He Chang Xi က fan meeting ပွဲပြီးတာနဲ့
backstage ထဲ ဝင်လာခဲ့တယ်။
တစ်နေ့တာလုံး အလုပ်လုပ်ထားရလို့ ပင်ပန်းနေပြီ။
ဒါပေမယ့် သူ့စိတ်ထဲမှာတော့ မျက်နှာတစ်ခုက ထပ်ခါထပ်ခါ ပေါ်လာနေတယ်။
ရှေ့ဆုံးတန်းမှာ အမြဲရပ်နေတတ်တဲ့ fan တစ်ယောက်။
He Yan Zhao။
ပွဲတိုင်းလိုလို ရောက်လာတယ်။
အော်ဟစ်ပြီး အာရုံစိုက်ချင်တဲ့ fan တွေလို မဟုတ်ဘူး။
တိတ်တိတ်လေး ရပ်နေတတ်တယ်။
ဒါပေမယ့် Chang Xi စင်ပေါ်တက်လာတဲ့ အချိန်တိုင်း သူ့မျက်လုံးတွေက တောက်ပသွားတတ်တယ်။
ပထမတစ်ခါတော့ တိုက်ဆိုင်မှုလို့ ထင်ခဲ့တယ်။
ဒုတိယတစ်ခါ
တတိယတစ်ခါ။
နောက်တော့ Chang Xi ကိုယ်တိုင် သတိထားမိလာတယ်။
အဲ့ဒီ fan က အမြဲရှိနေတယ်။
မိုးရွာတဲ့နေ့မှာလည်း ရှိတယ်။
နေပူတဲ့နေ့မှာလည်း ရှိတယ်။
အချိန်မီမရောက်နိုင်တဲ့ fan တွေ ရှိပေမယ့် အဲ့ဒီကောင်လေးကတော့ ဘယ်တော့မှ မပျက်ကွက်ဘူး။
"အဲ့ဒီကောင်လေးကို စုံစမ်းပေးစမ်း။"
တစ်နေ့ Chang Xi က manager ကို ရုတ်တရက် ပြောလိုက်တယ်။
Manager က မျက်ခုံးပင့်သွားတယ်။
"ဘယ်သူလဲ?"
"ရှေ့ဆုံးတန်းက အရပ်ရှည်ရှည်နဲ့ ကောင်လေး။"
"Fan တစ်ယောက်ကိုလား?"
"ဟုတ်တယ်။"
Manager က ရယ်ချင်သွားတယ်။
He Chang Xi က fan တွေအကြောင်း စိတ်ဝင်စားတာ ရှားတယ်။
ဒါပေမယ့် ဒီတစ်ခါတော့ တကယ်စိတ်ဝင်စားနေပုံရတယ်။
ရက်အနည်းငယ်ကြာတော့ အချက်အလက်တွေ ရလာတယ်။
He Yan Zhao။
အသက် ၂၃ နှစ်။
ကျောင်းပြီးခါစ။
Chang Xi ရဲ့ fan ဖြစ်လာတာ သုံးနှစ်ကျော်ပြီ။
Fan meeting ပွဲအများစုကို တက်ရောက်ဖူးတယ်။
Manager ပေးတဲ့ ဖိုင်ကို ဖတ်ပြီး Chang Xi ခဏတိတ်သွားတယ်။
"သုံးနှစ်တောင်..."
သူ မသိတဲ့ အချိန်တွေအတောအတွင်း။
Yan Zhao ဆိုတဲ့ ကောင်လေးက သူ့နောက်ကနေ အမြဲရှိနေခဲ့တာ။
အဲ့ဒီအတွေးကြောင့် အကြောင်းမရှိဘဲ နှလုံးသားတစ်နေရာ နွေးထွေးသွားတယ်။
လအနည်းငယ်ကြာပြီးနောက်—
Chang Xi ရဲ့ team မှာ assistant တစ်ယောက် အရေးပေါ်လိုအပ်လာတယ်။
အင်တာဗျူးနေ့မှာ လူတော်တော်များများ လာဖြေကြတယ်
Chang Xi က အစပိုင်းမှာ စိတ်မဝင်စားဘဲ ဖုန်းကြည့်နေတယ်။
ဒါပေမယ့် နောက်တစ်ယောက် ဝင်လာတဲ့အချိန်—
သူ ခေါင်းမော့ကြည့်လိုက်တယ်။
ပြီးတော့ လှုပ်ရှားမှု ရပ်သွားတယ်။
"မင်္ဂလာပါ..."
တင်းမာနေတဲ့ အသံ။
ရှက်နေတဲ့ အကြည့်။
Chang Xi ချက်ချင်း မှတ်မိသွားတယ်။
He Yan Zhao။
သူ သုံးနှစ်လုံးလုံး သတိထားမိခဲ့တဲ့ fan။
Yan Zhao ကတော့ သူ့ကို မှတ်မိမယ်လို့ မထင်ထားဘူး။
အင်တာဗျူးကို ပုံမှန်ပဲ ဖြေနေတယ်။
ဒါပေမယ့် Chang Xi ရဲ့ အကြည့်တွေက သူ့အပေါ်ကနေ မခွာဘူး။
အင်တာဗျူးပြီးလို့ Yan Zhao ထွက်သွားတဲ့အချိန်။
Manager က မေးလိုက်တယ်။
"ဘယ်လိုထင်လဲ?"
Chang Xi က တံခါးပိတ်သွားတဲ့ဘက်ကို ကြည့်ရင်း ပြုံးလိုက်တယ်။
"သူ့ကို ခေါ်လိုက်။"
"ဘာ?"
"Assistant အလုပ်အတွက်။"
"ဒီလောက်မြန်မြန် ဆုံးဖြတ်တာလား?"
Chang Xi က ဘာမှမရှင်းပြဘူး။
သူ သိတာ တစ်ခုတည်း ရှိတယ်။
သုံးနှစ်ကြာ သူ့ကို အဝေးကနေ ကြည့်နေခဲ့တဲ့ လူတစ်ယောက်...
အခုတော့ သူ့အနားကို ရောက်လာတော့မယ်ဆိုတာပဲ။
အရေးအသားမကောင်းရင် ခွင့်လွှတ်ကြပါ ကလေးနှစ်ယောက်ကိုချစ်လွန်းလို့ရေးတာ တခါမှ မရေးဖူးဘူး
VOUS LISEZ
When the Idol Fell First"
Fanfictionနာမည်ကြီးမင်းသားနဲ့ သူ့ရဲ့ Fan boy လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်
