မိုးရွာနေတဲ့ နေ့လေးတစ်နေ့။
ခြံဝန်းအပြင်ဘက်ရှိ လမ်းမလေးပေါ်တွင် ၁၀နှစ်သားအရွယ်ကလေးနှစ်ယောက် အပြေးပြိုင်နေကြတယ်။
"မာတင် မြန်မြန်လာလေ"
"ဂျိမ်းစ် စောင့်ပါဦး!"
ဂျိမ်းစ်က မိုးထဲမှာ လက်လေးတွေဖြန့်ကာဆော့ကစားရင်း ရယ်နေသည်။ မိုးစက်လေးများဟာသူ့အတွက် ကစားစရာများကဲ့သို့နှယ်
မာတင်ကတော့ ဂျိမ်းစ်ရှိရာသို့အမှီပြေးလာလေသည်
"မာတင် ဖြေးဖြေးလာ ချော်လဲမယ်နော်!"
"ဘာမှဖြစ်ဘူးးး"
အဆုံးမှာတော့
မာတင်လဲကျသွားတယ်။
"တွေ့လား ပြောသားပဲ ချော်လဲပါမယ်ဆိုကွာ"ပြောရင်း မာတင်အားဂျိမ်းစ်ထူပေးလိုက်သည်
မာတင်ကတော့ မျက်လုံးလေးတွေမှိတ်နေအောင်ပြုံးပြပြီး
"ကိုကိုရှိရင် ဘာဖြစ်ဖြစ်အဆင်ပြေတယ်လေ။"
အဲဒီနေ့ကစပြီး—
ဂျိမ်းစ်အတွက်"သူ့ထက်လပိုင်းငယ်တဲ့မာတင်ကို စောင့်ရှောက်ရမယ်” ဆိုတဲ့အသိဟာ နေ့စဥ်ပုံမှန်လုပ်နေကျအရာတစ်ခုလိုဖြစ်သွားခဲ့တယ်။
နှစ်တွေကြာသွားပြီ
ကလေးဘဝကနေသူတို့အခုအထက်တန်းကျောင်းသားတွေဖြစ်လာကြပြီး မာတင်ဟာသူ့ထက်အရပ်ရှည်လာခဲ့တယ် သို့သော်ခုထိတပူးပူးတတွဲတွဲနေမြဲပါပဲ
"မာတင်"
"ဘာလဲ?"
"ငါတို့နေ့လည်စာတူတူစားမလား?"
"နေ့တိုင်းပဲ အတူစားနေကြတာမလား…"
"အဲ့တော့မင်းကမစားချင်ဘူးလား?"
"မဟုတ်ပါဘူး"
ဂျိမ်းစ်ကတော့ အရင်လိုနေရောင်ခြည်ကဲ့သို့နွေးထွေးတောက်ပနေတုန်းပဲ မာတင့်အတွက်ဂျိမ်းစ်ဟာ
ငယ်စဥ်ကတည်းကအရာရာကာကွယ်စောင့်ရှောက်ပေးလာခဲ့တဲ့ကိုကိုပါ ကိုကိုသိပါ့မလား သူ့အတွက်ကိုကိုဟာထူးခြားတဲ့ဖြစ်တည်မှုလေးဆိုတာ.. ကိုကိုဘယ်တော့မှသိမှာလဲ ကျွန်တော်ကိုကို့ကိုသဘောကျတယ်ဆိုတာ လွန်ခဲ့တဲ့အလယ်တန်းနှစ်တွေကစပြီးသူဟာကိုကို့အပေါ်ချစ်စိတ်စတင်ပေါက်ဖွားခဲ့တာဖြစ်တယ်
တစ်နေ့ နေ့လည်မုန့်စားကျောင်းဆင်းချိန်အတန်းထဲတွင်
"ဂျိမ်းစ် ဒီပုစ္ဆာကိုဘယ်လိုဖြေရှင်း..."
မာတင် စကားပြောနေရင်း ရပ်သွားတယ်
ဂျိမ်းစ်ဟာ မျက်နှာလေးကိုစားပွဲပေါ်တင်ပြီးအိပ်ပျော်နေတယ်။နေရောင်ခြည်ကလည်း သူ့မျက်နှာပေါ်မှာကျနေတယ် ဒီအခိုက်အတန့်မှာကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသလိုမာတင်ခံစားလိုက်ရတယ်
သူ့မျက်စိရှေ့မှာအိပ်မောကျနေတဲ့ကိုကိုဟာ အသက်ရှူမှားလောက်အောင်တအားလှနေတာမဟုတ်ဘူးလားအခု!
