2

333 30 7
                                        

​ရုံးခန်းကျယ်ကြီးထဲမှာ စန္ဒယားတီးလုံးသံ ခပ်တိုးတိုးက ပျံ့လွင့်နေသည်။ အသားခပ်ညိုညိုလူက စားပွဲနောက်မှာ ထိုင်ရင်း စာအုပ်တစ်အုပ်ကို အာရုံစိုက်ဖတ်နေသည်။ သူ့ရဲ့ ဘေးနားမှာတော့ ငွေ့ရည်ဖွဲ့နေတဲ့ ကော်ဖီခွက်လေးက အငွေ့တထောင်းထောင်း။

"boss ရှာနေတဲ့လူ တွေ့ပါပြီ"

Fourthရဲ့ စကားကြောင့် သူက စာအုပ်ကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။ ပြီးနောက် မျက်မှန်ကို အသာအယာ ပင့်တင်ရင်း ခေါင်းကို အသာငြိမ့်ကာ နှုတ်ခမ်းဖျားက အပြုံးယောင်ယောင်လေး ဆင်မြန်းလိုက်သည်။

"သေချာရဲ့လား"

​သူ့ရဲ့ လေသံက အေးဆေးတည်ငြိမ်လွန်းသော်လည်း နားထောင်သူအဖို့ ငြင်းဆန်ရန် ခက်ခဲသော အရှိန်အဝါမျိုး ပါဝင်နေသည်။

"ဟုတ် သေချာပါတယ် လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်က bossအမေရဲ့ အရင်အိမ်ထောင်က သားဖြစ်သူကို ကျွန်တော်သေချာရှာခဲ့တာပါ"

"အင်း အခြေအနေကဘယ်လိုလဲ"

"အခြေအနေက အိမ်သေးသေးလေးတစ်ခုမှာ ငှားနေကြပြီး မိထွေးဖြစ်သူနဲ့ အတူနေနေတာပါ boss၊ အဖေအရင်းက ဆုံးသွားတာကြာပြီလို့သိရပါတယ်"

Fourth က စာရွက်စာတမ်းအချို့ကို တရိုတသေပေးတော့

"အင်း ရပြီ သွားနားတော့"

"ဟုတ်ကဲ့"

ထွက်သွားတော့မှ စာရွက်ထဲက ကောင်လေးတစ်ယောက်ရဲ့အကြောင်းနဲ့ ဓာတ်ပုံအချို့ကို သူ စိတ်ဝင်တစားကြည့်နေမိသည်။ ဒီကောင်လေးက လူကောဟုတ်ရဲ့လား။ လှလွန်းလို့ သူ့ရှေ့မှာသာရှိရင် ရင်ခွင်ထဲဆွဲဖက်ထားလိုက်မိမှာ။ အသားလေးကခပ်ဖြူဖြူလေး ပါးနုနုရဲရဲလေးကသွေးရောင်လွှမ်းနေသေးသည်။ အဝတ်ခပ်နွမ်းနွမ်းလေး ဘောင်းဘီတိုတိုလေးဝတ်ထားတာတောင် လူလေးက သန့်နေတာပဲ။

"Dunk natachai၊ မာမီ့ကို ပြောပြရမယ်"

ရုံးခန်းထဲက ထွက်လာလိုက်ပြီး အိမ်ကိုသာ တန်းပြန်လာလိုက်သည်။ မာမီသာ ဒီအကြောင်းသိရင် ဝမ်းသာရှာမှာ။ သူရှာနေခဲ့တဲ့ သူ့ရဲ့ သားအရင်းလေးကို သူတွေ့ချင်ရှာမှာပေါ့။

Has llegado al final de las partes publicadas.

⏰ Última actualización: Mar 05 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Whispers Of The Heart Historias para obsesionarse. Descúbrelo ahora