Never click suspicious links
Reminder: Wattpad will never ask for passwords, payment information, or other sensitive account security details.

We'll Always Be Together

329 33 7
                                        

မိုးရွာနေတဲ့ နေ့​လေးတစ်နေ့။
ခြံဝန်းအပြင်ဘက်ရှိ လမ်းမလေးပေါ်တွင် ၁၀နှစ်​သားအရွယ်ကလေးနှစ်ယောက် အပြေးပြိုင်နေကြတယ်။
"မာတင် မြန်မြန်လာ​လေ"
"ဂျိမ်းစ် စောင့်ပါဦး!"
ဂျိမ်းစ်က မိုးထဲမှာ လက်​လေးတွေဖြန့်ကာ​ဆော့ကစားရင်း ရယ်​​နေသည်။ မိုးစက်​လေးများဟာသူ့အတွက် ကစားစရာများကဲ့သို့နှယ်
မာတင်ကတော့ ဂျိမ်းစ်ရှိရာသို့အမှီ​ပြေးလာ​လေသည်
"မာတင် ​ဖြေး​ဖြေးလာ ​ချော်လဲမယ်နော်!"
"ဘာမှဖြစ်ဘူးးး"
အဆုံးမှာတော့
မာတင်လဲကျသွားတယ်။
​"တွေ့လား ​ပြောသားပဲ ​ချော်လဲပါမယ်ဆိုကွာ"​ပြောရင်း မာတင်အားဂျိမ်းစ်ထူ​​ပေးလိုက်သည်

မာတင်က​​တော့ မျက်လုံး​လေး​တွေမှိတ်​နေ​အောင်ပြုံးပြပြီး
"ကိုကိုရှိရင် ဘာဖြစ်ဖြစ်အဆင်​ပြေတယ်​လေ။"

