နက်ဖြန်ကျောင်းဖွင့်ပြီးဆိုတော့ အဆောင်နေမဲ့ကျောင်းသားတွေကို လာရောက်ပို့ပေးကြတဲ့မိဘတွေနဲ့အဆောင်ဝန်းထဲမှာ ရှုပ်ရှပ်ခက်လို့နေတာပေါ့
"ဟေးးးး ဂွန်းဟို"
အဝေးကနေ ကောင်လေးတစ်ယောက်က ဂွန်းဟိုကိုလက်လှမ်းပြနေခဲ့တော့ ဘယ်သူလဲဆိုပြီး သေချာကြည့်လိုက်မိမှ သူရဲ့အချစ်ဆုံး
Best friend လေး ဆောင်းဟျွန်းဆိုသူပေါ့
မှနှစ်ကတည်းက အဆောင်မှာအတူတူနေမယ်ဆိုပြီး တိုင်ပင်ထားခဲ့ကြတာ။ မိဘတွေအချင်း"ကလဲသိနေကြတော့ သူတို့နှစ်ယောက်ကိုစိတ်ချကြတာပေါ့။ ဂွန်းဟိုကဆောင်းဟျွန်းကို သူငယ်ချင်းတစ်ယောက်ထက် မပိုသေးပင်ပဲ ဆောင်းဟျွန်းကတော့ ဂွန်းဟိုအပေါ်ချစ်နေခဲ့တာ အလယ်တန်းကျောင်းသားဘဝတည်းကပင်။ ဂွန်းဟိုကိုလာကြိုက်တဲ့
ကောင်မလေးတွေ ဂွန်းဟိုကို စာတွေ၊မုန့်တွေလာပေးနေတဲ့အချိန်ဆို သူ့မှာကြိတ်ပြီးသဝန်တိုရတာအမော ဒါတွေကိုဂွန်းဟိုနည်း"လေးမှမသိပါဒါမဲ့ ဂွန်းဟိုကတော့ ဆောင်းဟျွန်းကိုအရမ်းအနိုင်ယူလွန်းတာပေါ့။
"ဖြည်း"အော်ပါကွာ"
"ဝမ်းသာလို့ပေါ့ ဒီမျက်ခွက်ကြီးမြင်ရလို့"
ဂွန်းဟိုရဲ့မျက်နှာကိုလက်ညိုးနဲ့ထိုးလိုက်ကာ
ခါးထောက်ပြီး ပြောနေလေသူ
"သားရေ ဆောင်းဟျွန်းလေးကို အန်တီတို့
ထားခဲ့တော့မယ်နော် ရန်မဖြစ်နေကြနဲ့ဦး
တည့်အောင်နေကြနော်"
"စိတ်ချအန်တီ အန်တီ့သားကိုကျတော်စောင့်ရှောက်ထားလိုက်ပါ့မယ်ဗျ"
"မြင်လား အောမ်ဂျီ သူများတွေက ယဉ်ကျေးလိမ္မာလိုက်တာ မင်းနဲ့တခြားစီ"
"အပေါ်ယံတွေပါ အမေရာ"
ဂွပ်!!
ဆောင်းဟျွန်းအမေကဆောင်းဟျွန်းခေါင်းကို
လှမ်းခေါက်လိုက်သည်
"အာ့ အမေကလဲ နာတာ"
"သူများကိုကြပြောနေတာ မင်းတောင်ယဉ်မကျေးပဲနဲ့။ကဲသွားပြီနော်သားတို့"
"နဲ~"
ဂွန်းဟိုကတော့ဆောင်းဟျွန်းအမေတို့ထွက်သွားတာနဲ့ဆောင်းဟျွန်းပုခုံးက်ိုဖက်ကာ အခန်းထဲ
ဝင်သွားသည်
အခန်းကနည်း"ကျယ်ပေမဲ့ နှစ်ထပ်စဉ်ကုတင်
နှစ်ခုက ထောင့်တစ်ထောင့်စီမှာရှိတာကြောင့် ကျယ်တယ် ပြောလို့ရသည်
"မင်း အပေါ်ထပ်နေမှာလား အောက်ထပ်လား"
"အပေါ်မှာပဲနေချင်တာ"
"ရတယ်လေ အသစ်နှစ်ယောက်ထပ်လာဦးမှာ"
"အော် ဟုတ်လား"
"အင်းလေ"
ဆောင်းဟျွန်းလဲသူအိပ်ရမဲ့အပေါ်ကကုတင်လေးပေါ်မှာပက်လှက်လှမ်လိုက်တယ်
"ဟူးးး အခုမှပဲနားရတော့တယ်"
"မင်းပဲ ဘာမှမလုပ်ရဘဲ ပင်ပန်းနေလိုက်"
"ပင်ပန်းတယ်ကွာ ဘာမှလာမပြောနဲ့ အိပ်ပြီ"
"အိပ်ပုတ်ကောင် အောမ်ဂျီ"
"ရားး~ အန်ဂွန်းဟို ဘာဖြစ်လဲ ငါ့ဘာသာ
အိပ်တာ"
"အိပ်" မတားဘူး အိပ်တော့"
သူအိပ်ချင်တာက်ိုနည်း"လေးစမိတာတောင် စွာစိလန်နေတဲ့ အောမ်ဂျီလေး
ခဏကြာတော့ ဂွန်းဟိုလဲ luggage အိတ်ထဲကအဝတ်တွေကို ဗီရိုထဲပြောင်းပြီး သူ့အိပ်လေးပေါ့ ထိုင်လိုက်တော့ ခေါက်သံသဲ့သဲ့လေးကိုကြားလိုက်ရသည်
"တော်တော်ပင်ပန်းသွားတယ်ထင်တယ်
ခေါက်တောင်ခေါက်တယ်ဆိုတော့"
ဆောင်းဟျွန်းကတော့ ခြေပြစ်လက်ပြစ်နဲ့
အိပ်နေလိုက်ပုံများ ကာလနဂါးသေလို့ဝင်စား
တယ်လို့တောင်ထင်သည်
အစလေးမို့ချိုနေတာနော် နောက်ကျ ငိုရင်ငိုမှာ
ဒါမဲ့ ပြောတတ်တော့ဘူးဗျာ 😭💕
YOU ARE READING
Love's second chance
Poetry"မင်းကဒီလောက်ငါ့အပေါ်ရက်စက်နေတာတောင် ဘာလို့အပြစ်မမြင်မိတာလဲ"
