"မင်းတို့ နှစ်ယောက် အခန်း ချိန်း လိုက်ကြပါလား"
ကုတင်ပေါ်မှာ ဆော့နေတဲ့ အန်းရှင်း နဲ့ ဆန်းဟျွန်းကို လှမ်းပြောသည်
Geonwoo Hyung နဲ့ ဆန်းဟျွန်းက အခန်းဖော် တွေ
အန်းရှင်း နဲ့ ရှင်းလုံ က အခန်းဖော် တွေဆိုပေမဲ့ အန်းရှင်း က Geonwoo တို့ အခန်းကို အမြဲလာလည်သည်
တခါတလေ ဆန်းဟျွန်း က ရှင်းလုံ ဆီ သွားလေ့ရှိသည်
"ဘာလို့လဲ Hyung ကျတော်လာတာ မကြိုက်လို့လား"
"ငါက မကြိုက်စရာ လား အန်းရှင်းနီးလာတာ ကြိုက်တာပေါ့"
Geonwoo Hyung က တခါတလေ အခုလိုရုပ်တည်ကြီးနဲ့ flirt တတ်သေးတာ
အငယ်ဆုံးထက် တောင် အန်းရှင်းကို ပို ဂရုစိုက်တဲ့ Hyung ပါ
တကယ်တော့ အန်းရှင်း က member တိုင်းနဲ့ ရင်းနှိီးသလို အားလုံးကလည်း အန်းရှင်း ချစ်ပေး ဂရုစိုက်ပေးကြတယ်
နောက်ဆုံး အငယ်ဆုံးလေး ဖြစ်တဲ့ ဆန်းဟျွန်းက တောင် Anxin ကို ပြန်ပီး Babying လုပ်နေသေးတာ
.
.
.
.
.
" Anxinnie! Hyung တောင်းပန်ပါတယ်၊ Hyung ဒီည ပြန်မလာဖြစ်တော့ဘူး အန်းရှင်း အပြင်ရောက်နေပြီလား"
"ဟင့်အင်း ရပါတယ် Hyung ကျတော် အခု မှ ထွက်မလို့ ရှိသေးတယ်"
"ဟူး....... တော်ပါသေးတယ် Hyung က အန်းရှင်း အပြင်မှာ အကြာကြီး စောင့်နေမှာစိုးရိမ်နေတာ၊ နောက်တစ်ခါ Hyung သေချာပေါက်လိုက်ပို့ပေးမယ် မီယားနဲ"
"မဟုတ်တာ Hyung ရတယ် မိသားစု တွေ နဲ့ အကြာကြီး နေမှ တွေ့ရတာ ကျတော်နားလည်ပါတယ် ၊ အာ့ဆို ဒါပဲနော် Hyung"
Anxin တစ်ယောက် ဖုန်းကို အိတ်ထဲ ထည့်လိုက်ပြီး ဘယ်သွားရင်ကောင်း မလဲ စဉ်းစားနေသည်
နားရက် ရထားတာမို့ အဖွဲ့ဝင် တွေ အသီးသီး မိသားစု၊ သူငယ်ချင်း တွေနဲ့ တွေ့ကြဆုံကြနဲ့ အချိန်ကုန်ဆုံးနေကြသည်
Anxin နမ့်ဆန် တာဝါ မရောက်ဖူးသေးလို့ Hyung က ညနေ မိဘတွေဆီ က ပြန်လာရင် လိုက်ပို့ပေး မယ် ပြောထားလို့ စောင့်နေခဲ့တာ၊ အိမ်က စောထွက်လာမိတာ နဲ့ ဆို တစ်နာရီ လောက်ရှိပြီ၊ ရာသီဥတု ကလည်း အေးနေတာမို့ နီးစပ်ရာ တော့ပိုကီ ဆိုင်လေး ဝင်ကာ တော့ပိုကီစားရင်း ဟင်းရည် ပူပူ လေး သောက်ပြီး အိမ်ပြန်လာခဲ့တော့သည်။
နားရက် က မနက်ဖြန် တစ်ရက် ပဲ ရှိတော့တာ
တကယ်တော့ Hyung နဲ့ နှစ်ယောက်တည်း အချိန်ဖြုန်းချင်လို့ Suren တို့ ခေါ်တာတောင် မသွားဘဲ ငြင်းလိုက်တာ။
Anxin အဆောင်ပြန်ရောက် တော့ ဘယ်သူမှ ပြန်မရောက်သေးတာနဲ့ အခန်းထဲ ဝင်အိပ်နေလိုက်သည်