အဲဒီနေ့ကစပြီး—
ဂျိမ်းစ်အတွက်"သူ့ထက်လပိုင်းငယ်တဲ့မာတင်ကို စောင့်ရှောက်ရမယ်” ဆိုတဲ့အသိဟာ ​နေ့စဥ်ပုံမှန်လုပ်​နေကျအရာတစ်ခုလိုဖြစ်သွားခဲ့တယ်။
နှစ်တွေကြာသွားပြီ
ကလေးဘဝကနေသူတို့အခုအထက်တန်းကျောင်းသားတွေဖြစ်လာကြပြီး မာတင်ဟာသူ့ထက်အရပ်ရှည်လာခဲ့တယ် သို့​သော်ခုထိ​တပူးပူးတတွဲတွဲ​နေမြဲပါပဲ
"မာတင်"
"ဘာလဲ?"
"ငါတို့​နေ့လည်စာတူတူစားမလား?"
"နေ့တိုင်းပဲ အတူစားနေကြတာမလား…"
"အဲ့​တော့မင်းကမစားချင်ဘူးလား?"
"မဟုတ်ပါဘူး"
ဂျိမ်းစ်ကတော့ အရင်လိုနေရောင်ခြည်ကဲ့သို့​နွေး​ထွေးတောက်ပနေတုန်းပဲ မာတင့်အတွက်ဂျိမ်းစ်ဟာ
ငယ်စဥ်ကတည်းကအရာရာကာကွယ်​စောင့်​ရှောက်​ပေးလာခဲ့တဲ့ကိုကိုပါ ကိုကိုသိပါ့မလား သူ့အတွက်ကိုကိုဟာထူးခြားတဲ့ဖြစ်တည်မှု​လေးဆိုတာ.. ကိုကိုဘယ်​တော့မှသိမှာလဲ ကျွန်​တော်ကိုကို့ကိုသ​ဘောကျတယ်ဆိုတာ လွန်ခဲ့တဲ့အလယ်တန်းနှစ်​တွေကစပြီးသူဟာကိုကို့အ​ပေါ်ချစ်စိတ်စတင်​ပေါက်ဖွားခဲ့တာဖြစ်တယ်
တစ်နေ့ ​နေ့လည်မုန့်စား​ကျောင်းဆင်းချိန်အတန်းထဲတွင်
"ဂျိမ်းစ် ဒီပုစ္ဆာကိုဘယ်လို​ဖြေရှင်း..."
မာတင် စကားပြောနေရင်း ရပ်သွားတယ်
ဂျိမ်းစ်ဟာ မျက်နှာလေးကိုစားပွဲပေါ်တင်ပြီးအိပ်​ပျော်နေတယ်။နေရောင်ခြည်ကလည်း သူ့မျက်နှာပေါ်မှာကျ​နေတယ် ဒီအခိုက်အတန့်မှာကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသလိုမာတင်ခံစားလိုက်ရတယ် 
သူ့မျက်စိ​ရှေ့မှာအိပ်​မောကျ​နေတဲ့ကိုကိုဟာ အသက်ရှူမှား​လောက်​အောင်တအားလှ​နေတာမဟုတ်ဘူးလားအခု!
မာတင်ရဲ့နှလုံးသားကမူမမှန်ချင်​တော့ဘူး။
သူ့လက်က မသိလိုက်ပါဘဲ
ဂျိမ်းစ်ရဲ့ဆံပင်ကိုဖွဖွ​လေးထိလိုက်မိတယ်။
"မာတင်…"
မာတင် လန့်သွားတယ် သူခိုးလူမိသွားတာကိုး ခိခိ
"အိပ်​​ပျော်​​နေတာမဟုတ်ဘူးလား?!"
ဂျိမ်းစ်က မျက်လုံးတစ်ဖက်ဖွင့်ကြည့်ပြီး
"အိပ်နေတာပဲ​လေ…"
ပြီးတော့ နူးနူးညံ့ညံ့​လေးပြုံးလိုက်တယ်။
"မင်း ထိလိုက်တာ ငါသိတယ်​နော်။"
"သွားပြီ ကိုကိုကငါထိလိုက်တာသိတယ်တဲ့ ဘယ်လိုလုပ်မလဲ"
မာတင့်မျက်နှာဟာ ခရမ်းချဥ်သီး​လေးလိုနီမြန်းလာပြီး "မ…မထိဘူး ​ပေါက်ကရ​​​တွေ​ပြောမ​နေနဲ့ အိပ်မက်မက်ပြီးလာမစွပ်စွဲနဲ့​နော် ဂျိမ်းစ်"
"ထိတယ် 😏"
​နောက်တစ်ချိန်PEချိန် ထိတယ်မထိတယ်​တွေမသိဘူး မြန်"အဝတ်လဲဖို့ထ​တော့ ဂျိမ်းစ် ငါသွားနှင့်ပြီ"
ဂျိမ်းစ် စိတ်ထဲတွင်
"ဒီက​လေးငါ့ကိုရိုက်စားလာလုပ်​နေတာလား? မင်းထိလဲငါဘာ​ပြောမှာမို့လဲ ငါမင်းကိုသ​ဘောကျ​နေမိပြီ မာတင် မင်းဘက်က​ငါ့ကိုဘယ်လိုသ​ဘောထား​နေလဲမသိ​​ပေမဲ့ ခုနကမင်းငါ့ဆံပင်ထိလိုက်တဲ့အခိုက်
အတန့်မှာငါ့နှလုံးသား​ပေါက်ထွက်​တော့မလိုပဲ"
"ကဲ ငါလဲသွားသင့်ပါပြီ​လေ"
PEအချိန်အပြီး
မာတင် ဂျိမ်းစ်ဆီအလာ မြင်လိုက်ရတဲ့မြင်ကွင်းက..
