⚠️ Contains Mature Scenes
"ဒီတစ်ခါတော့ တကယ်ပြတ်ပြီ ။
ဟင့်... တကယ်ပြောတာ။"
ဆောနူတစ်ယောက် လက်ထဲက တစ်ရှူးစလေးကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း နှပ်ရည်တို့ကို
ညှစ်လိုက်ပြီးကာမှ လုံးထွေးကာလွှင့်ပစ်လိုက်ပြီး
နှာသံလေးကတရှုံ့ရှုံ့နဲ့ အရှိန်မသေ
သေးတဲ့ ရှိုက်သံသဲ့သဲ့လေးတွေထွက်နေသေးသည်။
ပါးပြင်ပေါ် တစ်ဖြိုင်ဖြိုင် စီးကျနေတဲ့ မျက်ရည်
တွေကို လက်ဖမိုးနုနုလေးနဲ့ ခပ်ကြမ်းကြမ်း
ပွတ်သုတ်လိုက်ရင်း င်ိုထားသည့်အရှိန်ကြောင့်
ဖြူဝင်းနေတဲ့ ပါးမို့မို့လေးတွေက ရဲတက်လာသည်။
"ဒီတစ်ခါတကယ်ပြတ်ပြီးသူနဲ့"
boxထဲမှ တစ်ရှုးကိုလှမ်းယူရင်း
နှာခေါင်းထိပ်နီနီလေးကို အားရပါးရ
ဖူးခနဲနှပ်ညှစ်လိုက်ပြီးကာမှ
ကလေးတစ်ယောက်လို
စူပုတ်ကာ စကားသံ ထွက်လာခြင်းဖြစ်သည်။
သူ့ပုံစံကို ကြည့်ပြီး sofa ပေါ်မှာ ဘေးချင်း
ယှဉ်ထိုင်နေတဲ့ ဂျယ်ယွန်းက သက်ပြင်းတစ်ချက်
ချလိုက်ရင်း
"ဖြစ်ရပြန်ပြီ ဆောနူရယ်။
ပြီးရင် ဟိုက လာချော့တာနဲ့အမြီးလေး
နန့်ပြီး ကောက်ကောက်ပါအောင်
ပြန်ပါသွားမှာပဲကို မင်းက"
ဂျယ်ယွန်းက ရိုးအီနေပြီဆိုတဲ့ မျက်နှာပေးနဲ့
ခနဲ့တဲ့တဲ့ ပြောလိုက်တော့ ဘေးက ဂျောင်ဝန်း
ကလည်း ဟုတ်ပါ့ ဆိုသည့်သဘောဖြင့်
ခေါင်းတငြိမ့်ငြိမ့် ထောက်ခံနေသည်။
သူငယ်ချင်းနှစ်ယောက်ရဲ့ စာနာမှုမရှိတဲ့
အမူအရာတွေကို မြင်တော့ ဆောနူတစ်ယောက်
ချက်ချင်းပင် စိတ်တိုသွားပြီး စားပွဲပေါ်က
နှာချေးညှစ်ပြီး လုံးထွေးထားတဲ့ တစ်ရှူးများကို
ကောက်ယူ၍ဂျယ်ယွန်းကို ပစ်ပေါက်လိုက်ပြီး
စွာစိလန်နေတဲ့ အသံသေးသေးလေးနဲ့
အော်တော့သည်။
"တကယ်ပြောနေတာပါဆို!
မင်းတို့သူငယ်ချင်းနဲ့ငါ တကယ်ပြတ်ပြီ!"
တကယ်တော့ နီခီ နဲ့ ဂျယ်ယွန်းတို့ ဂျောင်ဝန်းတို့
ခင်မင်ခဲ့ရတာ ဆောနူကြောင့်ပင် ဖြစ်သည်။
YOU ARE READING
Happy Birthday,Mg's Ddeonu (sunki )
FanfictionSUNKI Fanfiction [Mature ON] special gift for sunoo's birthday