Anxin နဲ့ Geonwoo Hyung က ပထမဆုံး တွေ့တာ က နှစ်ယောက်အတူ ရိုက်ကူးရေး လုပ်ဖို့အတွက် လာရင်း ဆုံကြတာ
စစ တွေ့တော့ Hyung ရဲ့ တည်ကြည်တဲ့ မျက်နှာကြောင့် မာန ကြီး တယ် လို့ ထင်ခဲ့ပေမဲ့ ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ အရမ်း ကြည့်ကောင်းပါသည်၊ အဝေးက လှမ်းကြည့်တာ တောင် မြင့်မားတဲ့ အရပ် နဲ့ ချောမော တဲ့ မျက်နှာ က အထင်းသား ဒါကြောင့်လည်း Killing Part လုပ်ရတာကိုး။
ရိုက်ကူး မဲ့ နေရာ ကို လမ်းတစ်လျှောက် ဝန်ထမ်းတွေကို ဦးညွှတ်ကာ နှုတ်ဆက်ရင်း လျှောက်လာနေသည်။
Anxin ဘက်က ပဲ Hyung အရင် သွားနှုတ်ဆက်ခဲ့သည်
Trainee သက်တမ်း လည်း Anxin ထက်ကြာတော့ စီနီယာ တစ်ယောက်အနေနဲ့ ရှိန်မယ် အနေခက်မယ် လို့ထင်ခဲ့တာ၊
Anxin အပေါ်ကို ဖော်ရွေပီး သေချာ ဂရုစိုက်ပေးခဲ့သည်
တစ်ခါတစ်လေ ဆို ဘာမှ မပြောဘဲ ပြုံးပြနေတတ်သေးတာ။
နောက်တခါ ဆုံတော့ အသင်းအတူတူ ကျတယ် Main vocal အဖြစ် အန်ရှင်း စိန်ခေါ် ပြီး အားလုံး လက်ခုပ်တီးတော့လည်း ဘေးနားကနေ ကျောလေး ပွတ်ပီး အားပေးနေခဲ့တာ
K member တွေကြားမှ C တစ်ယောက်တည်း ဖြစ်နေတဲ့ အန်းရှင်း Geonwoo Hyung ရှိနေလို့ အနေမခက်ဘဲ အားလုံး နဲ့ အမြန်ရင်းနှီးခဲ့တာ
နောက်ပိုင်း အသင်းမတူ ပေမဲ့ Hyung ရဲ့ သတင်းတွေ က Anxin တို့အမြဲကြား နေရသည်
အလုပ်ကို အရမ်းကြိုးစားကြောင်း
အဆင်မပြေ တဲ့ Memberတွေ နဲ့ အငယ်တွေ ကို ဆွဲခေါ်ပီး အစစအရာရာ ဂရုစိုက်ပေးတတ်တဲ့ Hyung ၊
Anxin အပါဝင် အငယ်တွေ အားလုံး အပေါ် တရင်းတနှီး နဲ့ သေချာ ဂရုစိုက်ပေးခဲ့တာ
အဲ့အချိန်တည်းက Geonwoo Hyung က Anxin ရင်ထဲမှာ နေရာတစ်ခု ယူနေခဲ့တာ
Debut ပီးတော့ အရင်ထက် ပိုရင်းနှီးလာခဲ့ကြပီး Hyung က လည်း အန်းရှင်း ကို အရင်ထက်ပို ဂရုစိုက်ပေးတယ်
ဒါမဲ့ အန်းရှင်း ဘက် က Hyung ရဲ့ ဂရုစိုက်မှု တွေ ကို တစ်ယောက်တည်း အရောင် ဆိုးနေမိခဲ့သည်။
နောက်နေ့ အန်းရှင်း Suren တို့ နဲ့ လျှောက်လည်ဖြစ်ခဲ့ သည်။
အန်းရှင်း အနည်းငယ်နောက်ကျမှ ပြန်ရောက်လာသည်
"ပြန်လာပီလား"
စင်္ကြန်မှာ လမ်းလျှောက်နေတဲ့ Hao Ge
"ဟုတ် ကော မအိပ်သေးဘူးလား"
"မင်းကို စောင့်နေတာ နောက်ကျနေပီ နားတော့"
"ဟုတ် good night ကော"
.
.
.
