1

19 4 0
                                        

"Opposites Attractive?"

ချန်းရဲ့စကားကြောင့် လီဆာစိတ်ဝင်တစား လှည့်ကြည့်လိုက်မိသည်။ Locker ပေါ်တွင်မည်သူလာကပ်ထားမှန်းမသိသော စာစောင်တစ်ခု၏ထိပ်စီးပိုင်းဖြစ်သည်။

"နင့်မှာလည်းရှိနေတယ် လီဆာ"

လီဆာ့ locker ကိုလှမ်းကြည့်ရင်း ချန်းက ပြောလိုက်သည်။ တချို့ကျောင်းသားတွေ၏ Locker တွင်လည်းထို poster ရှိနေသည်။ တစ်ချို့ဆီမှာတော့မတွေ့ရ ။ ဖြုတ်ပြီးသိမ်းထားတာလည်းဖြစ်နိုင်သလို မူလကတည်းက မကပ်တာလည်းဖြစ်နိုင်သည်။

"Art exhibition တဲ့ ကျောင်းမှာလုပ်မှာလည်းမဟုတ်ဘူး "

"ကျောင်းမှာလုပ်မှတော့အခုလိုအပင်ပန်းခံပြီး Locker တွေမှာလိုက်ကပ်ပါ့မလား"

"ဒီမှာကြည့်ဦးလီဆာ အောက်ဘက်နားကနာမည်"

J..e..n..n..i..e Jennie??

"ဂျန်းနီလား"

"ဒါဆို ဂျန်းနီကပုံလဲဆွဲတတ်တာပဲပေါ့ ဘက်စုံပဲနော်"

ဂျန်းနီကိုလီဆာတို့သိကြသည်။ လီဆာတို့သာမက ကျောင်းမှလူ တော်တော်များများလည်း သိကြသည်။ ယောကျာ်းလေးတွေကတော့ တပ်မက်စွဲလန်းမှုကြောင့်သိကြပြီး မိန်းကလေးတွေကတော့ မနာလို အားကျစိတ်ကြောင့်သိကြသည်။ လီဆာတို့လို သူများတွေပါးစပ်ကြားမှသာသိရပြီး ဘာခံစားချက်မျိုးမှမပါဘဲ သိထားကြသူများလည်းရှိသည်။

"Art exhibition တောင်လုပ်မှတော့ဆွဲတတ်လို့ပဲဖြစ်မှာပေါ့"

"နင်သွားမှာလား လီဆာ"

"မသိသေးဘူး"

"ငါတော့သွားမလို့ နင်လည်းပန်းချီတွေကိုသဘောကျတာပဲ လိုက်ခဲ့ပါလား"

"ဒါပေမယ့် ဂျန်းနီကိုမြင်တောင်မမြင်ဖူးဘူးလေ.."

"ဟေး လီဆာ သူဖိတ်ထားတာပဲလေ ပြီးတော့ငါတို့ကပန်းချီတွေကိုခံစားဖို့သွားမှာပဲလေ ဂျန်းနီကိုသွားကြည့်မှာမှမဟုတ်တာ"

ချန်းက သူ့လက်ထဲမှ poster ကိုအနည်းငယ်မြှောက်ပြရင်းဆိုသည်။

ထောက်ခံသည့်အနေဖြင့်ခေါင်းသာငြိမ့်ပြလိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 15 ⏰

Add this story to your Library to get notified about new parts!

MelancholicStories to obsess over. Discover now