Chapter 1

6 2 0
                                        


ထိုင်ပေ (Taipei )ရဲ့ ညနေခင်းကမိုးရွာခါနီးဖြစ်၍ကောင်းကင်
တစ်ခုလုံး ညို့မှောင်နေခဲ့ပြီး အခန်းထဲတွင် Yufan တစ်ယောက်တည်း ထိုင်နေရင်း ပြတင်းပေါက်ကနေတစ်ဆင့် မှိုင်းညို့နေသည့် မြို့ပြကောင်းကင်ကြီးကို ငေးကြည့်နေမိ၏။

ထိုင်ပေရဲ့ ညနေခင်းက မိုးရွာခါနီးမို့လို့ လေထုတစ်ခုလုံးက စိုစွတ်ပြီး မွန်းကျပ်လို့နေလေရဲ့။

Yufan သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချရင်း အခန်းထောင့်က စင်ပေါ်မှာ တင်ထားတဲ့ Ice Hockey ပစ္စည်းတွေဆီသို့ အကြည့်က ရောက်သွားသည်။
တစ်ချိန်က သူ အသက်ထက်မက မြတ်နိုးပြီး ကစားခဲ့တဲ့၊ ကွင်းထဲမှာ ပြေးလွှားနေချိန်တိုင်း စိတ်လှုပ်ရှားမှုအပြည့် ရှိခဲ့ဖူးတဲ့ ထိုအရာတွေက အခုတော့ အနက်ရောင်အိတ်ကြီးထဲမှာ ဖုန်တက်လို့ ကျန်ရစ်ခဲ့လေပြီ။

ကိုရီးယားကနေ ထိုင်ပေကို သူ ပြန်လာခဲ့တာ ၆ လကျော်သာ ရှိသေးသည်။ ထို ၆ လလုံးလုံး သူ အကြိုက်ဆုံး အားကစားကို ကစားဖို့ နေနေသာသာ၊ ထိုပစ္စည်းတွေကို ထိတောင်မထိချင်တော့လောက်အောင် သူ့စိတ်အာရုံတွေက အေးစက်သေဆုံးနေခဲ့ရသည်။

နှင်းတွေ ဝေဝေဆာဆာကျတတ်တဲ့ ကိုရီးယားမြေဆီကို ပညာသင်ဖို့ သွားခဲ့စဉ်က အဲဒီမှာ သူ့ဘဝရဲ့ "အချစ်ဦး" နဲ့ ဆုံတွေ့ခဲ့ရလိမ့်မယ်လို့ Yufan တစ်ခါမှ မတွေးခဲ့ဖူးပါ။ အရာအားလုံးက နွေးထွေးခဲ့ဖူးပြီး အဲ့ဒီနိုင်ငံမှာပဲ တစ်သက်လုံး အခြေချဖို့အထိ သူ စဉ်းစားခဲ့ဖူးသည်။

ဒါပေမဲ့...
ဒါပေမဲ့ အရာအားလုံးက မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ ထိုနေ့က ရိုးရှင်းလွန်းတဲ့ "ဘာမှမဟုတ်တဲ့ စကားတစ်ခွန်း" ကြောင့်ပဲ အပိုင်းပိုင်းအစအန ကွဲကြေခဲ့ရတယ်။
ထိုစကားတစ်ခွန်းကြောင့်ပဲ သူ ကိုရီးယားက အိပ်မက်တွေကို အကုန်စွန့်လွှတ်ပြီး နှလုံးသားတစ်ခုလုံး ဒဏ်ရာတွေနဲ့ ထိုင်ပေကို ပြန်လာခဲ့ရခြင်း ဖြစ်သည်။

အတွေးကမ္ဘာထဲနစ်မြောနေတုန်း ကျယ်လောင်စွာထွက်
ပေါ်လာတဲ့ဖုန်းမြည်သံကြောင့်yufanဆက်ခနဲ့တုန်၍လန့်သွားခဲ့ရသည် ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တော့ PaPa ဆိုတဲ့ အမည်နာမ

The 18-Day LayoverWhere stories live. Discover now