မာတင်ရဲ့နှလုံးသားကမူမမှန်ချင်တော့ဘူး။
သူ့လက်က မသိလိုက်ပါဘဲ
ဂျိမ်းစ်ရဲ့ဆံပင်ကိုဖွဖွလေးထိလိုက်မိတယ်။
"မာတင်…"
မာတင် လန့်သွားတယ် သူခိုးလူမိသွားတာကိုး ခိခိ
"အိပ်ပျော်နေတာမဟုတ်ဘူးလား?!"
ဂျိမ်းစ်က မျက်လုံးတစ်ဖက်ဖွင့်ကြည့်ပြီး
"အိပ်နေတာပဲလေ…"
ပြီးတော့ နူးနူးညံ့ညံ့လေးပြုံးလိုက်တယ်။
"မင်း ထိလိုက်တာ ငါသိတယ်နော်။"
"သွားပြီ ကိုကိုကငါထိလိုက်တာသိတယ်တဲ့ ဘယ်လိုလုပ်မလဲ"
မာတင့်မျက်နှာဟာ ခရမ်းချဥ်သီးလေးလိုနီမြန်းလာပြီး "မ…မထိဘူး ပေါက်ကရတွေပြောမနေနဲ့ အိပ်မက်မက်ပြီးလာမစွပ်စွဲနဲ့နော် ဂျိမ်းစ်"
"ထိတယ် 😏"
နောက်တစ်ချိန်PEချိန် ထိတယ်မထိတယ်တွေမသိဘူး မြန်"အဝတ်လဲဖို့ထတော့ ဂျိမ်းစ် ငါသွားနှင့်ပြီ"
ဂျိမ်းစ် စိတ်ထဲတွင်
"ဒီကလေးငါ့ကိုရိုက်စားလာလုပ်နေတာလား? မင်းထိလဲငါဘာပြောမှာမို့လဲ ငါမင်းကိုသဘောကျနေမိပြီ မာတင် မင်းဘက်ကငါ့ကိုဘယ်လိုသဘောထားနေလဲမသိပေမဲ့ ခုနကမင်းငါ့ဆံပင်ထိလိုက်တဲ့အခိုက်
အတန့်မှာငါ့နှလုံးသားပေါက်ထွက်တော့မလိုပဲ"
"ကဲ ငါလဲသွားသင့်ပါပြီလေ"
PEအချိန်အပြီး
မာတင် ဂျိမ်းစ်ဆီအလာ မြင်လိုက်ရတဲ့မြင်ကွင်းက..
ဂျိမ်းစ်က တခြားအတန်းကကောင်မလေးတစ်ယောက်နဲ့စကားပြောနေတာကိုမြင်လိုက်ရတယ်။
ရယ်နေကြတယ်။
နီးနီးကပ်ကပ်ပဲ… ကိုကိုကသူနဲ့ရယ်နေတယ် ပြီးတော့အပြုံးကလည်းလှလိုက်တာ ငါတစ်ယောက်တည်းပိုင်ချင်တာကို...
မာတင်ရဲ့ရင်ထဲမှာအဆင်မပြေတဲ့ ခံစားချက်တစ်ခုဖြစ်ပေါ်လာတယ် မသိလိုက်ခင်မှာဘဲ မာတင် ဂျိမ်းစ်ကိုမခေါ်တော့ဘဲပြန်လှည့်လာမိတယ်
"မာတင်"
ဂျိမ်းစ်က လက်လှမ်းပီးလှမ်းခေါ်လိုက်တယ်။
မာတင်က လှမ်းကြည့်လိုက်ပြီး—
"ဘာလဲ?"
အသံက နည်းနည်း အေးစက်ပြီးခက်ထန်သွားတယ်။
ဂျိမ်းစ်သတိမထားမိလိုက်ဘူး
"ညနေ အိမ်တူတူပြန်မယ်မလား?"
