🧟♂️🧪 Intro 🧟♀️🧫
အလင်းမှိန်မှိန်သာရှိပြီး နည်းပညာမြင့်စက်ပစ္စည်းတွေ ပြည့်နှက်နေတဲ့ လျှို့ဝှက်မြေအောက်ဓာတ်ခွဲခန်း..။
အခန်းအလယ်က မှန်လုံအိမ်ထဲမှာ အပြစ်ကင်းတဲ့ ကြောင်ဖြူလေးတစ်ကောင် ရှိနေသည်။ လူတစ်ယောက်က စမတ်ကျကျ ဝတ်ဆင်ထားပြီး အေးစက်တဲ့အကြည့်တွေနဲ့ ထိုမှန်လုံအိမ်ကို ကြည့်နေလျက်
"ဒီကမ္ဘာမှာ ပြည်သူတွေကို ထိန်းချုပ်ဖို့ သေနတ်တွေ၊ စစ်တပ်တွေ သုံးတာ ခေတ်ကုန်သွားပြီ Est လူတွေရဲ့ 'စိတ်' ကို ထိန်းချုပ်နိုင်မှ၊ ငါတို့ရဲ့ ခြေဖဝါးအောက်မှာ သူတို့ ဒူးထောက်လာအောင် လုပ်နိုင်မှ... အာဏာက ထာဝရ တည်မြဲမှာ မင်းပြောတဲ့ အရာက ငါ့ကို ဒါတွေ ပေးနိုင်မှာ သေချာရဲ့လား?"
"ဒါထက်ပိုပြီး သေချာတာ မရှိတော့ဘူး ဝန်ကြီး Perth ခင်ဗျား တောင်းဆိုတဲ့ 'ပြီးပြည့်စုံတဲ့ ထိန်းချုပ်မှု' အတွက် ကျွန်တော်စမ်းသပ်နေတာ ကြာပြီ အခု... ဒီမှာ ကြည့်လိုက်ပါ..ဒါက ကျွန်တော့်ရဲ့ အကြီးမားဆုံးနဲ့အခက်ခဲဆုံး ဖန်တီးမှုပဲ"
ဆိုကာမီးချောင်းစိမ်းရောင်တောက်နေတဲ့ ဗိုင်းရပ်စ်ပြွန်ကို မျက်တောင်မခတ်တမ်း ကြည့်ရင်းပြောလိုက်သည်။
"စိတ်ဝင်စားစရာပဲ... ဒါက ဘာလဲ? ရှင်းရှင်းလင်းလင်း ပြောပြစမ်းပါ"
ဆိုပြီးပြောတော့Estကမျက်မှန်ကို ပင့်တင်ရင်း ဂုဏ်ယူတဲ့ လေသံဖြင့်
"ရိုးရိုးရှင်းရှင်း ပြောရရင် ဒါက 'ဆဲလ်တွေကိုအမြန် ရှင်သန်ပွားများစေတဲ့ ဗိုင်းရပ်စ်'... တနည်းအားဖြင့်တော့လွယ်လွယ်ပြောရမယ်ဆိုZombie Virus လိုပေါ့ ဒါပေမဲ့ ရုပ်ရှင်တွေထဲကလို လျှောက်ကိုက်ပြီး သေသွားတဲ့ သာမန်အဆင့်မျိုး မဟုတ်ဘူး သူက လက်ခံသူရဲ့ ဦးနှောက်ဆဲလ်တွေကို ဖျက်ဆီးပစ်တာ မဟုတ်ဘဲ၊ ဦးနှောက်ရဲ့ စိတ်ခံစားမှုနဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းရှိတဲ့ အပိုင်းကိုပဲ 'ပိတ်ပစ်' လိုက်တာ"
"ဆိုလိုတာက...?"
"ဆိုလိုတာက... ဒီဗိုင်းရပ်စ် ဝင်သွားတဲ့သူဟာ သေသွားတာ မဟုတ်ဘူး ဆဲလ်တွေက အဆမတန် မြန်မြန်ဆန်ဆန် ပြန်ရှင်သန်နေပြီး ခန္ဓာကိုယ်က ဒဏ်ရာရရင်တောင် ချက်ချင်းပြန်ကောင်းမယ် ဒါပေမဲ့ သူတို့မှာ 'အတ္တ' မရှိတော့ဘူး လွတ်လပ်တဲ့စိတ် မရှိတော့ဘူး ဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့ 'အဓိက အမိန့်ပေးစနစ်' ရဲ့ စကားကိုပဲ နာခံရမယ့် အသိဉာဏ်မဲ့ သက်ရှိရုပ်ကလာပ်တွေ ဖြစ်သွားမှာ ခင်ဗျား ချယ်လှယ်ချင်သလို ချယ်လှယ်လို့ရတဲ့ အရုပ်တွေပေါ့!"
ထိုရှင်းပြချက်အဆုံးPerth Tanaponကသဘောကျစွာ ရယ်မောရင်း
ESTÁS LEYENDO
LAB 101: The Outbreak [Completed]
Fanfiction"ကစားပွဲကပြီးသွားပြီး" Perth Tanapon "ဤficသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ "
![LAB 101: The Outbreak [Completed]](https://img.wattpad.com/cover/411844626-64-k90713.jpg)