Geonwoo တစ်ယောက် အန်းရှင်း တို့ အခန်းဘက် ကို တက်လာခဲ့သည်
ဆန်းဝန်း နဲ့ ဂျွန်ဆော နှစ်ယောက်တည်း ဧည့်ခန်း မှာ စကားပြောနေကြသည်
"လာ Geonwoo"
"ဂျွန်ဆော ဂျောင်း အန်းရှင်း ပြန်မလာသေးဘူးလား"
"အန်းရှင်း နဲ့ ရှင်းလုံ လေ့ကျင့်နေတုန်း ပြန်မရောက်ကြသေးဘူး"
Geonwoo တို့ ပိတ်ရက်ပြီးတည်းက ဆက်တိုက် အက လေ့ကျင့်နေရတာနဲ့ အန်းရှင်း ကို သေချာ စကားမပြောရသေးတာရော၊ အကြီး တစ်ယောက်အနေနဲ့ ကတိပေးထားပြီး မတည်နိုင်ခဲ့တာမို့ သတိရတုန်းလေး သေချာ တောင်းပန်မလို့ လာခဲ့ တာ
Anxin အခန်းထဲ ဝင်ပီး လျှောက် ကြည့်နေရင်း
တကယ့် ခလေး တွေပဲ အရုပ်တွေ၊ ဂိမ်း နဲ့ ပတ်သတ်တာတွေ ကြီးပဲ
ကုတင် စွန်း မှာ ဝင်ထိုင်လိုက်တော့ ခေါင်းအုံး အောက်မှာ တစွန်းတစ ထွက်နေတဲ့ စာအုပ်လေး Geonwoo ကြည့်လိုက်တော့
member တွေ နဲ့ ပထမဆုံး တွေ့ဆုံမှု အကြောင်းလေး တွေ ရေးထားတာ တစ်ယောက်ချင်းစီ
သူ့ကို ရော ဘယ်လို ရေးထားမလဲ သိချင်လို့ အမြန်လှန်ကြည့်လိုက်တော့ သူ့နာမည်က နောက်ဆုံးမှာ
Geonwoo တို့ ပထမဆုံး ရိုက်ကူး ရေး က စလို့ ရေးထားတာ Geonwoo ဖတ်ရင်း သဘောကျနေမိသည်
ဒါမဲ့ စာက သူများတွေ ထက်များနေတာရော ဖတ်နေရင်း မူမမှန် တဲ့ စာလုံးလေး တွေ ကြောင့် Geonwoo နောက်တစ်မျက်နှာ ကို မဝံမရဲ လှန် လိုက်မိသည်
အောက်ဆုံး နား မှာ "사랑해 건우현"
Geonwoo စာအုပ်ကို အမြန်သိမ်းကာ အခန်းကို ပြန်လာခဲ့တော့သည်
သူ အန်းရှင်းကို တကယ် ချစ်ပါသည်
သူမှ မဟုတ် Member တိုင်း ဒီလောက်ချစ်ဖို့ ကောင်းတဲ့ အန်းရှင်း ကို မချစ်တဲ့ သူမရှိ
အရမ်းတော် ပြီး ချစ်ဖို့ကောင်းလွန်းလို့ ဂရုစိုက်ပေးခဲ့တာ တွေ ဒီခလေး ကို ဒီလို အတွေးတွေ တွေးမိအောင် လုပ်မိသွားတာလား?
Geonwoo တစ်ယောက် အတွေးပေါင်းများစွာ နဲ့ စိတ်ရှုပ်စွာ အိပ်ယာဝင်ခဲ့ သည်
"ပြန်လာကြပီလား စောစော က ဂွန်းနူ တောင် ရှင်းလုံ နဲ့ အန်းရှင်း ကို မေးနေတာ"
အန်းရှင်း ဂျွန်ဆော ဟျောင်း ကို နှုတ်ဆက်ကာ ရေမိုးချိုး လိုက်သည်
ခေါင်းကို တဘက် နဲ့သုတ်နေရင်း ကုတင်နား ကို အကြည့်ရောက်မိတော့ အောက်ပြုတ်ကျနေတဲ့ Bookmark နဲ့ နေရာ ရွေ့နေတဲ့ ခေါင်းအုံး တို့ကြောင့် အန်းရှင်း ထိတ်လန့်သွားရသည်
ချက်ချင်း အပြင်ထွက်ကာ
"ဟျောင်း စောစော က ဂွန်းနူ ဟျောင်း အခန်းထဲ ဝင်သွားသေးလား"
"အင်း ခဏ ဝင်သွားတယ်"
သွားပါပီ ဟျောင်းသိသွားပီထင်တယ် အန်းရှင်း ကို စိတ်ဆိုးသွားပြီလား ဘယ်လိုလုပ်ရမလဲ၊ ခုပဲ သွားရှင်းပြလိုက်ရမလား၊ ဘယ်လိုရှင်းပြရမလဲ ကျိုးအန်းရှင်းရဲ့။
အန်းရှင်း တစ်ယောက် ရူးချင်လာပီ
နောက်ရက်တွေ လေ့ကျင့်တော့
ဟျောင်း သိသိသာသာ အန်းရှင်း ကို ရှောင်နေသည်၊ တခါတလေ ဆို နေ့လယ်စာ မှာစားတဲ့အခါတွေမှာ လည်း အတူမစား ဘဲ
တစ်ယောက်တည်း ကန်တင်းမှာ သွားစားတတ်သည်၊
အမြဲ တက်ကြွနေတဲ့ အန်းရှင်း လည်း ငြိမ်နေတာ မို့ member တွေလည်း သတိထားမိလာကြသည်
ဂျွန်ဆော ဟျောင်းက ဂွန်ုးနူး နောက်လိုက်သွားသည်
"ဂွန်းနူး ရာ အဆင်ပြေလား တစ်ခုခု ဖြစ်လို့လား"
"အာ ဟျောင်း အဆင်ပြေပါတယ်"
"ဘာကိစ္စ လဲ မသိပေမဲ့ ဂွန်းနူ မင်း ကအကြီးပဲ သေချာ လေး စကားပြောကြည့်ပါ ရှင်းနီးက လည်း ပြောရခက်တဲ့ ခလေး မှ မဟုတ်တာ"
"ဟုတ် ဟျောင်း စိတ်မပူပါ နဲ့"