ဂျိမ်းစ်က တခြားအတန်းကကောင်မလေးတစ်ယောက်နဲ့စကားပြောနေတာကိုမြင်လိုက်ရတယ်။
ရယ်နေကြတယ်။
နီးနီးကပ်ကပ်ပဲ… ကိုကိုကသူနဲ့ရယ်​နေတယ် ပြီး​တော့အပြုံးကလည်းလှလိုက်တာ ငါတစ်​ယောက်တည်းပိုင်ချင်တာကို...
မာတင်ရဲ့ရင်ထဲမှာအဆင်မပြေတဲ့ ခံစားချက်တစ်ခုဖြစ်​ပေါ်လာတယ် မသိလိုက်ခင်မှာဘဲ မာတင် ဂျိမ်းစ်ကိုမ​ခေါ်​တော့ဘဲပြန်လှည့်လာမိတယ်
"မာတင်"
ဂျိမ်းစ်က လက်လှမ်းပီးလှမ်းခေါ်လိုက်တယ်။
မာတင်က လှမ်းကြည့်လိုက်ပြီး—
"ဘာလဲ?"
အသံက နည်းနည်း အေးစက်ပြီးခက်ထန်သွားတယ်။
ဂျိမ်းစ်သတိမထားမိလိုက်ဘူး
"ည​​နေ အိမ်တူတူပြန်မယ်မလား?"
"မလိုဘူး!။"
ဂျိမ်းစ် စိုးရိမ်ကာမာတင့်နား​ပြေးလာသည်
"ဘာလို့လဲ…"
မာတင်ဟာသူ့မျက်လုံးမကြည့်ဘဲ
"မင်း သူနဲ့သွားလိုက်​​ပေါ့ "
"သွားစရာလားကွာ ငါတို့projectလုပ်ဖို့ကိစ္စ​ဆွေး​နွေး​နေတာပါကွာ တင်တင်ရယ် စိတ်မဆိုးစမ်းပါနဲ့"
"ဘယ်သူကစိတ်ဆိုး​နေလို့လဲ မလိုဘူး မင်း​ဆွေး​နွေးစရာရှိတာပြန်သွား​ဆွေး​နွေး​လေ ငါသူငယ်ချင်း​တွေနဲ့အတူပြန်မှာ"
မာတင်အလိုမကျစွာ​ပြောရင်းအတန်းထဲပြန်လာခဲ့သည် တကယ်ဆိုသူကိုကို့ကိုမ​အော်ချင်ပါ သို့​သော်စိတ်အလိုမလိုက်တဲ့ဒီပါးစပ်ကြီးဟာ ကိုကို့အ​ပေါ်အကန်​တွေ​ပြောခဲ့သည် မတတ်နိုင် ကိုကိုစိတ်မ​ကောင်းဖြစ်သွားမလားမသိ​ပေမဲ့ ရင်ထဲတွင်နာကျင်ရသည်မို့​ပြောမိ​ပြောရာ​ပြောမိသည် ခု​တော့ကိုယ့်လုပ်ရပ်နဲ့ကိုယ် တစ်​ယောက်တည်းအိမ်ပြန်ရ​တော့မည် ကိုကိုမပါ​တော့​ခြောက်ကပ်ကပ်နှင့်ပျင်းစရာ​ကောင်း​နေ​တော့မှာ​တော့အ​​သေအချာပင်
"မာတင်" ကိုကို​ခေါ်လိုက်တယ်..
သို့​သော်မာတင်စကားပြန်မ​ပြောပါ အတန်းထဲတွင်
ကိုကို့အား​ကျောင်းဆင်းသည်ထိလျစ်လျူရှုဖို့သူဆုံးဖြတ်ထားသည်။
ည​နေ​ကျောင်းဆင်းချိန်​ရောက်​​သော်
မာတင် ဂျိမ်းစ်ထက်အရင်ပြန်နှင့်သည် တစ်ယောက်တည်း အိမ်ပြန်လမ်းလေးပေါ် လျှောက်​နေခဲ့တယ် အမှတ်တရတွေဟာတရိပ်ရိပ်ပြန်​ပေါ်လာခဲ့​လေသည်
"ကိုကို ရှိရင်အဆင်​ပြေတယ်"
ရင်ဘတ်ထဲ​အောင့်သလိုပဲ။ မာတင်အ​တွေးနယ်ချဲ့​နေစဥ် မိုးဟာသည်းကြီးမည်းကြီးရွာချလာတယ်
"မာတင်"
အသံပိစိ​လေးတစ်ခု
မာတင်လှည့်ကြည့်လိုက်မိတော့
မိုး​ရေထဲမှာ တစ်ကိုယ်လုံးကြွက်စုတ်ဖြစ်​နေ​သော
ဂျိမ်းစ်။ ကိုကိုဟာမာတင့်​နောက်အ​ပြေးလိုက်လာခဲ့ပုံ​ပေါ်သည်
"မင်း…ဘာလို့ ငါနဲ့အတူအိမ်မပြန်ချင်တာလဲ?"
ကိုကို့အသံဟာ တုန်နေတယ် ချမ်းလို့ပဲဖြစ်ပါလိမ့်မယ်လို့မာတင်ယူဆလိုက်သည်
"ငါ… တစ်ခုခု လုပ်မိလို့လား…"
မာတင် မခံနိုင်တော့​ပေ။
"ဟုတ်တယ်!"
နဂိုထက်ပိုကျယ်သွားပုံရ​သော​ကြောင့်ဂျိမ်းစ်လန့်သွားတယ်။
"မင်း… တခြားသူတွေနဲ့ နီးနီးကပ်ကပ်နေတာ
ငါမကြိုက်ဘူး"
ဂျိမ်းစ်ဟာပြန်မ​ဖြေ
ထိုတိတ်ဆိတ်မှုကိုမိုးခြိမ်းသံဟာဖြိုခွဲ​ပေးလိုက်​လေသည်။
