part 1

150 4 0
                                        

အခန်း 1မှော်ဆရာ၏ ၀ိဉာဏ်

ယူရှောင်းမိုတစ်ယောက် မှန်ရှေ့ မတ်တပ်ရပ်ရင်း မှန်ထဲမှ လူစိမ်းကို စိတ်ရှု့ပ်ထွေးစွာနှင့် ကြည့်နေမိသည်။ ဦးနှောက်ဆဲလ်များကို တော်တော်လေး အလုပ်ပေးပြီးသည့် နောက်မှာတော့ သူ့ရဲ့ ၀ိဉာဏ်က အခု ဒီလူစိမ်း၏ ခန္ဓာကိုယ်ထဲ ရောက်နေသည့် ဆိုသည့် အချက်ကို ယုံကြည့်လိုက်ရတော့သည်။ မှန်ထဲမှ လူငယ်လေး၏ အသက်ကို အကြမ်းဖျင်း ခန့်မှန်းရလျှင်တော့ ဆယ့်ခွန် ဆယ့်ရှစ် လောက်ပဲ ရှိလိမ့်မည်။
တရုတ်ရိုးရာ အပြာရောင်ဝတ်စုံရှည် ကို ၀တ်ဆင်ထားကာ သာမာန် အစိမ်းနှင့် အပြာ ရောစပ်ထားသည့် ဆံထိုးတစ်ခုကို နက်မှောင်လှသည့် ဆံပင်များ အလယ် ဦးခေါင်းထိပ်တွင် ထိုးထားသေးသည်။ အကုန်လုံးကို ပေါင်းကြည့်လိုက်လျှင် တစ်ကမ္ဘာခြားနေသလို ဖြစ်နေပေမယ့် သူ့မျက်နှာမှာ တော်တော်လေး ဖြူဖျော့နေသည်။
အဓိက ကတော့ သူ့နှုတ်ခမ်းတွေက အရောင်အဆင်းတောင် ကင်းမဲ့နေကာ အခုလေးတင်မှ တော်တော်လေး ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုကို ခံထားရပုံ ပေါ်သည်။ မျက်ဝန်းလှလှတစ်စုံမှာလဲ အရမ်းကို နီမြန်းလှပြီး သစ်ကြားသီး တစ်လုံးလို ရောင်ယမ်းနေသေးသည်။ ယူရှောင်းမိုကတော့ ရုတ်တရတ်ကြီး အားတွေ စုတ်ယုတ်သွားသလို ခံစားရကာ ရုတ်တရတ်ကြီး သူ့မျက်နှာက ပြောင်းလဲသွားသည်ကို အသားမကျ နိုင်သလို ဖြစ်နေသည်။
စိတ်ကူးယာဉ် ကမ္ဘာထဲ တစ်ခဏလောက် ခံစားအပြီးမှာတော့ ယူရှောင်းမို သူရောက်နေသည့် အခန်းကို အကဲဖြတ်ဖို့ အလှည့် ရောက်လို့သွားသည်။ သစ်သားကုတင်၊ သစ်သားစားပွဲခုံ၊ သစ်သားကုလားထိုင်နှင့် မှန်တင်ထားသည့် သစ်သားကောင်တာ သာ ရှိရာ အတော်လေး ခပ်ချာချာ ဟုသာ ပြောရမည်။ မလိုအပ်သည့် အရာ ဘာတစ်ခုမျှ မရှိပေ။
အခန်းက ရိုးရှင်းလှသလို အကြမ်းထည်လို ခံစားချက်ကြီးကြောင့် သူ ရှေးခေတ်ကို ရောက်နေတာပင်။ သူ့ ကိုယ်ပေါ်က အ၀တ်အစားများနှင့် သူရဲ့ တစ်ကမ္ဘာခြားနေသည့် အသွင်အပြင်များကို စပ်ဆက် စဉ်းစားလိုက်လျှင် ယူရှောင်းမိုမှာ သူ ခေတ်နောက်ပြန်ဆွဲနေသည့် ရှေးခေတ်းကို ရောက်ရှိနေကြောင်း ၀မ်းနည်းစွာ ရှာဖွေ သိရှိသွားရသည်။ သူက ခေတ်သစ်လူသားလေ။
