ဩဂုတ်လရဲ့ မိုးဖွဲဖွဲအောက်မှာ Thammasat တက္ကသိုလ်ရဲ့ လမ်းမတွေက စိုစွတ်လို့နေသည်။ ကျောင်းဖွင့်ရက် ပထမဆုံးနေ့ရဲ့ အအေးဓာတ်က အသစ်စက်စက် ဝတ်ထားတဲ့ ကျောင်းဝတ်စုံအဖြူထည်ထက်မှာ လာတင်နေသလိုပင်။
*Alarm* Ti..Ti..Ti
နိုးစက်သံကြားသည်နှင့် မျက်လုံးနှစ်ဖက်စုံပွင့်လာသော်လည်း သူမထချင်ပေ၊ မိုးရာသီမှာတက္ကသိုလ်ဖွင့်သည်က ဘယ်လောက်ညည်းချင်စရာကောင်းလိုက်လဲ uniကျောင်းသားတွေအသိပင်။ မျက်လုံးတဖက်ကိုလက်ဖြင့်ပွတ်ကာ နိုးစက်ကိုပိတ်လိုက်သည်။
တဘက်ကိုပုခုံးပေါ်သို့တင်၍စဉ်းစားမိသည်မှာ ဒီတစ်နှစ်တာဟာ အရင်လိုပဲပြန်လည်ပတ်တော့မည်။
ရေမိုးချိုးပြီး၍ uniform ကိုသပ်သပ်ရပ်ရပ်ပြင်ဆင်ကာ မှန်ရှေ့မှာပင် နာရီဝက်ခန့်ကြာအောင်သူရပ်နေမိသည်။
"အို..ဟိုး ဒီလောက်အပစ်အနာဆာမရှိချောမောမှုက အရင်လိုမပြောင်းလဲပါ့လား"
"ဘယ်ဘက်ကကြည့်"
"ညာဘက်ကကြည့်"
"အရှေ့ဘက်ကကြည့်"
"ဘယ်လိုနေနေ ချောရက်နိုင်နေတာပဲ khun Phuriwat Chotiratanasak krub"
မှန်ရှေ့၌ ရေမွှေးတဖျက်ဖျက်ဖြင့်ဂယက်ထနေသူမှာနှစ်ယောက်မရှိ၊ Copper ပင်။
"အယ်ကွယ် မနက်စာကဖြင့်မစားရသေးဘူးအခုထိမဆင်းလာနိုင်ဘူး ဒီကောင်လေးတော့"
"Copper မှန်ပေါက်အောင်ကြည့်မနေနဲ့အုန်း အောက်ကိုမြန်မြန်ဆင်းလာ"
အောက်ထပ်ကမာတာမိခင်၏အသိပေးသံကိုကြားပြီးနောက် ဆံပင်ကိုသေချာသပ်ကာ အပြုံးတစ်ပွင့်ဖြင့်အောက်ထပ်သို့ဆင်းလာခဲ့သည်။
"ကဲ ကိုတော် ပထမဆုံးရက်မှာနောက်ကျနေပါအုန်းမယ် ရော့မနက်စာ"
"ရသယ် ရသယ်အမေသားမြန်မြန်သွားနှင့်တော့မယ်"
ပန်းကန်ထဲက sandwichကိုပါးစပ်ကကိုက်၍ထွက်သွားသောသားဖြစ်သူကို သူမခေါင်းခါပြီးကြည့်နေမိ၏။ ဒီကလေးဟာဘာလိုလိုနဲ့ သူ့မျက်စိတအောက်မှာတင် တက္ကသိုလ် တတိယနှစ်ကျောင်းသားတောင်ရောက်နေပြီဖြစ်သည်။
