Matter

214 20 1
                                        

5月11日2024年
ハルアの日記
25歳の誕生日の10日後

မေလ(၁၁)ရက်နေ့၊၂၀၂၄ခုနစ်၊
ဟာရူအာရဲ့ဒိုင်ယာရီ

(၂၅)နှစ်ပြည့်မွေးနေ့ပြီး ၁၀ရက်အကြာမှာ ရင်ထဲမှာနစ်ဝင်နေတဲ့ဆူးတစ်ချောင်းနဲ့ နောက်တစ်ကြိမ် ထပ်တွေ့ဆုံခဲ့ရတယ်။ အသက်(၁၇)နှစ်ကတည်းက နစ်ဝင်နေခဲ့တဲ့အဲ့ဒီဆူးတစ်ချောင်းဟာ အခုထိတောင် မပြောင်းလဲသေးဘဲ ထက်မြက်နေဆဲလို့ပဲ ပြောရမလား။

အာဆာကူရာဂျို...ဘဝမှာပထမဆုံး နှစ်နှစ်ကာကာချစ်ဖူးခဲ့တဲ့သူပဲ။ ဒါပေမယ့် ဇာတ်သိမ်းလှလှလေး မရှိခဲ့သလိုပါပဲ။ မျှော်မှန်းထားသလောက် ကောင်းမနေခဲ့သလို အရမ်းလည်း မဆိုးရွားခဲ့ဘူးလို့ထင်မိတယ်။

၂၅နှစ်ဆိုတဲ့အရွယ်ဟာ ဘဝရဲ့နောက်ထပ်လမ်းချိုးတစ်ခုကို ရောက်တဲ့အချိန်လို့ပြောလို့ရတယ်။ ဘွဲ့တစ်ခုရပြီး လုပ်ငန်းခွင်ဝင်ဖို့အဆင်သင့်ဖြစ်နေတဲ့အချိန်တစ်ခုပဲ။ Portfolioတစ်ခုကိုင်ပြီး companyတော်တော်များများများမှာ entry levelနဲ့အလုပ်စဝင်ဖို့ ကြိုးစားနေတဲ့အချိန်ပဲ။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတဲ့အချိန်ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဗုဒ္ဓဟူးနေ့ ညနေခင်းမှာ အင်စတာဂရမ်မှာ စာတစ်စောင်ဝင်လာခဲ့ပါတယ်။ Usernameကိုကြည့်လိုက်တဲ့အချိန်မှာတော့ ရင်ထဲမှာ အနည်းငယ်တော့ သိမ့်ခနဲဖြစ်သွားတယ်ဆိုတာကိုတော့ ဝန်ခံရလိမ့်မယ်။

ဂျိုက သူအခုဖူခုအိုကာမှာရောက်နေကြောင်း၊ အချိန်ရရင် တစ်ရက်လောက်တွေ့ကြမယ်ဖြစ်ကြောင်း၊ အရင်ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့အတူ လာလည်တာဖြစ်ကြောင်း စာပို့လာတယ်။ မတွေ့ဖြစ်ခဲ့တာ ၇နှစ်ကျော်ကြာနေခဲ့ပေမယ့် တိုက်ဆိုင်မှုက အခုအချိန်ကြမှပဲ ဖူခုအိုကာမှာ လာဖြစ်တည်နေတော့တယ်။ အနည်ထိုင်နေတဲ့ရေခွက်တစ်ခွက်ထဲကို ကျောက်စရစ်ခဲတစ်လုံး လာပစ်ချလိုက်တဲ့ခံစားချက်မျိုး။ အရင်ကျောင်းနေဖက်သူငယ်ချင်းတွေလည်း ပါတာမလို့ တွေ့ကြဖို့ကို သဘောတူခဲ့ပါတယ်။

•••••••••••••

၁၆၊၁၇ အရွယ်မှာချစ်ခဲ့ဖူးတဲ့သူဟာ အချစ်ဦးလို့သတ်မှတ်လို့ရနိုင်ပြီး ဘယ်သောအခါမှ ရင်ထဲကနေ ဆွဲနှုတ်လို့မရနိုင်တဲ့ဆူးတစ်ချောင်းလည်း ဖြစ်နိုင်ပါသေးတယ်။

Matter |JORUA|Where stories live. Discover now