သူ့ဘေးခန်းက ဂတ်စ်တွေ စိမ့်ထွက်ရကနေ ပေါက်ကွဲမှု ဖြစ်တာကို သူ ရှင်းရှင်းကြီး မှတ်မိနေသည်။ ထို ပေါက်ကွဲမှုကြောင့် အပြစ်မဲ့သည့် အခန်းနားနီးချင်း ဖြစ်နေသူ သူ့မှာ ဒီလူစိမ်း၏ ခန္ဓာကိုယ် ထဲကို ကူးပြောင်းသည့် အဖြစ်ရောက်သွားရသည်။ မဖြစ်နိုင်ဘူးဟု ထင်ရပေမယ့်လဲ ဖြစ်နေတာက တကယ်ကြီးပင်။ ခဏလောက် စိတ်ထဲ လွန်ဆွဲ အပြီးမှတော့ ဖြစ်ရသမျှ အကောင်းဟုသာ ယူရှောင်းမို သဘောထားရတော့သည်။
ဖိနပ်လေး စီးကာ အပြင်ထွက်ပြီး အခြေအနေလေး အကဲခတ်တော့မလို လုပ်လိုက်သည့် အချိန်မှာပဲ တံခါးကို အပြင်ကနေ ရုတ်တရတ် တွန်းဖွင့်လိုက်သည်နှင့် ကြုံသွားကာ သူ့မှာ လန့်ဖြန့်လို့ သွားသည်။ တစ်ဖက်လူကလဲ အမြန်ရှောင်လိုက်တာမို့ ယူရှောင်းမိုနှင့် တိုက်မိဖို့ မှ တည်းတည်းလေးသာ လိုတော့သာမို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်းမှာ အံအားသင့်သွားရသည်။
“ယူရှောင်းမို မင်း နောက်ဆုံးတော့ အိပ်ရာထဲက ထွက်လာပြီပေ့ါ”
သူ့နာမည်ကို သူတစ်ယောက်ပဲ သိသည် ဆိုတာကို ယူရှောင်းမို သေချာလှသည့်မို့ ဒီလူက ဒီခန္ဓာကိုယ်၏ မူလပိုင်ရှင်ကို ခေါ်တာ ဖြစ်ရမည်။ မိုးနတ်မင်းက သူ့အပေါ် ကောင်းသေးတာပဲ သူ့ကို နာမည်တူသူ တစ်ယောက်၏ ခန္ဓာကိုယ်ကို ပေးထားသေးသည်။
ယူရှောင်းမိုက အသစ်ဝင်လာသူကို အကဲခတ်လိုက်သည်။ သူနှင့် အသက်တူလောက် ရှိလောက်မည့် ဒီခပ်ချောချော လူလေးမှာ အရမ်းကို တောက်ပလှသည့် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။ ဒါပေမယ့် သူ့စကားက ဘာသဘောကြီးလဲ။ ‘မင်းနောက်ဆုံးတော့ အိပ်ရာထဲက ထွက်လာပြီပေ့ါ’ ဆိုတာကြီးက သူ့မှာ အပျင်းကြီးသည့် အကျင့်ဆိုး ရှိနေတယ်လို့တေ့ လာမပြောနဲ့နော်။ သူမေးမှာကို တောင် စောင့်မနေပါပဲ ထိုလူငယ်လေးက စကားဆက်ပြောလိုက်သည်။
