💞

22 6 0
                                        

**Sweet**

မြို့ပြရဲ့ ညနေခင်းဟာ ရွှေအိုရောင် နေခြည်နုနုတွေနဲ့ လွှမ်းခြုံထားတယ်။ SH Group ရဲ့ ၃ နှစ်ပြည့် နှစ်ပတ်လည် ဧည့်ခံပွဲ ကျင်းပရာ ခန်းမကြီးအတွင်းမှာတော့ တယောသံ သဲ့သဲ့နဲ့အတူ စီးပွားရေးလောကက လူကုံထံတွေ စည်ကားနေကြတယ်။

SH Groupရဲ့ ငယ်ရွယ်ပြီးထက်မြတ်လွန်းတဲ့ CEOဆောင်းဟန်ဘင်းကတော့ ဝိုင်ခွက်ကို ခပ်ဖွဖွကိုင်ရင်း ကြွရောက်လာသမျှ ဧည့်သည်တွေကို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်နေပေမဲ့ သူ့ရဲ့ စိတ်တွေကတော့ စင်ပေါ်မှာအဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး တယောတံလေးကိုရွေ့လျားကာ စွဲမက်စရာကောင်းတဲ့ သံဇဉ်တေးသွားတွေကို လှလှပပဖန်တီးနေတဲ့ နမည်ကြီးတယောပညာရှင်ဖြစ်တဲ့ ကျန်းဟာအိုဆီမှာသာ အလုံးစုံနစ်ဝင်လျက်။

အလုပ်ကိစ္စကလွဲရင် ဘာကိုမှ စိတ်မဝင်စားတတ်တဲ့အပြင် အေးတိအေးစက်ပုံစံကြောင့် အားလုံးက 'ရေခဲမင်းသား'ဟုပင် နမည်ပြောင်ပေးခံထားရတဲ့ CEOဆောင်းတစ်ယောက် ခုတော့ဖြင့်တယောဆရာလေးရဲ့ တေးသွားတွေထဲ နစ်မျောသွားတာ ပွဲပြီးတဲ့အထိပါပဲ။

CEOဆောင်းရဲ့ စိတ်အာရုံဏ်အလုံးစုံကို တယောသံဇဉ်တွေကပဲ ညှို့ယူသွားသလား ဒါမှမဟုတ် တယောဆရာလေးကများလား ဒီမေးခွန်းရဲ့အဖြေကိုတော့ CEOဆောင်းကလွဲပြီး ဘယ်သူမှမသိနိုင်ပါ။

သံစဉ်တွေ အဆုံးသတ်သွားပြီး ခန်းမတစ်ခုလုံး လက်ခုပ်သံတွေနဲ့ ဖုံးလွှမ်းသွားတဲ့အချိန်မှာမှ ဟန်ဘင်း သတိပြန်ဝင်လာတော့တယ်။စင်ပေါ်မှာ ပရိသတ်ကို ခါးညွတ်နှုတ်ဆက်နေတဲ့ ဟာအိုရဲ့ အပြုံးက ဝိုင်ထက်ပင် ပိုမိုယစ်မူးဖို့ကောင်းနေသလားပဲ။

"ဘော့စ်.. တယောဆရာလေးက တကယ်တော်တာပဲနော်။ သူ့ကို ဒီပွဲမှာ ဖျော်ဖြေပေးဖို့ ကမ်းလှမ်းရတာ တော်တော်မလွယ်တာ"

တယောဆရာလေးကို ငေးကြည့်နေတုန်း ဘေးနားက အတွင်းရေးမှူးရဲ့ စကားကြောင့် ဟန်ဘင်း မျက်တောင်တစ်ချက် ခတ်လိုက်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ ပြန်မေးလိုက်တယ်။

"ဘာလို့လဲ?"

"တယောပညာရှင်ကျန်းဟာအိုမို့လေဗျာ။သူက ပိုက်ဆံပေးတိုင်း လိုက်တီးပေးတဲ့သူမျိုး မဟုတ်ဘူး။ အခုက ကျွန်တော့်အဖေနဲ့ တယောဆရာလေးအဖေနဲ့က ရင်းနှီးတဲ့ မိတ်ဆွေတွေမို့လို့၊ ကျွန်တော့်အဖေကတစ်ဆင့် အကူအညီလှမ်းတောင်းပေးလို့သာ သူက လက်ခံပေးတာ။"

SweetWhere stories live. Discover now