နာမည်ကြီးရုပ်သံလှိုင်းမှာ တိုက်ရိုက်လွှင့်နေတဲ့ ပွဲအစီအစဉ်ဟာ ကြည့်ရှုသူပေါင်း မီလီယမ်နဲ့ချီနေပြီး စက္ကန့်မလပ်တိုးလို့နေသည်။ ကွင်းလုံးပြည့်လျှံနေတဲ့ပရိသတ်ရဲ့ ၀က်၀က်ကွဲအားပေးသံ၊ အော်ဟစ်သံတွေဟာ သီချင်းသံကိုတောင် ဖုံးလွှမ်းမတတ်ပင်။ အထူးသဖြင့်စတိတ်ပေါ်က ကောင်လေးဟာ သူ့ရဲ့ခါးလေးကို စည်းချက်အလိုက် နူးညံပျော့ပြောင်းစွာလှုပ်ရှားသွားတိုင်း အသံတွေပိုကျယ်လာတတ်သည်။ အနက်ရောင် topလေးဟာ ခါးသာသာပဲရှိပြီး တစ်ခါတစ်ခါ အပေါ်ကိုတက်သွားသဖြင့် သေးသေးသွယ်သွယ်ခါးလေး လှစ်ခနဲ့ပေါ်လာတတ်သည်။ ထိုအခါမျိုးတွင် အားပါးတရအော်ဟစ်ပြီး အားပေးသံတွေဟိန်းထွက်လာတော့၏။ သူတို့သဲသဲလှုပ်သည်မှာလည်း လွန်သည်ဟုမဆိုနိုင်။ စလိုက်မီးရောင်ကြောင့် ၀င်းပြောင်နေသောမျက်နှာကလေးမှာ အပြစ်ဆိုစရာမရှိအောင် ချောမောပြေပြစ်နေပြီး မျက်လုံးလေးကို ဝေ့ဝဲကစားလိုက်၊ နှုတ်ခမ်းလေးကိုကိုက်လိုက်နဲ့ ဆွဲဆောင်မှုရှိရှိ ကခုန်နေတော့ရာ မိန်းကလေးတွေသာမက ပုရိသများကိုပါ ဖမ်းစားနိုင်တော့၏။
ထိုတိုက်ရိုက်လွှင့်သည့်အောက်တွင် မှတ်ချက်တွေ ထောင်သောင်းချီတက်လာနေ၏။ ချီးကျူးစကားတွေလည်းရှိသလို အမျိုးစုံသောကြူးနည်းတွေနဲ့ အသားယူပြောဆိုနေကြသည်များလည်းရှိသည်။
" ဟွမ်ရှင်းရှင်းရဲ့ ခါးလေးကို ကိုင်လိုက်ရရင်တော့လား "
" ယောက်ျား ...တက်နင်းလိုက်စမ်းပါ "
" ဘာတဲ့ ၊ ဒီအလှလေးကို ပိုင်ရရင် သေပျော်ပြီဆိုပဲ ၊ အဓိပ္ပာယ်မရှိလိုက်တာ တောက် ! "
မန့်တွေကို အသံထွက်လိုက်ဖတ်ရင်း သည်းမခံနိုင်တဲ့အဆုံး ဖုန်းကိုအနားရှိကုတင်ပေါ်သို့ ချိုးတင်းကျယ် ပစ်တင်လိုက်သည်။ တော်တော်ကို စည်းမရှိတဲ့သူတွေ ၊ အနုပညာကို အနုပညာလို မခံစားနိုင်ကြဘူး။ ဟွမ်ရှင်းကရော ဘာလို့ဒီလောက် ပျော့ပြောင်းအောင်ကတတ်နေတာလဲ။ အဲ့ဒီအသုံးမကျတဲ့ အ၀တ်အစားတွေကိုရော ဘယ်သူဆင်ပေးလိုက်ပြန်ပြီလဲ။ ခါးကလည်းတိုသည့်အပြင် ကျောပြင်ကလည်းဗလာ ။ အဲ့လောက်ပေါ်နေမှတော့ အောက်ကလူတွေ အသည်းအသန်ဖြစ်နေတာလည်း အပြစ်မဆိုသာတော့ပေ။ ချိုးတင်းကျယ်မှာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း သည်းမခံနိုင်သည့်အဆုံး ဖုန်းကိုယူကာ နံပါတ်တစ်ခုကိုကောက်ဆက်လိုက်သည်။
YOU ARE READING
I .F.L.Y ( Completed )
Fanfictionငယ်ငယ်...ချိုးတင်းကျယ် မသိလိုက်ခင်မှာ ဘ၀ထဲကို စီး၀င်လာတဲ့ အနွေးဓာတ်လေး။