“ယူရှောင်းမို၊ အားမလျော့စမ်းပါနဲ့ကွ၊ မင့် ၀ိဉာဏ်အရောင်က အစိမ်းဆိုပေမယ့် အနည်းဆုံးတော့ မင်း အလတ်တန်းစား မှော်ဆရာ ထဲမှာ ပါသေးတယ်လေကွာ။ အလတ်တန်းစား မှော်ဆရာကလဲ အရမ်းရှားတယ်ဆို မင်းလဲ သိသားနဲ့။ အချို့တွေကို သူတို့ တစ်ဘ၀လုံး အဆင့်နိမ့် မှော်ဆရာ အဖြစ်နဲ့ သက်တန်းကုန်သွားတာပဲလေ။ အဲဒိတော့ မင်း အားမလျော့နဲ့။ မနက်ဖြန် မနက်ကျရင် မှော်ဆရာ ခန်းမ ကို သွားကို သွား။ ကိုယ့်ကိုကိုယ် အားတင်းစမ်းပါကွ”
ယူရှောင်းမို သူ့ခေါင်းတွေ မူးနောက်လာကာ ဦးနှောက်ကြီးတောင် ပွင့်ထွက်တော့တော့ မလားဟု ခံစားလိုက်ရသည်။ ဘာလဲ အစိမ်းရောင်ဝါ ဆိုတာ ၊ အလတ်တန်းစားမှော်ဆရာ ဆိုတာကရော ဘာကြီးလဲ။ ဘာလို့ သူဘာမှ နားမလည်ရတာလဲ။ ဒါပေမယ့် သူ နည်းနည်းတော့ စပြီး နားလည်စ ပြုလာသည်။
ကြည့်ရတာ ဒီခန္ဓာကိုယ် ပိုင်ရှင်က အစိမ်းရောင် ရောင်ဝါ ၀ိဉာဏ်ပိုင်ရှင် ဖြစ်လိမ့်မည်. ဘယ့်နှယ့် ဦးထုပ်စိမ်း ဆောင်းထားရသလို (ကိုယ့်ချစ်သူ အခြားသူနဲ့ ဖောက်ပြန်သလို) ကြီး ခံစားနေရတာလဲ။ ဒါ့ကြောင့်ပဲ သူ့အခန်းထဲမှာ ရင်ကွဲပက်လက်နှင့် တိတ်တိတ်လေး ပုန်းပြီး ငိုနေတာလား နောက်ဆုံးတော့ မကျေမချမ်း အဖြစ်လွန်ပြီး သေသွားတယ်ပေ့ါ။ ယူရှောင်းမို မျက်နှာကို အသာအုပ်လိုက်မိသည်။ ဒီလိုကြီး သေတာကတော့ သောက်ရမ်း ရှက်စရာ ကောင်းတယ်လေကွာ….
“ဒါဆို မင်းကရာ” ယူရှောင်းမို စပ်စုလိုက်သည်။
အခုလောလောဆယ် သူသိတဲ့သူ ဆိုလို့ ဒီတစ်ယောက်ပဲ ရှိသည်။ သူ့ဆီကနေပဲ ဒီလောက အကြောင်း သတင်းလေး ဘာလေး နှိုက်မှ ရမည်။ ဒါပေမယ့် ဒီတစ်ယောက်က သူက ယူရှောင်းမို အစစ်မဟုတ်တာကို သိသွားမှာလဲ စိုးတာကြောင့် တည့်ကြီးလဲ သွားမေးလို့ မရနိုင်။
ဒါပေမယ့် သူတို့ က အချင်းချင်းသိတာ သိပ်မကြာသေးဆိုတာကို သူမသိလိုက်ပေ။ ပြီးတော့ ပိုဆိုးတာက သူ့ပါရမီစွမ်းရည်က နိမ့်လွန်းတယ်ဆိုတာ သိလိုက်ရတဲ့နောက် အခန်းထဲ ကိုယ့်ဘာသာကိုယ် ပိတ်လှောင်ကာ အပြင်မထွက်တာမို့ သူနှင့် ပတ်သတ်သည့် အရာတွေ အများကြီး မသိသေးတာလဲ ပါသည်။
လူငယ်လေးက ချက်ချင်းဆိုသလို ပြုံးဖြီးကာ အပျော်တွေကို ဖုံးဖိလို့တောင် မနိုင်ပဲ “ငါ့ရောင်ဝါက အပြာရောင်လေ”
တစ်ချက်ကြည့်လိုက်တာနှင့်တင် အပြာရောင်က ပိုကောင်းမည် ဆိုတာ သိသာလှသည် ဒါပေမယ့် သူဘာမှ နားမလည်သေးဘူးလေ အား…..