"မလိုဘူး!။"
ဂျိမ်းစ် စိုးရိမ်ကာမာတင့်နားပြေးလာသည်
"ဘာလို့လဲ…"
မာတင်ဟာသူ့မျက်လုံးမကြည့်ဘဲ
"မင်း သူနဲ့သွားလိုက်ပေါ့ "
"သွားစရာလားကွာ ငါတို့projectလုပ်ဖို့ကိစ္စဆွေးနွေးနေတာပါကွာ တင်တင်ရယ် စိတ်မဆိုးစမ်းပါနဲ့"
"ဘယ်သူကစိတ်ဆိုးနေလို့လဲ မလိုဘူး မင်းဆွေးနွေးစရာရှိတာပြန်သွားဆွေးနွေးလေ ငါသူငယ်ချင်းတွေနဲ့အတူပြန်မှာ"
မာတင်အလိုမကျစွာပြောရင်းအတန်းထဲပြန်လာခဲ့သည် တကယ်ဆိုသူကိုကို့ကိုမအော်ချင်ပါ သို့သော်စိတ်အလိုမလိုက်တဲ့ဒီပါးစပ်ကြီးဟာ ကိုကို့အပေါ်အကန်တွေပြောခဲ့သည် မတတ်နိုင် ကိုကိုစိတ်မကောင်းဖြစ်သွားမလားမသိပေမဲ့ ရင်ထဲတွင်နာကျင်ရသည်မို့ပြောမိပြောရာပြောမိသည် ခုတော့ကိုယ့်လုပ်ရပ်နဲ့ကိုယ် တစ်ယောက်တည်းအိမ်ပြန်ရတော့မည် ကိုကိုမပါတော့ခြောက်ကပ်ကပ်နှင့်ပျင်းစရာကောင်းနေတော့မှာတော့အသေအချာပင်
"မာတင်" ကိုကိုခေါ်လိုက်တယ်..
သို့သော်မာတင်စကားပြန်မပြောပါ အတန်းထဲတွင်
ကိုကို့အားကျောင်းဆင်းသည်ထိလျစ်လျူရှုဖို့သူဆုံးဖြတ်ထားသည်။
ညနေကျောင်းဆင်းချိန်ရောက်သော်
မာတင် ဂျိမ်းစ်ထက်အရင်ပြန်နှင့်သည် တစ်ယောက်တည်း အိမ်ပြန်လမ်းလေးပေါ် လျှောက်နေခဲ့တယ် အမှတ်တရတွေဟာတရိပ်ရိပ်ပြန်ပေါ်လာခဲ့လေသည်
"ကိုကို ရှိရင်အဆင်ပြေတယ်"
ရင်ဘတ်ထဲအောင့်သလိုပဲ။ မာတင်အတွေးနယ်ချဲ့နေစဥ် မိုးဟာသည်းကြီးမည်းကြီးရွာချလာတယ်
"မာတင်"
အသံပိစိလေးတစ်ခု
မာတင်လှည့်ကြည့်လိုက်မိတော့
မိုးရေထဲမှာ တစ်ကိုယ်လုံးကြွက်စုတ်ဖြစ်နေသော
ဂျိမ်းစ်။ ကိုကိုဟာမာတင့်နောက်အပြေးလိုက်လာခဲ့ပုံပေါ်သည်
"မင်း…ဘာလို့ ငါနဲ့အတူအိမ်မပြန်ချင်တာလဲ?"
ကိုကို့အသံဟာ တုန်နေတယ် ချမ်းလို့ပဲဖြစ်ပါလိမ့်မယ်လို့မာတင်ယူဆလိုက်သည်
"ငါ… တစ်ခုခု လုပ်မိလို့လား…"
မာတင် မခံနိုင်တော့ပေ။
"ဟုတ်တယ်!"
နဂိုထက်ပိုကျယ်သွားပုံရသောကြောင့်ဂျိမ်းစ်လန့်သွားတယ်။
"မင်း… တခြားသူတွေနဲ့ နီးနီးကပ်ကပ်နေတာ
ငါမကြိုက်ဘူး"
ဂျိမ်းစ်ဟာပြန်မဖြေ
ထိုတိတ်ဆိတ်မှုကိုမိုးခြိမ်းသံဟာဖြိုခွဲပေးလိုက်လေသည်။
"ဘာလို့လဲ…"
မာတင် အသက်ရှူသံပြင်းလာတယ်။
"ဘာလို့လဲဆိုတော့—"
မာတင့်အသံဟာ နည်းနည်းပျော့သွားတယ်။
"ငါ မင်းကိုသဘောကျတယ် ကိုကို မဟုတ်ဘူး ချစ်တယ် ဒီခံစားချက်တွေဟာငါတို့အလယ်တန်းပထမနှစ်မှာစပေါ်လာခဲ့တာ အချစ်လားလုံးဝမသေချာသေးခဲ့ပေမဲ့အခုတော့သေချာသွားပြီ ကိုကို ငါမင်းကိုချစ်တယ်"
အချိန်တွေဟာရပ်တန့်သွားသလိုပဲ။
ဂျိမ်းစ် သူကြားလိုက်ရတာကိုမယုံကြည်နိုင်ဖြစ်နေတယ် ဒီစကားကိုသူစောင့်နေခဲ့တာကြာပီမလား
မာတင်ဟာပြောပြီးပြီချင်းထွက်သွားမလို့လုပ်ပေမဲ့ ဂျိမ်းစ် မာတင့်လက်ကောက်ဝတ်ကိုဆွဲဖမ်းလိုက်တယ် ပြီးတော့
"မာတင်…"
ဂျိမ်းစ်ရဲ့အသံဟာတကယ်ကိုမှနူးနူးညံ့ညံ့လေး
"ငါ… စောင့်နေတာ ကြာပြီ။"
မာတင် သူ့ရှေ့က ကိုကိုပိစိလေးကိုငုံ့ကြည့်လိုက်တယ်။
"ဘာ?"
