"ရိချန်ကော.. ကျွန်တော့်ကိုလည်း မေ့မသွားနဲ့ဦးနော်"
ကျားဟောက်စကားအဆုံးမှာ အနှီးရိချန်ဆိုသူက တစ်ချက်ပြုံးပြပြီး ကျားဟောက်၏ ခေါင်းကိုပုတ်ကာ ဆံပင်ပွပွတို့ကို ဖွလာသည်။
"ပိတ်ရက်တွေကျ တွေ့လို့ရတာပဲကွာ.. ကောအလုပ်ရှာလို့ရရင် မုန့်ဝယ်ကျွေးမယ်"
"တကယ်နော်..? ပြီးမှ ပြေးဖို့မကြံနဲ့"
"တကယ်ပါဆို.. အခန်းဖော်အသစ်နဲ့ အဆင်ပြေအောင်နေနော် ကောသွားပြီ.. တာ့တာ"
ကောက နောက်ဆုံးတစ်ခေါက်နှုတ်ဆက်ကာ အထုပ်ကြီး အထုပ်ငယ်များကို ဆွဲကာ အခန်းထဲမှ ထွက်သွား၏။
ကျားဟောက် ပထမနှစ်ကတည်းက တစ်ခန်းတည်း နေခဲ့ရသည့် အခန်းဖော် အကောင်းစားလေးမလို့ အတော်တော့ နှမြောမိသား။
နှမြောဆို ကျားဟောက် ပေါက်ကရ အသုံးမလိုသည်များ လျှောက်ဝယ်မိကာ ဘိုင်ပြတ်တိုင်း ရိချန်ကောက ကျွေးမွေးစောင့်ရှောက်ကာ ဆက်လက် အသက်ရှင်စေခဲ့သည်လေ။
အခုရိချန်ကောက ကျောင်းပြီးလို့ ဘွဲ့ရပြီမလို့ အဆောင်က ပြောင်းရပြီ။
301 က ဂျွန်ဆောဟျောင်းပြောစကားအရဆို ဒီနေ့ပဲ ကျားဟောက်အခန်းကို အခန်းဖော်အသစ် ရောက်လာလိမ့်မည်။ ဒုတိယနှစ် ဂျူနီယာလေးလို့တော့ ပြော၏။ ပထမနှစ်မဟုတ်သောကြောင့် တစ်ခြားမြို့ သို့မဟုတ် တက္ကသိုလ်တစ်ခုခုက ပြောင်းလာတာ ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် နောက်အနည်းဆုံး နှစ်နှစ်လောက်တော့ အတူနေရမှာမလို့ ကျားဟောက် ဆုတောင်းတစ်ခုသာ ရှိ၏။
အခန်းဖော်အသစ်ကလေးက ပုံမှန်ဖြစ်ပါစေဟု။
ရုပ်ချောဖို့လည်းမလို။
သဘောကောင်းဖို့လည်းမလို။
ပုံမှန်ဖြစ်ရင်ဘဲ ရပြီ။
ဘာလို့ဆို ဘေးခန်းကလူတွေက တစ်ယောက်မှ ပုံမှန်မဟုတ်ကြ။
ကျားဟောက်တို့ အဆောင်တွင် အထပ်ငါးထပ်ရှိပြီး အခုသူတို့နေရတာက သုံးလွှာတွင် ဖြစ်သည်။
သူတို့အထပ်မှာ နှစ်ယောက်ခန်း လေးခန်းရှိပြီး လူရှစ်ယောက်နေ၏။
YOU ARE READING
Roommates with benefits || geonhao
FanfictionKim Geonwoo x Zhang Jiahao Side couples : leowon