“အဲ.. ငါနားမလည်သေးဘူး ဒီရက်ထဲ ငါ့ခေါင်းတွေ ရှုပ်နေလို့ မေ့သွားတာတွေလဲ အများကြီးပဲ မင်း နည်းနည်းလောက် ထပ်ပြောပြပါလား”
ယူရှောင်းမိုက မလုံမလဲနှင့် ပေါ်သွားမှာ စိုးသည့် အလား သူ့မျက်နှာတောင် တိုက်ရိုက်မကြည့်ရဲပေ။ လူငယ်လေးကတော့ လုံးလုံးကို သတိထားမိပုံ မရပဲ သူသိသမျှ အကုန် အိတ်သွန်ဖာမှောက် ပြောပြတေ့ာသည်။ သူတို့ အခုဘယ်မှာ ရောက်နေတာက အစ ပြောရမယ့် အရာ မှန်သမျှကို ပြောပြတော့သည်။ အဲဒါတွေကို နားထောင်အပြီးမှာတော့ ယူရှောင်းမိုမှာ မင်သက်သါားရသည်။ သူ့စိတ်ထဲမှာလဲ အံသြသထက်ကို အံ့သြမိလာသည်မှာ ထိုကောင်လေး အခန်းထဲကနေ ပြန်ထွက်သွားသည်ကိုတောင် သတိမထားမိတော့သည် အထိပင်။
ဒီကမ္ဘာက သူသိသည့် ကမ္ဘာနှင့် လုံးလုံးကို ကွဲပြားလှသည်။ သူရောက်နေသည်မှာ လုံရှန်းတိုက်မကြီး၏ အကြီးဆုံး ဂိုဏ်းဖြစ်သည့် ထျန်းရှင်းဂိုဏ်း ဖြစ်သည်။ အတိအကျပြောရမည် ဆိုလျှင်တော့ သူက အစမ်းစောင့်ကြည့်ကာလ ဂိုဏ်သားတစ်ယောက်ပဲ ဖြစ်နေသေးသည်။ ပြီးတော့ ထျန်းရှင်းဂိုဏ်းကို အပိုင်း နှစ်ပိုင်း ခွဲနိုင်သည်။ စစ်သည်တော် အပိုင်းကတော့ သိုင်းပညာရှင်တွေ ဖြစ်သည်။ သူတို့၏ ၀ိဉာဏ်များက ရောင်ဝါမဲ့သော်လည်း အမျိုးမျိုးသော စွမ်းအင်ထိန်းချုပ်နည်းများနှင့် သိုင်းကျင့်စဉ်များကို ကျင့်ကြံနိုင်သ
ည်။ ပြီးတော့ နောက်တစ်ပိုင်းကတော့ မှော်ဆရာဌာန ဖြစ်သည်။ မှော်ဆရာတိုင်းတွင် အရောင်ရှိ ရောင်ဝါများ ပိုင်ဆိုင်သည်။
အရောင်များကို အဆင့်ဆင့် အလွှာလွှာ အနုကနေ အရင့်အထိ အဆင့်ဆင့်ခွဲထားသည်။ ပန်းရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ စိမ်းပြာရောင်၊ အပြာရောင်နှင့် ခရမ်းရောင် ဆိုပြီး ရှိသည်။ ပန်းရောင်နှင့် အ၀ါရောင်မှာ အဆင့်နိမ့် မှော်ဆရာများသာ ဖြစ်နိုင်သည်။ အစိမ်းနှင့် စိမ်းပြာရောင်မှာ အလတ်တန်းအဆင့် မှော်ဆရာ အဖြစ် ဖြစ်နိုင်သည်။ အပြာနှင့် ခရမ်းရောင်မှာမူ အဆင့်မြင့် မှော်ဆရာ အဖြစ် ဖြစ်လာနိုင်သည်။ ဒါပေမယ့် အရောင် ရင့်လာလေလေ ပိုပြီး အစွမ်းကြီးလေလေ ဖြစ်သည်။ ဥပမာအားဖြင့် ခရမ်းရောင်ဆိုပါဆို့၊ သူ့ဖြစ်နိုင်ချေက အပြာရောင်ထက် ပိုသာသည်။ ဒါ့ကြောင့်ပဲ ထိပ်တန်းအဆင့် မှော်ဆရာ အဖြစ် ဖြစ်နိုင်ခွင့် မျှော်လင့်ချက် ရှိသည်။
အပြာရောင် ရောင်ဝါကတော့ နောင်တစ်ချိန်မှာ အဆင့်မြင့် မှော်ဆရာ ဖြစ်လာနိုင်သည်။ အစောက ကောင်လေးမျက်နှာက ၀င့်ကြွားနေတာလဲ မပြောနှင့် လေ။ ဒီခန္ဓာပိုင်ရှင်ကတော့ မှော်ဆရာဌာနခွဲက စောင့်ကြည့်ဂိုဏ်သား တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သည့် သုံးရက်က ထျန်းရှင်းဂိုဏ်က လူကြီးများ လူသစ်စုဆောင်းသည့် အထဲ ပါလာတာ ဖြစ်သည်။ မူလပိုင်ရှင်က နည်းနည်းတော့ မာနကြီးသည်။ ဒါပေမယ့် အကဲဖြတ်စစ်ဆေးချိန်တုန်းက သူ့ရဲ့ ပါရမီက လူကြားထဲ အနိမ့်ဆုံးဆို သိလိုက်ရသည့် အတွက် လက်သင့်မခံနိုင်ပါပဲ အခန်းထဲ ပုန်းငိုနေတာ ဖြစ်သည်။
ဒီလောက်တောင် ခံနိုင်ရည် မရှိတာ ကြီးကတော့…
အဲဒိ အထဲမှာ အရမ်းအရေးကြီးသည့် အချက်ကို သူ သိလိုက်ရသေးသည်။
သူက စောင့်ကြည့်ဂိုဏ်သား ဖြစ်တာကြောင့်မို့ နှစ်ဝက်အတွင်းမှာ အကဲဖြတ်အဆင့်ကို အောင်မှ ဖြစ်မည် မဟုတ်လျှင် ဂိုဏ်းကနေ အနှင်ထုတ်ခံရလိမ့်မည်။ ထျန်းရှင်းဂိုဏ်းဆိုတာက လုံရှန်းတိုက်မကြီး၏ အကြီးဆုံးဂိုဏ်းဖြစ်တာကြောင့် သူ့ ဂိုဏ်းသားများအပေါ် လိုအပ်ချက်မှာ များစွာ တင်းကြပ်လှသည်။ မှော်ဆရာဆို ပိုလို့တောင် ဆိုးသေးသည်။ နှစ်ဝက်အတွင်း လိုအပ်သည့် အရာကို မလုပ်နိုင်ပါက ထွက်သွားဖို့သာ ပြင်ရလိမ့်မည်။
ဒေသစိမ်းတစ်ခုမှာ လူစိမ်းတွေနဲ့ချည်း ဆိုတော့ ဦးနှောက်က ပုံမှန်အတိုင်း အလုပ်မလုပ်သေးသည့် ယူရှောင်းမိုမှာ နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သလို ဒိန်းခနဲတောင် ဖြစ်သွားရသည်။

The Legendary Master's WifeHistorias para obsesionarse. Descúbrelo ahora