မနက်ခင်း ၅ နာရီခန့်တွင် ကျယ်လောင်လှတဲ့ နှိုးစက် သံကြောင့်သူနိုးလာခဲ့သည်.... ဒီနေ့လည်းအရင်နေ့ တွေလိုမထူးခြားပဲထပ်ရှင်သန်ရမဲ့နေ့တစ်ရက်ပါ....
ကုတင်ဘေးက စာရေးစားပွဲမှာရှိနေတဲ့နှိုးစက်သံကို ပိတ်၍ လေးလံစွာထလိုက်တယ်..... ညက ၁ နာရီ လောက်မှအိပ်ရတာကြောင့် ခေါင်းကမကြည်လင်လှ ပဲ မူးနောက်နေတာဟာ သူ့အတွက်မဆန်းလှ
အားလုံးပြင်ဆင်ပြီးတော့ မနက်စာစားဖို့အောင်သို့ဆင်းလာခဲ့တယ်
"ဒယ်ဒီတို့မထသေးဘူးလား...
"မဟုတ်ပါဘူးသခင်လေး သခင်မကြီးရော သခင်ကြီး ရော မနက်အစောကြီးထွက်သွားကြပါတယ်
"အတူတူလား...
"မဟုတ်ပါဘူးသခင်လေး သခင်မကြီးကအရင်ထွက် သွားတာပါ....
သူခေါင်းတစ်ချက်ငြိမ့်၍ ခြောက်ကပ်ကပ်မနက်စာ ပေါင်မုန့်ကြက်ဉကြော်နဲ့ ကော်ဖီကိုသောက်ကာ ဗိုက်ဖြည့်လိုက်တော့တယ်...
ဒီနေ့က ရိုက်ကွင်းရှိတာကြောင့်စောစောသွားရမယ် လေ..ဘာကြောင့်လည်းဆိုတော့
ကျွန်တော်ဟာ သရုပ်ဆောင်တစ်ယောက်ပါ...
သာမာန်တော့မဟုတ်ပါဘူး....
ကလေးကတည်းဇာတ်ကားတွေကြော်ငြာတွေအများ ကြီးရိုက်ခဲ့ပြီး နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ပါ
အခု အထက်တန်းပြီးသွားခဲ့ပြီ ဒါပေမဲ့ အလုပ်များလွန်းလို့ တက္ကသိုလ်ဆက်မတတ် ရပဲ နှစ်နှစ်လောက်နားထားရတယ်....
ဒီနှစ်တော့ဘယ်လောက်အလုပ်များပါစေ ကျောင်းပြီးအောင်တတ်ချင်တာကြောင့် ဒီနှစ်တက္ကသိုလ်တတ်ဖို့ဆုံးဖြတ်လိုက်ပါတယ် အနုပညာအလုပ်တွေနဲ့ ရည်ရှည်တည်တံ့နိုင်ဖို့ဆိုတာ မသေချာတဲ့ကိစ္စတစ်ခုမလား...
ဒီနေ့ရိုက်ကူးရေးက တိုက်ခိုက်တဲ့အခန်းတွေမပါပေမဲ့ အရမ်းစိတ်ပင်ပန်းရတယ် ရိုက်ကူးရေးပြီးတာနဲ့
သူလုပ်နိုင်တာက ခုံပေါ်မှာ ရသလောက်အိပ်ဖို့ပဲ..
"Sea.... အဆင်ပြေရဲ့လား နွမ်းနေသလိုပဲ...
"အဆင်ပြေပါတယ် နည်းနည်းပင်ပန်းနေရုံပါ..
ESTÁS LEYENDO
My Dear Pianist ((SeaKeen))
Fanfictionသံစဉ်တွေကိုတီးခတ်တဲ့မင်းရဲ့နူးနူးညံံ့ညံ့လက်လေး တွေကိုမြတ်နိုးတယ်....တီးခတ်လိုက်တိုင်းထွက်ပေါ်လာ တဲ့ရယ်သံလွင်လွင်လေးရယ် ပြီးတော့မင်းရဲ့အပြုံးနုနု လေးရယ်.... မင်းကိုမြတ်နိုးမိလွန်းလို့ ရူးတော့မယ်ထင် တယ်.........
