယ်ထင်တယ်နော် Hyung "

" လေးလနဲ့ တစ်ပတ် "

Kai မျက်ခုံးမြှင့်သွားတယ်။

" Hyung... အဲတာတောင် မှတ်ထားတာလား "

" Huening က ပျောက်သွားတာတောင် သေချာမှတ်ထားရတာပေါ့ "

" ကျွန်တော် အဲလောက်လည်း မဟုတ်ပါဘူး "

" ဟုတ်ရဲ့လား Huening "

" အရင်လက Hyung ဖုန်းတွေခေါ်တာ ဘယ်သူမှမကိုင်တာလဲ "

MY CHICAGOStories to obsess over. Discover now