Chapter 1

570 41 4
                                        


" ကဲ.... ဒီ လ စာမေးပွဲမှာ ပထမဆုရတဲ့ သူကတော့....."

အတန်းထဲက တစ်ချို့က Keonho ကို ကြည့်နေကြပင်မဲ့ တစ်ချို့ကလည်း Seonghyeon ကို ကြည့်နေကြသည်၊ Keonho နဲ့ Seonghyeon က အပြိုင်အဆိုင် စာတော်ကြတာဖြစ်ပြီး အမြဲတန်း အမှတ်ပြည့်ရကြတဲ့ သူတွေပဲဖြစ်သည်။ တစ်ချို့ကတော့ ဘယ်သူ ပထမရမလဲဆိုပြီး လောင်းကစားလုပ်ထားသည်မလို့ သူတို့ ပြောတဲ့သူ ပထမရပါစေလို့သာ ဆုတောင်းနေကြသည်။
နောက်ပြီး Keonho က ကျောင်း ရေးကူးအသင်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး၊ နှစ်တိုင်း ကျောင်းအတွက် ဆုယူပေးနိုင်တဲ့ ကျောင်းသားဖြစ်သည်၊ စာပိုင်းမှာရော ရေကူးမှာပါ တော်တာမလို့ ဆရာမတွေက Keonhoကို အရမ်းချစ်ကြသည်။
Seonghyeon ကလည်း piano တီး တော်ပြီး ကျောင်းအခမ်းနားတိုင်း မှာ အမြဲဖော်ဖြေပြီး အမြဲတမ်း အကြီးအကဲတွေက ချီးကျူးရတဲ့ သူဖြစ်သည်။ စာ တော်တာမလို့ ကျောင်းက အတန်းငယ်တွေကိုလည်း စာတွေရှင်းပြသည် မလို့ စံပြ ကျောင်းသားတစ်ဦးလည်းဖြစ်သည်။

ဒါပင်မဲ့....... Keonho နဲ့ Seonghyeon က နည်းနည်းလေးတောင် မတည့်ကြပါဘူး၊ ဟိုလို ပြသနာ ကြီးကြီးမားမား ရှိလို့ မဟုတ်ပဲ ဒီတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်မရတာဖြစ်သည်၊ Keonho က အမြဲတမ်း Seonghyeon ကို နှောင့်ယှက်သည်၊ တစ်ခါတလေ Seonghyeonက စကားအကောင်း ပြောနေရင် Seonghyeon ပြောတဲ့ စကားကိုပဲ စာဂျပိုးလို လေသံဖြင့် လိုက်ပြောကာ စနောက် သည်။
Seonghyeon ကတော့ တော်တော်နဲ့ ဂရုမစိုက်၊ ဒီတိုင်း အကြည့်နဲ့ပဲ Keonho ကို ယဉ်ယဉ်ကျေးကျေး ဆဲလိုက်တာ များသည်။

ကျောင်းမှာတင်မဟုတ် သူတို့နှစ်ယောက်က အိမ်နီးနားချင်းတွေဖြစ်သည် ကိုမှ အိမ်ချင်းက မျက်နှာချင်းဆိုင်၊ ကျောင်းသွား ခါနီးတိုင်း အမြဲတွေ့နေရသည်၊ မတွေ့ချင်လည်း တွေ့ရ၊ တွေ့ချင်လည်းတွေ့ရ။
သူတို့ မတည့်ရတဲ့ အကြောင်းရင်းကလည်း တစ်ယောက်နဲ့တစ်ယောက် လိုက်ပြိုင်နေလို့ဖြစ်သည်။ စာ ဆိုရင်လည်း ဘယ်သူ ပိုတော်လည်း ပြိုင်တယ်၊ ဘာကိစ္စမဆို ဘယ်သူပိုတော်တာ လဲဆိုတာကို ပြိုင်ကြသည်။

ကျောင်းမှာ နာမည်ကြီး ခပ်ချောချောကောင်လေး နှစ်ယောက်ကို ကြိုက်တဲ့ ကောင်မလေးတွေကလည်း team မတူပါ၊
သူတို့ကျောင်းမှာ inside joke တစ်ခုရှိသည်၊

LOVE MAZE [keonhyeon]Historias para obsesionarse. Descúbrelo ahora