ကိုကိုပြုံးနေတယ် အရင်လိုပဲ ဒါပေမဲ့ပိုနွေးထွေးပြီးအချစ်တွေပြည့်နေတဲ့အပြုံး လှလိုက်တာ
"ငါလည်း… မင်းကို သဘောကျတယ်။"
မိုးရေတွေကြားထဲ မာတင်နဲ့ဂျိမ်းစ်ဟာ သူတို့ခံစားချက်တွေကိုဖွင့်ဟခဲ့ကြတယ် ခပ်ဟဟပြိုင်တူရယ်ပြီးတဲ့နောက်မှာ မာတင်ဟာဂျိမ်းစ်ကို တင်းကြပ်စွာဖက်လိုက်တယ်
"ကိုကို ငါ့ကိုဘယ်တော့မှထားမသွားရဘူးနော်"
"အင်း"
သူတို့ဟာကလေးဘဝတုန်းကလို အတူသွားအတူလာပါပဲ ဒါပေမယ့် ဒီတစ်ခါက မတူဘူး။
တွဲထားတဲ့လက်လေးတွေ မဖြုတ်ကြတော့ဘူး။
နူးညံ့တဲ့အချစ်တွေပြည့်နေတဲ့ကောင်လေးနှစ်ယောက်ဟာလက်အတူတွဲကာအိမ်ပြန်လာခဲ့ကြတယ်
ထိုနေ့ကိုတော့နှစ်ယောက်လုံးအမှတ်ရနေမှာအသေအချာပင်ဖြစ်သည်
နောက်နေ့မနက်
"မာတင်နီး"
"ဗျာ ကိုကို"
"ငါတို့…"
ဂျိမ်းစ်က စကားစဖို့နည်းနည်းရှက်နေသယောင်ယောင်။
"အခုတွဲနေပြီမလား?"
မာတင်မျက်နှာလေးနီသွားပြီး
"အွန်း ..ဟုတ်တယ်။"
ဂျိမ်းစ်ရဲ့မျက်နှာဟာ တောက်ပသွားခဲ့တယ်။
"တကယ်လား?"
"ဆယ်ကယ်" ကိုကိုရေးး…"
မာတင်ဟာဂျိမ်းစ်ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး "ယုံပြီလား ကိုကို?"
"အင်း ယုံပြီ အိပ်မက်လိုပဲ ငါတအားပျော်လို့ပါ မာတင်ahh"
မာတင်ဟာ သူ့မျက်စိရှေ့ကသိပ်အသည်းယားဖို့ကောင်းနေတဲ့ကိုကိုပိစိရဲ့ပါးပြင်ကိုအနမ်းပေးလိုက်ပြီး "အိပ်မက်မဟုတ်ဘူး တကယ်ပါဆိုဗျာ ခုရောယုံပြီလား မယုံသေးရင် အဲ့ထော်နေတဲ့ကိုကို့နှုတ်ခမ်းကိုပိတ်နမ်းပစ်မယ်"
"ဟာ မင်း!!"
"ဟားဟား ကိုကိုရှက်သွားပြီဗျို့"
ကြိုက်ကြရဲ့လားဟင် အခုမှစရေးတာမို့အရေးအသားလေးတွေမကောင်းတာ ဖတ်ရထောက်သွားတာမျိုးတွေရှိရင်တောင်းပန်ပါတယ်နော် သဘောကျရင်မန့်လေးတွေမန့်ခဲ့လို့လည်းရပါတယ်ရှင့် voteလေးလည်းပေးခဲ့ပါဦးနော်