"ဘာလို့လဲ…"
မာတင် အသက်ရှူသံပြင်းလာတယ်။
"ဘာလို့လဲဆိုတော့—"
မာတင့်အသံဟာ နည်းနည်းပျော့သွားတယ်။
"ငါ မင်းကိုသဘောကျတယ် ကိုကို မဟုတ်ဘူး ချစ်တယ် ဒီခံစားချက်​တွေဟာငါတို့အလယ်တန်းပထမနှစ်မှာစ​ပေါ်လာခဲ့တာ အချစ်လားလုံးဝမ​သေချာ​သေးခဲ့​ပေမဲ့အခု​တော့​သေချာသွားပြီ ကိုကို ငါမင်းကိုချစ်တယ်"
အချိန်​တွေဟာရပ်တန့်သွားသလိုပဲ။
ဂျိမ်းစ် သူကြားလိုက်ရတာကိုမယုံကြည်နိုင်ဖြစ်​နေတယ် ဒီစကားကိုသူ​စောင့်​နေခဲ့တာကြာပီမလား
မာတင်ဟာ​ပြောပြီးပြီချင်းထွက်သွားမလို့လုပ်​ပေမဲ့ ဂျိမ်းစ် မာတင့်လက်​ကောက်ဝတ်ကိုဆွဲဖမ်းလိုက်တယ် ပြီး​တော့
"မာတင်…"
ဂျိမ်းစ်ရဲ့အသံဟာတကယ်ကိုမှနူးနူးညံ့ညံ့​လေး
"ငါ… စောင့်နေတာ ကြာပြီ။"
မာတင် သူ့​ရှေ့က ကိုကိုပိစိ​လေးကိုငုံ့ကြည့်လိုက်တယ်။
"ဘာ?"
ကိုကိုပြုံး​နေတယ် အရင်လိုပဲ ဒါ​​ပေမဲ့ပို​နွေး​ထွေးပြီးအချစ်​တွေ​ပြည့်​နေတဲ့အပြုံး လှလိုက်တာ
"ငါလည်း… မင်းကို သဘောကျတယ်။"
မိုးရေ​တွေကြားထဲ မာတင်နဲ့ဂျိမ်းစ်ဟာ သူတို့ခံစားချက်​တွေကိုဖွင့်ဟခဲ့ကြတယ်  ခပ်ဟဟပြိုင်တူရယ်ပြီးတဲ့​နောက်မှာ မာတင်ဟာဂျိမ်းစ်ကို တင်းကြပ်စွာဖက်လိုက်တယ်
"ကိုကို ငါ့ကိုဘယ်​​တော့မှထားမသွားရဘူး​နော်"
"အင်း"
သူတို့ဟာက​လေးဘဝတုန်းကလို အတူသွားအတူလာပါပဲ ဒါပေမယ့် ဒီတစ်ခါက မတူဘူး။
တွဲထားတဲ့လက်​လေးတွေ မဖြုတ်ကြတော့ဘူး။
နူးညံ့တဲ့အချစ်​တွေပြည့်​နေတဲ့​ကောင်​လေးနှစ်​ယောက်ဟာလက်အတူတွဲကာအိမ်ပြန်လာခဲ့ကြတယ်
ထို​နေ့ကို​တော့နှစ်​ယောက်လုံးအမှတ်ရ​နေမှာအ​သေအချာပင်ဖြစ်သည်
နောက်နေ့မနက်
"မာတင်နီး"
"​ဗျာ ကိုကို"
"ငါတို့…"
ဂျိမ်းစ်က စကားစဖို့နည်းနည်းရှက်နေသ​ယောင်​ယောင်။
"အခုတွဲ​နေပြီမလား?"
မာတင်မျက်နှာလေးနီသွားပြီး
"အွန်း ..ဟုတ်တယ်။"
ဂျိမ်းစ်ရဲ့မျက်နှာဟာ တောက်ပသွားခဲ့တယ်။
"တကယ်လား?"
"ဆယ်ကယ်" ကိုကို​ရေးး…"
မာတင်ဟာဂျိမ်းစ်ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး "ယုံပြီလား ကိုကို?"
"အင်း ယုံပြီ အိပ်မက်လိုပဲ ငါတအား​ပျော်လို့ပါ မာတင်ahh"
မာတင်ဟာ သူ့မျက်စိ​ရှေ့ကသိပ်အသည်းယားဖို့​ကောင်း​နေတဲ့ကိုကိုပိစိရဲ့ပါးပြင်ကိုအနမ်း​ပေးလိုက်ပြီး "အိပ်မက်မဟုတ်ဘူး တကယ်ပါဆိုဗျာ ခု​ရောယုံပြီလား မယုံ​သေးရင် အဲ့​ထော်​နေတဲ့ကိုကို့နှုတ်ခမ်းကိုပိတ်နမ်းပစ်မယ်"
"ဟာ မင်း!!"
​"ဟားဟား ကိုကိုရှက်သွားပြီဗျို့"

ကြိုက်ကြရဲ့လားဟင် အခုမှစ​ရေးတာမို့အ​ရေးအသား​လေး​တွေမ​ကောင်းတာ ဖတ်ရ​ထောက်သွားတာမျိုး​တွေရှိရင်​တောင်းပန်ပါတယ်​နော် သ​ဘောကျရင်မန့်​လေး​တွေမန့်ခဲ့လို့လည်းရပါတယ်ရှင့် vote​လေးလည်း​ပေးခဲ့ပါဦး​နော်

Marjames collectionStories to obsess over. Discover now